7/01/2010

ယဉ်ကျေးဝေဆာ ပြည်မြန်မာ..




ကမ္ဘပေါ်မှာ ထေရ၀ါဒဗုဒ္ဓဘာသာဆိုရင် မြန်မာပြည်နှင့် တွဲပြီးမှမှတ်သားလာရသည့်အထိ မြန်မာပြည်ကြီးက သာသနာ့တံခွန် လွှင့်တင်နိုင်ခဲ့တာ သမိုင်းအစဉ်အဆက်ဖြစ်ပါသည်။ ရွှေရောင်တွေ တဝင်းဝင်းနှင့် သာသနာ့ရောင်ဝါထွန်းလင်း တောက်ပလှသော ရွှေမြန်မာပြည်ကြီးတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာပြည်သူ ပြည်သားတို့မှာလည်း သာသနာတော်ကြီး၏ အဆုံးအမအောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ၊ ဖောရွေလိုက်လဲစွာ၊ ဖေးမကြင်နာစွာ၊ပျော်ရွှင်ကြည်နူးစွာ၊နားလည်စာနာမူရှိစွာ၊အားပေးကူညီတက်စွာနှင့် တစ်ဦးနှင့် တစ်ဦး လူသားအချင်းချင်း မေတ္တာတရား၊ ထားတက်ကြပုံမှာ ကမ္ဘာတွင် အံ့သြဘနန်း ကိုယ့်ကြငှန်းနှင့် ကိုယ်ပိုင်ယဉ်ကျေးမူ၊ ကိုယ်ပိုင် ဝတ်စားဆင်ယင်ထုံးဖွဲ့မူများနှင့် ကမ္ဘာ့အလယ်တွင် တင့်တယ်ခဲ့ကြပါသည်။

ထိုသို့ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုနေထိုင်ဝတ်စားသွားလာမူတို့သည် ဘာသာတရား၏ အဆုံးအမအောက်တွင် တည်နေကြသည်မှာ မချွတ်ဧကန် အမှန်ပင်ဖြစ်ပါသည်။ သူတော်ကောင်းတရားတွေနှင့် နားဝင်ယဉ်ကျေးသိမ့်မွေ့စွာနေတဲ့ မြန်မာတွေမှ မယဉ်ကျေးလျှင် မည်သူတွေက ယဉ်ကျေးပါဦးမည်နည်း။ မကောင်းမှုလုပ်ရမှာ၊ မကောင်းတာပြောရမှာကို ရှက်ခြင်း၊ မကောင်းသော အပြုအမှု အပြောအဆို အလုပ်အကိုင် တို့ကိုပြုမှုပြောဆို လုပ်ကိုင်ရမည်တို့ကို ကြောက်ခြင်းဆိုသည့် တရားနှစ်ပါးက မယဉ်ကျေး ယဉ်ကျေးလာအောင် မသိမ်မွေ့ သိမ်မွေ့လာအောင် သတိပေး ပြောဆိုညွန်ကြား ဆုံးမနေသလိုပင်ဖြစ်ပါသည်။

မိမိတို့၏ကိုယ်ပိုင် ဝတ်စားဆင်ယင်မှုနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် ကမ္ဘာ့အလယ်တင့်တယ်ခဲ့သော မြန်မာတို့သည် ရေမြေဥတု ယဉ်ကျေးမှုနှင့် ဘာသာကွဲပြားခြားနားလှသော အနောက်နိုင်ငံသားတို့၏ ထုံးစံဟန်ပန် နည်းစုံတို့ကို အတုယူသုံးစွဲ ဝတ်စားဆင်ယင်လာကြသည်မှာ ရှက်ရွံ့ကြောက်လန့်စရာ ကောင်းရုံမျှမက အမျိုးဘာသာ သာသနာကြီး ညှိုးနွမ်းသွားမှာကိုပင် စိုးရွံ့လှပါသည်။

ထိုကဲ့သို့ အနောက်တိုင်းယဉ်ကျေးမှု စိုးမိုးချယ်လှယ်မှုကို မြန်မာပြည်သူ လူငယ်လူရွယ်တို့ မှီဝဲနေကြသည်မှာ အဘယ်ကြောင့်နည်းဟု ဆန်းစစ်ကြည့်လျှင် အတုမြင်အတက်သင်မှုတို့ကြောင့် ဖြစ်ပါသည်။ ရှေးက မြန်မာလူမျိုးတို့သည် မိမိတို့၏သားသမီးများကို ငယ်စဉ်တောင်ကျေး ကလေးဘဝ ကတည်းက ဘာသာ၏ အဆုံးအမ၊ သာသနာ၏အဆုံးအမအောက်တွင် ယဉ်ကျေးသိမ်မွေ့စွာ လူငယ် လူရွယ်များဖြစ်လာအောင် ဘုန်းတော်ကြီးကျောင်းများသို့ စေလွှတ်ကာ စာပေပညာသင်ကြားခြင်း၊ ဥပုသ်သီတင်း ဆောက်တည်ခြင်းတို့ကို မမေ့မလျော့ ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် ပန်းထုပ်သောဖက်ပမာ မွှေးပျံ့ခဲ့ကြပါသည်။ အမျိုးသားများသည်လည်း ပုဆိုး၊ ရှပ်အဖြူနှင့် ပနံတင့်သကဲ့သို့ အမျိုးသမီးများသည်လည်း ထမီ ရင်ဖုံးရင်စေ့ ခါးတို ခါးရှည်တို့ဖြင့် ရိုးရှင်းလှပကာ ခုန်မင်နှစ်သက်ဖွယ်ကောင်းလှပါသည်။ ယခုမူ ထိုသို့မဟုတ်ခဲ့ပြီး။ လူကြီးမိဘများ သည်လည်း သားသမီးများ၏ ဝတ်စားဆင်ယင် ပြောဆိုပုံမှစ ယဉ်ကျေးသိမ်မွေ့မှုပျောက်နေပုံကို သတိမမူပဲ ခေတ်စနစ်ကိုလွဲချကာ ဥပေက္ခာပြုလျက်ရှိပေသည်။ ဘာသာတရား၏ ကျောင်းတော်ကြီးများဖြစ်သော ဘုန်းတော်ကြီးကျောင်းများသို့ မိမိတို့ကိုယ်တိုင်လည်း ရံဖန်ရံခါမှ သွားလာဘိသကဲ့သို့ သားသမီးများကိုလည်း စေလွှတ်ခြင်း မပြုခဲ့ပေ။ မြန်မာတို့နှင့် ဖီလာဆန့်ဘက်ဖြစ်သော အနောက်တိုင်းယဉ်ကျေးမူတို့သည် ထိုနယ်ပယ်များမှတဆင့် လူငယ်လူရွယ်များ၏ အတုယူစိတ်ကို လမ်းလွှဲသို့ ဆွဲဆောင်ခေါ်ယူနိုင်ခဲ့ပေသည်။

အထူးသဖြင့် မြန်မာအမျိုးသမီးများ အဓိကကျလှပါသည်။ အချို့သော မြန်မာအမျိုးသမီးများသည် မြန်မာပြည်မှာနေပြီး မြန်မာလူမျိုးတို့မှ ပေါက်ဖွားလာသောကြောင့် မြန်မာအမျိုးသမီးများဟု မှတ်ယူရပါသည်။ ထိုအမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မူ ဟန်ပန်တို့မှာ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမူဟန်ပန်များနှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အရှက်တရားတို့ကို လုံးဝမေ့ထားကြသည်နှင့် တူလှပါသည်။ ဘာသာတရား၏ အဆုံးအမနှင့် ဝေးကွာခဲ့ကြပြီးနှင့် တူပါသည်။ ရိုးရိုးရှင်းရှင်းနှင့် မြန်မာဆန်ဆန် ဝတ်စားဆင်ယင်သူများလည်း ရှိပါသည်။ အများစုမှာ တိုတောင်းသောစကပ်၊ ကောက်ညှင်းထုပ်စည်းသကဲ့သို့ ကြပ်ညှပ်လှသော ထမီစကပ် ရင်ဟိုက် ကိုယ်ကြပ် ချက်ပေါ်ကြိုးပျောက်တို့နှင့် ရှက်ဖွယ်လိလိ ပင်ဖြစ်ပါသည်။ ငွေကြေးတစ်ခုသာ ကြည့်ကာ လူမျိုးဘာသာ ယဉ်ကျေးမှုစရိုက် ကွဲပြားလှသော နိုင်ငံခြားသားများကို ပေါင်းသင်းလက်ထပ် နေကြသည်မှာ ဝမ်းနည်းစရာကောင်းလှပါသည်။ မြေမျိုပြီး လူမျိုးမကုန်နိုင်ပါ။ လူမျိုမှသာ လူမျိုးကုန်နိုင်ပါသည်။ မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုး မြန်မာ့ဓလေ့တို့ ကမ္ဘာမှာ ထင်ရှားစွာ ဆက်လက်တည်ရှိနေရန်မှာ မြန်မာအမျိုးသမီးထု၏ ကြီးမားသော သမိုင်းပေးတာဝန်ပင်ဖြစ်ပါသည်။

ယခုကား ကြောက်စရာကောင်းသော ယဉ်ကျေးမှုတို့ကြောင့် သာသနာ့နယ်မြေတို့သည်လည်း ပန်းခြံကဲ့သို့ ဖြစ်ချင်တိုင်း ဖြစ်နေပါသည်။ "မြက်ခင်းပေါ် မနင်းရ" ဆိုသောစာသည် စည်းကမ်းမရှိသော၊ ယဉ်ကျေးမှုသိမ်မွေ့မှု မရှိသောသူတွေရှိနေသည့် အတွက် ရေးထားရခြင်း ဖြစ်ပါသည်။ ကိုယ်ပိုင်အသိစိတ်ဓာတ်နှင့် ဆင်ခြင်တုံတရားရှိနေမည်ဆိုလျှင် ထိုစာတန်းများကို ရေးသားရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူစွာ ဘုရားစေတီစောင်းတန်း စသော သာသနာပိုင်နယ်မြေ များပေါ်တွင် အတွဲများ မဖွယ်မရာပြုမှုခြင်းများကို ဖမ်းဆီးဖယ်ရှားနေရသည်မှာလည်း ဘာသာတရားထွန်းကားဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ရှယ်ဖွယ်လိလိ ပင်ဖြစ်ပါသည်။ အခြားဘာသာကြီးများ၏ အဆောက်အဦးများဖြစ်သော ဗလီ၊ ချပ်ကျောင်းများတွင် ထိုဘာသာဝင်တို့ ယင်းသို့ပြုမှုဆောင်ရွက်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရလေလေ ရှက်ရွံ့ဝမ်းနည်း ဒေါသထွက်ရလေလေ ဖြစ်ပါသည်။ ထိုကြောင့်ကိုယ်ပိုင် အသိစိတ်ဓာတ် နှင့် ဆင်ခြင်ကြလျှင် အကောင်းဆုံး ဖြစ်မည်ဟု ထင်မိပါသည်။

ဝတ်စားဆင်ယင်မှုကို လုံခြုံစွာ ဝတ်စားဆင်ယင်သင့်ကြပါသည်။ အကွဲအပြဲ အဖော်အဟိုက်များသည် မလိုလားအပ်သော ဘေးရန်များ ဝင်ရောက်စေနိုင်ပြီး ရန်သူတို့ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေပါသည်။ ”ဖုံးကွယ်ထားသော အရာသည် လှစ်ဟဖော်ထုတ်ထားသော အရားများထက် များစွာ တန်ဖိုးကြီးမားလှပါသည်။ ရွှေထက်ပင် တန်ဖိုးကြီးမှားလှသော မိန်းမတို့၏ သိက္ခာတရားများကို ဖော်ထုတ်ပြသနေခြင်းသည် လှပလာခြင်းမဟုတ်ပဲ ပျက်စီးလာခြင်းပင် ဖြစ်ပါသည်။ ဘာသာရေးတရားအရ ကြည့်မည်ဆိုလျှင်လည်း တဏှာဆိုသော ညစ်ညမ်းမှုကြီးပင်ဖြစ်ပါသည်။”

မြန်မာတို့၏ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကို မပျေက်မပျက်ရလေအောင်၊ တခြားဘာသာဝင်များ အနေဖြင့် မိမိတို့ ဘုရားကျောင်းကန် သာသနာ့ နယ်မြေများကို လေ့လာဝင်ထွက် မှတ်သားထားသည့်အခါ မေးငေါ့ရှုတ်ချစရာ မဖြစ်အောင်၊ ကမ္ဘာပေါ်တွင် ထေရဝါဒဗုဒ္ဓဘာသာကြီး မကွယ်မပျောက်ရလေအောင်၊ ဗုဒ္ဓဘာသာကြီးနှင့် ယှဉ်တွဲမှတ်သားရသော မြန်မာပြည် မြန်မာလူမျိုးတို့ မပျောက်ဆုံးမတိမ်ကော သွားရလေအောင် မြန်မာပြည်သူပြည်သား အားလုံး သမိုင်းပေးတာဝန်တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက်သင့်လှပါသည်။ နိုင်ငံတော် တက္ကသိုလ် ကျောင်းသားကျောင်းသူများကို မြန်မာဆန်ဆန် ဝတ်စားဆင်ယင်စေပြီး မြန်မာ့တက္ကသိုလ် ကျောင်းတော်ကြီးများ၏ အလှပေါ်အယဉ်ဆင့် စေခဲ့သည်မှာ ဝမ်းသာကြည်နှုးခဲ့ရပါသည်။ ထို့ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် ဘာသာသာသနာအကျိုးကို ရှေးရှုပြီး ဘုရားကျောင်းကန်စေတီပုထိုးများနှင့် သာသနိက အဆောက်အဦးများ ဝတ္တကနယ်မြေများပေါ်တွင် ဝတ်စားဆင်ယင်မှုမှအစ ပြုမှုဆောင် ရွက်နေထိုင်မှုများအားသတိပြုဆင်ခြင်သင့်ပါကြောင်း အကြံပေး တိုက်တွန်းရေးသားလိုက်ရပါသည်။

၂၀၀၅-ဒီဇင်ဘာ-၆ရက်..ဓမ္မဝီရဂျာနယ်မှ...မှီငြမ်းရေးသားထားပါသည်။

အဖေ,အမေ မြန်မာသွေးမို့၊ မြန်မာမလေး အစစ်ပါရှင်၊
မြန်မာဆန်အောင် တမင်ရွေးလို့၊ စပယ်လေးလို့ နာမည်တွင်။
မြန်မာ့အမြင် ရှုမငြီးအောင်၊ ကြက်တောင်စီးနှင့် အလှပြင်၊
မြန်မာ့ရိုးရာ သနပ်ခါးနဲ့၊ ပါးကွက်ကြားလေး ပါးမှာတင်။
ရင်ဖုံးအကျီ ချိတ်ထမီအလှနဲ့၊ မြန်မာပီသ ဝတ်စားဆင်၊
သူများဟန်ပန် ဘယ်မတုနဲ့၊ ကိုယ့်ယဉ်ကျေးမှု ကိုယ်ချစ်ခင်။
ရှုတိုင်းယဉ်...ရှုတိုင်းယဉ်..
၂၀၀၇-မေလ-၈ ရက်...ဓမ္မဝီရဂျာနယ်မှ.......

6/30/2010

မျက်နှာသည် စိတ်၏ကိုယ်စားလှယ်..




ကိုယ့်မျက်နှာက ကိုယ့်ရဲ့စိတ်ဓာတ် အခြေအနေကို ဖော်ပြနေတာဖြစ်လို့ ကိုယ်စိတ်ကောင်းရှိသလား၊ မရှိဘူးလားဆိုတာကို သူများက သိရှိပြီး ကိုယ့်ကို ချစ်ခင်ခြင်း၊ မုန်းတီးခြင်း ဖြစ်နိုင်တယ်။ သူများရဲ့ ခင်မင်မှု၊ ယုံကြည်မူကိုရချင်ရင်စိတ်ကောင်းထားပါ၊ ကိုယ်ချင်းစာပါ၊ မေတ္တာပွားပါ၊

မျက်နှာလိုပဲ ကိုယ့်ရဲ့အမူအရာနဲ့ ကိုယ်၏စကားသံကလည်း ကိုယ့်စိတ်ဓာတ် အခြေအနေကို ဖော်ပြနေတာဖြစ်လို့ ကိုယ်အမူအရာယဉ်ကျေးဖို့ နုတ်အပြောအဆိုချိုသာဖို့ အင်မတန် အရေးကြီးပါတယ်၊ လိုရင်းကတော့ တက်နိုင်သမျှ စိတ်ကောင်းထားဖို့ပါပဲ၊

ဥာဏ်၊ဝီရိယစိုက်ပြီး ကြိုးစား၊ နည်းလမ်းလည်း မှန်ကန်လျက်သားနဲ့ သူများအောင်မြင်သလို ကိုယ်မအောင်မြင်ဘူး လုပ်လိုက်တိုင်း အလွဲလွဲအချော်ချော် ဖြစ်နေပြီးဆိုရင် ခင်ပွန်းကြီး ဆယ်ပါး တစ်ပါးပါးကို ပြစ်မှားမိသလား၊ မပြစ်မှားမိသလားဆိုတာ စဉ်းစားပါ၊ ပြစ်မှားမိတယ်ဆိုရင် ကန်တော့တောင်းပန်လိုက်ပါ၊ အစစအရာအရာ အဆင်ပြေလာပါလိမ့်မယ်။

ခင်ပွန်ကြီး(၁၀)ပါး= မိတ်ဆွေကောင်းကြီး (၁၀)ယောက်

၁-မြတ်စွာဘုရား
၂-ဘုရားငယ်ခေါ် ပစ္စေက
၃-ကိလေသာအာသဝေါကုန်ပြီးသော ရဟန္တာ
၎-မြတ်စွာဘုရား၏ လက်ဝဲရံ၊လက်ျာရံခေါ်တပည့်များ
၅-မိခင်
၆-ဖခင်
၇-မိမိထက်အသက်ကြီးသူ၊ သီလ၊သမာဓိ၊ပညာဂုဏ်အားဖြင့်ကြီးမြတ်သူ
၈-မိမိအား သွန်သင်ဆုံးမ ပညာသင်ပေးသော ဆရာ-ဆရာမ
၉-မိမိအပေါ် တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
၁၀-မိမိအား တရားဟောပေးသူ တရားဟောဆရာ

ခင်ပွန်းကြီး (၁၀) ပါးကို ပြစ်မှားလျင် သိလို့ပဲဖြစ်ဖြစ် မသိလိုပဲဖြစ်ဖြစ် အထက်ပါခင်ပွန်းကြီး (၁၀) ပါးကို ပြစ်မှား စော်ကားလျှင် အောက်ပါ ဒုက္ခဆိုးကျိုးများဖြစ်တဲ့

၁-ပြင်းထန်သော ခေါင်းကိုက်နာစသည် စွဲကပ်ခြင်း
၂-စည်းစမ်ဥစ္စာများ ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း
၃-မျက်စိ၊နား၊နှာ၊လက်၊ခြေအင်္ဂါချို့တဲ့ပျက်ဆီးခြင်း
၎-ဆေးကုမရနိုင်သော အနာရောဂါများ စွဲကပ်ခြင်း
၅-စိတ်ပျံ့ စိတ်လေ ရူးသွပ်ခြင်း
၆-မင်းပြစ်မင်းဒဏ်သင့်ခြင်း
၇-ပြင်းပြင်းထန်ထန် ထိထိခိုက်ခိုက် စွပ်စွဲရခြင်း
၈-ဆွေမျိုးမိတ်သင်္ဂဟများ သေကြေပျက်စီးခြင်း
၉-စည်းစိမ်ဥစ္စာ၊အခြွေအရံ၊ နောက်လိုက်တပည့်များ သေကြေပျက်စီးခြင်း
၁၀-အိုးအိမ်တိုက်တာ အဆောက်အဦး မီးလောင်ပျက်စီးခြင်း စသော
ဒုက္ခဝေဒနာများကို ခံစားရပါလိမ့်မည်။

11/23/2009

သွေးသည်အသက်


စာရေးသူ ဒီပို့စ်လေးကို ဘလော့စာမျက်နှာပေါ်မှာ အစပထမ မရေးတော့ဘူး မတင်တော့ဘူး စသည်ဖြင့် ဆုံးဖြတ်ထားခဲ့ပါသည်။ ဘာကြောင့်လည်းဟု ပြောဆိုလာရင်ဖြင့် သွေးလှူတာကိုများ ဘလော့ထဲမှာ ရေးပြီး ကြွားတယ် ၀ါတယ်ဟု တစ်ချို့သော သူများ စာရေးသူ၏ အပေါ်မှာ တွေးမိကြ မြင်မိကြ သောအခါ ကုသိုလ်စိတ်မဖြစ်မိပဲ အကုသိုလ်စိတ် ဖြစ်ပွားသွားမည် ဆိုးသောကြောင့်ဖြစ်ပါသည်။ သို့ပေမယ့်လည်း သီရိလင်္ကာနိုင်ငံ အင်တာနေရှင်နယ် သွေးလှူဘဏ်မှာ စာရေးသူ၏ မျက်မှောက် သွေးလှူနေချိန်တွင် ဖြစ်ပွားနေခဲ့သော ကိုယ်တွေ့ အကြောင်းအရာလေးများကို စာဖတ်သူတို့အား သိစေချင်သော အတွက်ကြောင့် သာလျှင် ဒီပို့စ်လေးကို စာဖတ်သူတို့ မျက်မှောက်သို့ ရောက်အောင် ရေးလိုက်မိပါကြောင်း...........။

ယနေ့ ၂၃-၁၁-၂၀၀၉ ရက်သည် စာရေးသူ၏ အသက် ၂၇ နှစ် အတွင်း အကြိမ်၂၀ မြောက်သွေးလှူဒါန်းခြင်းနေ့ ဖြစ်ပါသည်။ သို့အတွက်စာရေးသူ အိပ်ရာမှ စောစောထပြီးလျှင် ဈေးသို့သွားကာ ဆေးရုံရှိ မရှိဆင်းရဲသော လူနာများအား လှူဒါန်းရန် နိုင်သလောက် ပစ္စည်းအချို့ကိုသွား၍၀ယ်ခဲ့ပါသည်။ (လေးလတစ်ကြိမ် သွေးလှူဒါန်းရန်သွားသည့်အခါတိုင်း ဆင်းရဲသော လူနာများအတွက် နိုင်သလောက် ဤကဲ့သို့ ၀ယ်၍သွားခဲ့ပါသည်။)

အချိန်က နံနက်ကိုးနာရီပတ်ဝန်ကျင် ရာသီဥတုက ယနေ့တွင် ဖေါက်ပြန်နေသောကြောင့် မိုးပဲရွာတောမလိုလို နေပဲ ပူတော့မလိုလိုနှင့် သာယာခြင်းမရှိ အုံးဆိုင်းကာ ဖြစ်လျက်နေပါသည်။ သွားနေကြအတိုင်း အဆောင်မှာ ကားငှားပြီး ဆေးရုံသို့ သွေးလှူရန်အတွက် သွားခဲ့ပါသည်။ ယနေ့ ထူးထူးခြားခြား ဆေးရုံး၏ဘေး လမ်းကြားထဲ နှင့် ကားလမ်း၏ဘေးများတွင် လူများစွာတန်းစီနေကြသည်ကို တွေ့လိုက်ရပါသည်။ သွေးလှူဘဏ်သို့ရောက်သောအခါ ပုံမှန်အတိုင်း သွေးဖောက်ခန်း၏ အတွင်းသို့ရောက်သောအခါ လူတွေအများကြီးဖြစ်နေသောကြောင့် မေးမြန်းကြည့်ရာ တိုက်ပွဲတွင် ဒဏ်ရာရသော စစ်သားလူနာရှင်မိဘများ နှင့် အရပ်သားလူနာရှင်မိဘမောင်နှစ်မများသည် လူနာများ ခွဲစိတ်နိုင်ရန်အတွက် သွေးအရေးတကြီး လိုအပ်နေသောကြောင့် လူနာရှင်များသည် ဆေးရုံ၏ အတွင်းသို့ဝင်နေရန်ခွင့်မရှိ၍ ညကတည်းက အပြင်ကားလမ်းမဘေးမှာ ဖြစ်သလိုနေပြီး သွေးရရန်အတွက် ဒီမှာ စောင့်ဆိုင်းနေကြပါသည်ဟုပြောပါသည်။


ညကတည်း ကဆို၍ စာရေးသူ အံ့အြသွားခဲ့ရပါသည် ဘာကြောင့်လဲဆိုရင်ဖြင့် သီရိလင်္ကာမှာ ယခုအချိန်သည် မနက် နေ့လည် ပိုင်းထက် ညနေပိုင်းမှ မိုးလင်းအထိသည် မိုးများသီးထန်စွာ ဆက်တိုက်ရွာသွန်းနေသော အချိန်ရာသီဖြစ်သောကြောင့် ဖြစ်ပါသည်။ အမိုးအကာမရှိ ဖြစ်သလိုမျိုး နေကာ အ၀တ်အစာများ မိုးများစိုရွဲကာဖြင့် သွေးလှူဒါန်းမည်သူများကို စောင့်ဆိုင်နေသော လူတန်းစုကို မြင်လိုက်ရသောအခါ ခံစားချက်ရေယဉ်လှိုင်း တစ်ခုသည် ရင်ထဲမှာရှိသော နှစ်လုံးသားဆိုင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာခဲ့ပါတော့သည်။ ဤကဲ့သို့ မိုးထဲလေထဲ တညလုံး ကားလမ်းဘေးတွင် ဖြစ်သလိုနေ ဖြစ်သလိုအိပ်ကာ သွေးရရှိရန် အတွက် တန်းစီကာစောင့်ဆိုင်းနေကြသော လူတန်းစုထဲတွင် ချမ်းသာသော လူတန်းစားများ ပါဝင်လိမ့်မည်မဟုတ်ဟုလည်း တဆက်တည်း တွေးဖြစ်လိုက်ပါသည်။

ယခုသီရိလင်္ကဆိုသော နိုင်ငံတွင်းမှာလည်း မိမိ၏သွေးကို ပိုက်ဆံမယူပဲ စေတနာဖြင့် လှူဒါန်းသူများရှိသလို ပိုက်ဆံနှင့် ရောင်းချပြီး မိသားစု၏ ၀မ်းရေးကို ဖြေးရှင်းနေ ကြသူများလည်းရှိပါသည်။ နိုင်ငံအတွင်းမှာ ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်ခြင်း တိုက်ပွဲတွေလည်း ဟိုတစ်စု ဒီတစ်စု ဆက်တိုက်ဖြစ်ပွားနေခြင်း များကြောင့် ဆေးရုံးဆေးခန်းများတွင် လူနာများသည် အရင်ကနှစ်များထက် များပြားလာသောအခါ သွေးလှူဘဏ်များ၌လည်း သွေးများပျက်သွားခဲ့ရသလောက်နီးပါး ဖြစ်နေသည့်အတွက်ကြောင့် ပုံမှန်အလကားရနေသော ဌာနများ၌ သွေးကိုမရ၍ အပြင်မှ လှူဒါန်းရန် သွေးလှူဘဏ်သို့ ရောက်လာသာ လူများကို မိမိဘက်သို့ ရောက်လာစေရန် ငွေရှိသူများက ငွေများနှင့် ဖိ၍ လုပ်လိုက်သောကြောင့် ဆင်းရဲသောမိသားစုများသည် သွေးရရှိရန်အတွက် ဒုက္ခဖြစ်သွားခဲ့ရပါသည်။ ချမ်းသာသောသူများကတော့ ငွေနှင့်အလွယ်တကူ သွေးလှူသူများထံမှ တိုက်ရိုက် ၀ယ်ယူကာ မိမိလူနာများ အသက်ရှင်နိုင်ရန်တွက် သွေးကို လူနာများသို့ အချိန်မှီသွင်းပေးကြရပါသည်၊ ယခုလောလောဆယ်တွင် ဆေးရုံတွင်လည်း သွေးမရှိသောကြောင့် ဆင်းရဲသားများမဆိုထားနှင့် ငွေရှိသူမျာတောင် သွေးရရှိရန် အခတ်တွေ့နေကြရပါသည်ဟု တာဝန်ခံဆရာဝန်က ပြောပြခဲ့ပါသည်။ ပို၍ အခတ်တွေ့သွားသည်က မ၀ယ်နိုင်သော ဆင်းရဲသားများအတွက်ဖြစ်ပါသည်။ စာရေးသူ၏သွေးက (အေ) သွေးဖြစ်သောကြောင့် ဆရာဝန်က အရှင်ဘုရား ကြိုက်သောလူနာရှင်ကို ရွှေးပေးပါဆို၍ အပြင်သို့ ထွက်လိုက်သောအခါ (အေ) သွေးလူနာရှင်များ အနားသို့ ၀ိုင်းအုံးလာပြီးလျှင် ငိုရင်းဖြင့် သွေးလှူရန် သို့မဟုတ် ရောင်းပါရန် အလုအယက်ပြောလာခဲ့ကြပါသည်။

စာရေးသူ ထိုအရေးတကြီးလူနာများကို တစ်ယောက်ထဲလှူ၍ မရသောကြောင့် ဤကဲ့သို့ရွေးချယ်လိုက်ပါသည်။ စစ်သား၊ ချမ်းသာသောအရပ်သား၊ မချမ်းသာသောလည်း အသင့်အတင့်ရှိသောသူများ။ ထိုသူများကို ဖယ်ရှားလိုက်ပါသည်။ စစ်သားများသည် အစိုးရက ကြည့်နေမှာမဟုတ်ပါ ထို့အတူ ချမ်းသာသောသူများသည်လည်း သွေးကို ရောင်းမည်သူများထံမှ ငွေနှင့်အလွယ်တကူ ၀ယ်နိုင်ပါလိမ့်မည်။ သို့အတွက် ဆင်းရဲသားများအတွက်ကို ဦးစားပေးခဲ့ပါသည်။ ဆင်းရဲသူများကိုရွှေးနေရင်းဖြင့် အမျိုးသမီးကြီးတစ်ဦးက အနားကပ်လာပြီးလျှင် သူမမှာအလုပ်မအား၍ အရှင်ဘုရားထံကနေ သွေးကို ၀ယ်ချင်ပါသည် ၁သောင်းပေးပါမည် အပြန်ကားနှင့်လည်း လိုက်ပို့ကာပေးပါမည် စသည်ဖြင့်ပြောလာပါသည်။ ထိုပြောလာသော ၁-သောင်းသောငွေသည် ဒေါလာ ၁၀၀ နီးပါးမျရှိ၍ အကယ်၍များ ထိုအမျိုးသမီးကြီးအား ရောင်းလိုက်မိပါက နိုင်ငံရက်ခြားမှာ ပညာသင်ကြားနေသော စာသင်သား တစ်ယောက်အတွက် အတော်လေးကို အစဉ်ပြေသွားမည့် အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ဒါကိုလည်း နိုင်ငံခြားမှာ ပညာသင်ကြားနေသော ကျောင်းသူ ကျောင်းသားများ သိကြမှာပါ။ သို့ပေမယ့် ထိုအမျိုးသမီးကြီးကို ပြုံးကြည့်ကာ စာရေးသူ ငြင်းပယ်လိုက်ပါသည်။

ထိုသို့ ငြင်းပယ်ပြီးနောက် ဆင်းရဲသားများထဲမှာ မည်သူကို လှူဒါန်းရကောင်းမလဲဟု စဉ်းစားနေတုန်း ဒုတိယအကြိမ် အနားသို့ တုန်တုန်ရင်ရင်ဖြင့် ရောက်လာသောသူကို ကြည့်လိုက်မိတော့ ဟောင်းနွမ်းနေသော အ၀တ်အစားကို ၀တ်ဆင်ထားသော အဘွားအိုကြီးတစ်ဦး အရေပြားများ တွန့်လိမ်နေသော အိုစာနေသောခန္ဓာကိုယ်၊ နီရဲလျက်ရှိနေသောမျက်လုံးများ၊ နှစ်ဘက်သော ပါးပြင်ပေါ်တွင် အလိမ်လိမ့်ကျဆင်းနေလျက်ရှိသော မျက်ရည်ကြည်ဥကလေးများ နှင့် မခြောက်တစ်ခြောက် မျည်ရည်စီးချောင်းကလေးများ ၊ သောကဝေဒနာများဖြင့်ဖုံးလွှမ်းနေသော မျက်နှာပြင်၊ တုန်တုန်ရင်ရင်ဖြင့် အရေးကြီးသောပစ္စည်းတစ်ခု အောက်သို့ကျကာ ပျောက်သွားမည်ကို စိုးရိမ်သည့်အလား လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ထားသော အရာဝထ္ထုတစ်ခုနှင့်အတူ မထင်မှတ်ပဲ ကြားလိုက်ရေသော ( Hello, How are you my son? I'm.....) ဟု ပီသ ရှင်းလင်းသော အင်္ဂလိပ်သံဖြင့် အသံပြု လက်အုပ်ချီ ဦးချကာ နုတ်ဆက်ပြီး မျက်နှာလေးမော့ကာ နီရဲပြီး မျက်ရည်များရစ်ဝိုင်းနေသော မျက်လုံး၊ တုန်ရင်နေသော အသံလေးဖြင့် အဘွားအသက် ၇၆ နစ်ရှိပါပြီး အသက် ၂၅ နှစ်ရှိသော မြေးလေးနှင့်အတူနေပါတယ် ၊ မထင်မှတ်ပဲ လွန်ခဲ့သောညတညမှာ အဘွား၏မြေး လမ်းမှာ တွန်းလှည်းနှင့်ပစ္စည်းတွေ လိုက်ရောင်နေတုန်း ကားတိုက်မှုဖြစ်ကာ ဆေးရုံးသို့ ရောက်နေပါတယ် ဘယ်ကားတိုက်သွားသည်ကိုလည်း မမှတ်မိ ကားသမားကလည်း ထွက်ပြေးသွားသော အတွက်ကြောင့် အဘွားကိုယ်တိုင် လိုက်လုပ်ပေးနေရပါသည်ဟု စာရေးသူကို ထိုကဲ့သို့ ပြောလာပါသည်။

ဆေးရုံးက ဆင်းရဲသားတွေအတွက် အလကားဆိုပေမယ့်လည်း စားစရိတ် သွားစရိတ် လာစရိတ်စသည်များကိုတော့ အဘွားတို့ကိုတိုင် ကိုယ်ဘာသာကို ဖြေရှင်းရပါတယ်သား၊ အဘွားတို့ကဆင်းရဲသည့်အတွက် ဒီလောက်ကလေးကိုတောင် မတက်နိုင်ခဲ့ပါဘူး။ အဘွားကျန်းမာရေးလည်း သိပ်မကောင်းတော့ လမ်းလည်းမြန်မြန်မလျှောက်နိုင်ဘူး ဖြစ်နေတယ် ဆေးရုံနှင့်အဘွားတို့နေအိမ်က နည်းနည်းဝေးတဲ့အတွက် အိမ်ကို မပြန်နိုင်ပဲ ဟောဒီဆေးရုံနားမှာပဲ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး အဘွားမြေးလေးကို ကြည့်နေရတာပါသားရယ် အဘွားယခုတောင် ထမင်းမစားရသေးပါဘူး မနေ့ကတည်းပါ စာလည်းမစာပါဘူး၊ စာရေးသူကနေ အဘွားမှာ ဆွေမျိုးသားချင်းများမရှိဘူးလားဟု မေးလိုက်သောအခါ ရှိပါတယ် ဆင်းရဲတော့ သူတို့က ဂရုမစိုက်ကြပါဘူး ၊ ဒါကြောင့် မြေးလေး သွေးသွင်းဖို့အတွက် သွေးရရန်အတွက် အကူအညီမရှိပဲ အဘွားတစ်ယောက်ထဲ ခုလိုမိုးရွာထဲမှာ ညကတည်းကနေ ယခုအချိန်ထိ ကားလမ်းနဘေးမှာ အိပ်ပြီးစောင့်နေတာပါ၊ အဘွားက အသက်ကြီးတော့ လှူတဲ့သူလာလည်း လှူမည့်သူထံကို သူများတွေလို အမြန်မသွားနိုင်ဘူး ထို့အတွက်ကြောင့် ယခုအထိတိုင် သွေးမရသေးပါဘူးငါသားရယ်ဟု မျက်လုံးအိမ်မှ ပါးပြင်ပေါ်သို့ ဆက်တိုက်ကျဆင်းလာသောမျက်ရည်၊ ခံစားချက်ပြင်းပြင်း တုန်ရင်သော အသံ စသည်ဖြင့် ပြောပြလာသောအခါ ရင်ထဲတွင် ပြောမပြနိုင်လောက်အောင်ခံစားမှုများဖြစ်လာ ယုံတင်မကပဲ မျက်ရည်များဝေ့၀ဲလာတဲ့ အထိခံစားခဲ့ရပါသည်။

စာရေးသူချက်ချင်း ဆုံးဖြတ်ချက်ကို ချလိုက်ပါသည် ဝေ့၀ဲလာသောမျက်ရည်များနှင့် အတူ အေးဆက်ဆက်ဖြစ်နေသော အဘွား၏လက်ကလေးကို ကိုင်လိုက်ပြီး စိတ်မပူပါနဲ့ အဘွားရယ် ဦးဇင်း အဘွား၏မြေး အတွက်သွေးကို လှူပေးမည်လို့ပြောလိုက်သောအခါ မျက်ရည်များကြားထဲမှ ဖြစ်ပေါ်လာသော အပြုံးပွင့်တစ်ပွင့်ကို သောကတွေ ဖုံလွှမ်းနေသော မျက်နှာပြင်ပေါ်မှာ တွေ့မြင်လိုက်ရပါသည်။ သို့အတွက်ကြောင့် ၀မ်းသားအားရနှင့် အဘွားလက်ကို တအားဆုပ်ကိုင်မိလိုက်ပြီး အပြုံးနှင့်အတွ အားပေးလိုက်သောအခါ သူမလက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသော အရာဝထ္ထုလေးတစ်ခုသည် အောက်သို့ဒေါက်ဆို ပြုတ်ကျသွားကာ လိမ့်ကာလိမ့်ကာဖြင့် စာရေးသူ၏ ခြေထောက်နားသို့ ရောက်လာခဲ့ပါသည်။ ဘာများ ဖြစ်မလဲဟု ကောက် ခါကြည့် လိုက်မိသောအခါ မြင်လိုက်ရသည့်ကား နားထောင်လေးတစ်ဘက်၊ အဘွားဒီနားကပ်ကလေးတစ်ဘက်က ဘာလုပ်တာလည်းဟု မေးကာကြည့်လိုက် တော့ နားကပ်တစ်ဘက်က ရောင်းပြီးသွားပြီး ကျန်တဲ့ ဒီတဘက်ကိုရောင်း ပြီး ရလာသောငွေလေးနှင့် အဘွားမြေးအတွက် အကယ်၍ သွေးအလကားလှူမည်သူမရှိခဲ့လျှင် ရောင်းမည်သူထံကနေ ၀ယ်မလိုပါ သားရယ်ဆိုပြီး ပြောခဲ့ပါသည်။ အဘွားက အရေးမကြီးပါဘူး တကယ်လို့များ ဒီနေ့မှ သွေးသာ အလွယ်တကူ မရခဲ့လျင် မြေးအတွက် မလွယ်ဘူးဆိုပြီး ငိုကာပြောပြခဲ့ပါသည်။ ဒီအချိန်မှာ တုန်တုန်ရင်ရင်ဖြင့် ငိုနေသော အဘွားအိုကိုကြည့်ကာ အကယ်၍များ ဤအဘွားအိုသည် စာရေးသူ ၏ အဘွားဖြစ်နေခဲ့လျင်.....။

စာရေးသူ မခံစားနိုင်အောင်ဖြစ်သွားမိခဲ့ပါသည်။ ဒီလိုဖြစ်နေသော မိသားစုများ တစ်ကမ္ဘာလုံးဘယ်လောက်တောင် ရှိလိမ့်မလည်းလို့လည်း တွေးမိခဲ့ရင်း တစ်ဆက်တည်း စိတ်မကောင်းဖြစ်ခဲ့မိပါသည်။ အဘွားပြောလာသော မြေးလေးအတွက် သွေးလှူဖြစ်သွားခဲ့သလို ပါလာသော ပစ္စည်းများကိုလည်း ပေးလှူခဲ့ပါသည်။ ငွေလည်း အနည်းငယ် ထပ်ပြီးပေးခဲ့ပါသည်။ သွေးလှူနေရင်း အဘွားမြေးလေး ကျန်မာရေးမြန်မြန် ကောင်းပါစေလို့ လည်း ဆုတောင်းလိုက်မိပါသည်။

သွေးလှူပြီး၍ အဆောင်သို့ပြန်ရောက်သောလည်း စိတ်မကောင်းဖြစ်နေဆဲဖြစ်ပါသည်။ အကြိမ် ၂၀ အတွင်းသွေးလှူဒါန်းရာတွင် ဒီတကြိမ်တွင် စာရေးသူအတွက် အမှတ်တရ ဖြစ်သွားသလို ဆေးရုံများတွင် လူနာများအတွက် မရှိမဖြစ်သွေး များလိုအပ်နေကြောင်းကိုလည်း ထပ်ပြီး နားလည်ခဲ့မိပါသည်။ကျန်းမာရေး ကောင်းသော သူများထံမှ သွေးများမရရှိပါက လူနာများအတွက် အသက်ရှင်နိုင်ရန်မှာ မလွယ်ကူလှပါဘူး။ သွေးသည် အထူးကိုလိုအပ်လှပါသည်။ အထူးသဖြင့် ဆင်းရဲသော လူနာများ အသက်ရှင်နိုင်ရန် အတွက် ဖြစ်ပါသည်။ ဆင်းရဲသားများ ငွေမနိုင်၍ အချိန်မှီသွေးကိုဝယ်ပြီး လူနာအတွက် မသွင်းနိုင်ခဲ့ပါလျင်............

သွေးလှူသော ကုသိုလ်တရားသည် ဘာဖြစ်သည် ညာဖြစ်သည် စသည်ဖြင့် စာရေးသူမရေးလိုတော့ပါ မရေးလည်း အားလုံးက ကောင်းကောင်း သိကြမယ်လို့ မျော်လင့်ပါတယ်။ ဒါကြောင့် စာရေးသူပြောချင်တာသည် သွေးကို ရောက်တဲ့နေရာ မှာ လှူဒါန်းပေးကြပါလို့ တိုက်တွန်းချင်ပါသည်။ စာဖတ်သူများကို နောက်တစ်ခု ပြောချင်သည်က သွေးလှူရင် အသက်တိုသည် ဆိုသော အတွေးမျိုးကိုလည်း မတွေးစေချင်ပါ။

သွေးလှူသော စနစ်အသစ်ကို ဆေးရုံရှိ ဆရာဝန်များက ပြောပြလာ၍ အလွန်အန္တရာယ် များပေမယ့်လည်း စာရေးသူ အသင်းဝင်အဖြစ် ရဲရဲဝင့်ဝင့် ၀င်ရောက်ခဲ့ပါသည်။ ဘာလည်းဆိုရင်ဖြင့် သွေးကိုလှူသောအခါ တစ်ကိုယ်လုံးရှိ အိုဟောင်းနေသော သွေးများ ဆဲလ်များကို သူတို့က အစတွင်သွေး အသစ်နှင့်အဟောင်း ချက်ချင်းလဲလိုက်ပါသည်။ တစ်ဘက်ကထုတ် တဘက်ကနေ သူတို့၏ ဆေးဖြူရည်များကို ခန္ဓာကိုယ်ထဲသို့ ဆက်တိုက်သွင်းပေးနေပါသည် ။ လဲချိန်သည် ၁ နာရီကျော်ကျော်ကြာပါသည်။ နောက်မှာ ပြန်ပြည့်ဝလာသော သွေးအသစ်များကို သူတို့က ခန္ဓာကိုယ်ထဲမှ တစ်ပုလင်းထုတ်ယူပါသည်။ ဒါကြောင့် ပုံမှန် ၄ လကို တစ်ကြိမ်မှသာ လှူရသောသွေးသည် ၂ ပါတ် ( ၁၄) ရက်တွင် တစ်ကြိမ်ဖြင့် တစ်နှစ်ကို ၂၄ ကြိမ်လှူဒါန်းနိုင်ပါသည်။ စာရေးသူ ဤကဲ့သိုလှူဒါန်းမည် ဟုလက်မှတ်ထိုးကာ အသင်းဝင်ခဲ့ပါသည်။ အသက် ၄၀ ပါတ်ဝင်ကျင်ဆိုရင်ဖြင့် နောက်ထပ်လှူဒါန်းခွင့်မရှိတော့ သောအကြောင်းနှင့် ဆေးရုံးကလည်း ခွင့်ပြုလိမ့်မည်မဟုတ်ဟု ပြောပြလာပါသည်။

ယခုစာရေးသူ ဆိုရင်ဖြင့် အသက် ၂၇ အတွင်းမှာ မြန်မာမှာ ၁၄ ကြိမ်။ သီရိလင်္ကာမှာ ၆ ကြိမ်။ အားလုံး အကြိမ် ၂၀ ရှိပါပြီး။ စာဖတ်သူတွေအားလုံးကို စာရေးသူ၏ ကုသိုလ်များကို အမျှပေးဝေလိုက်ပါသည်။ သာဓုခေါ်ကြရင်းဖြင့် တန်ဖိုးရှိသော အသက်များကို သွေးလှူရင်း ဖြင့်ကယ်တင် နိုင်ကြပါစေ...




11/06/2009

ကမ္ဘာကြီးမပျက်ခင်တစ်လအလို..




၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ ဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်ထားသော မာယာပြက္ခဒိန်နှင့် ( video)

ဘုန်းဘုန်းဘုရား.. ကမ္ဘာမပျက်ခင် တစ်လအလို ဒါမှမဟုတ် သေခြင်းတရားကို ရင်ဆိုင်ရန် တစ်လအလိုမှာ ဘုန်းဘုန်းအနေနဲ့ ပြုမူဆောင်ရွက်မယ့် အပြုအမူ တွေကို အဆုံးအမအနေနဲ့ ဖတ်ရှု နာယူလိုတာမို့ မေးခွန်း ၁၁-ခုနဲ့ Tag လိုက်ရခြင်းပါ ဘုရား.. မေတ္တာရှေ့ထား ရေးသား ဖြေကြားပေးဖို့ ရိုသေစွာ လျှောက်ထားအပ်ပါတယ် ဘုရား ...

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ..
(၂) ဘာတွေခံစားနေရမလဲ..
(၃) ဘာတွေပြင်ဆင်ထားမလဲ
(၄) ၀မ်းနည်းမိမှာက...
(၅) ကြောက်လန့်မိတာက..
(၆) ဆောင်ထားချင်တာ..
(၇) ဘာတွေရေးမိမလဲ..
(ဂ) တွေးမိတွေးရာ အတွေး..
(၉) ဂုဏ်ယူချင်တာက
(၁၀) ရှာကြံဖြေသိမ့်မိတာက
(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း

ဒီမေးခွန်းကိုမေးလာသော မေးခွန်းပိုင်ရှင်သည် Every Action of Body, Speak and Mind စာအုပ်ထဲမှာ အကြောင်းအရာ မေးခွန်းတွေ နှင့် ဆင်တူနေပါသည်။


စာရေးသူထံကို ပို့ထားတာကြာ ပြီးဖြစ်သောလည်း စာမေးပွဲဖြေနေ သောအချိန်နှင့် တိုက်နေသောကြောင့် မရေးသားဖြစ်ခဲ့ပါဘူး ယခုလည်း စာမေးပွဲ ၂ ရက်နားသောကြောင့် ရိုသေစွာလျှောက်ထားလာသော မောင်ဖိုးသား၏ မေးလျှောက်လွှာကို မောင်ဖိုးသားနှင့်တကွ စာဖတ်သူတို့ သိရှိစေရန်အတွက် စာမေးပွဲကြားထဲကနေ ရေးသားလိုက်ပါသည်။


ဒီအကြောင်းအရာလေးကိုတွေ့လိုက်တော့ စိတ်ဝင်စားသွားသလို့ ဒီမေးခွန်လွှာပိုင်ရှင်ကိုလည်း ယခု လို လူအများကြားမှာ ဒီခေါင်းစဉ်ဖြင့် ရေးသားခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သောကြောင့် အထူးပဲကျေးဇူးတင်ရှိပါသည်။ ဒီအကြောင်းရာလေးသည် သိသင့်သိ ထိုက်ပါသည် ရေးသင့်ရေး ထိုက်ပါသည် တွေးသင့်တွေး ထိုက်ပါသည် ထို့အတွက်ကြောင့် စာရေးသူလည်း မောင်ဖိုးသား၏ အမေးကို ပြန်လည်ဖြေကြားခြင်းဖြစ်ပါသည်။

ပထမပြောချင်တာကတော့ မာယာဆိုသော ဘာသာအကြောင်းဖြစ်ပါသည်။ စာဖတ်သူ တို့ကြားဘူးလိမ့်မည်ဟု ထင်ပါသည်။ ထိုဘာသာသည် ဟိုး လွန်ခဲ့သော နှစ်ပေါင်း ၁ သောင်း ၆ ထောင်ကျော်ကတည်းက ပေါ်ထွက်လာသော ဘာသာဖြစ်ပါသည်။ ထိုမာယာဘာသာသည် ရှေး ဟိန္ဒူ နက္ခတ္တ ပညာရှင်လူမျိုးတွေ၏ ကိုးကွယ်သော ဘာသာဖြစ်သလို ထိုလူမျိုးတို့သည် တောင်အမေရိကတိုက် မှာ ထိုခေတ် ထိုအချိန်က နေထိုင်ခဲ့ကြပါသည်။ ထို ပညာရှင်အပေါင်းသည် နက္ခတ္တဗေဒ အလိုအရ ပြောထားသည်က Planet X ခေါ်တဲ့ ဂြိုလ်သည် ကမ္ဘာ့ပတ်လမ်းနားရောက်လာရင် ကမ္ဘာ့ဝင်ရိုးသည် အနည်းငယ်တိမ်းစောင်းသွားလိမ့်မည် သို့အတွက်ကြောင့် ငလျှင်နဲ့ စူနာမီလို ပုံစံတွေ ဖြစ်ပေါ်လာပြီးလျှင် ကမ္ဘာပေါ်မှာရှိသော လူပေါင်းမြောက်များစွာ သေဆုံးနိုင်သည့်အပြင် .. နောက် တနေ့မှာ အပူလွန်ကဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မည်၊ ထိုအပူချိန်လွန်ကဲမှုတွေကြောင့် ကမ္ဘာ့နေရာအနှံ့အပြား မှာ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာပြီးလျှင် ကမ္ဘာမီးလောင်သော ပုံစံမျိုးဖြစ်လာပါလိမ့်မည်။ အထူးသဖြင့် ယခုလာမည့် ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာကြီးပျက်ဆီးပြီး လူသားတို့၏ နောက်ဆုံးရက်ဖြစ်လာ လိမ့်မည်ဟု သူတို့ယုံကြည့် အလေးထားသော မာယာဆိုသော ပြက္ခဒိန်ထဲမှာ လွန်ခဲ့သော နှစ်ပေါင်း ၁- သောင်း ၆ ထောင်ကျော်ကတည်းကနေ ယခုအချိန်အထိ တိတိကျကျ ဖေါ်ပြထားကြပါသည်။ စာရေးသူ အပေါ်မှာ တင်ပြထားသော ( video) သည် ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်လိမ့်မည်ဟု မှတ်တမ်းပြုထားသော ဟောကိန်းထုတ်ထားသော စူးစမ်းရှာဖွေ၍ သုတေသနပြုလုပ်ထားသော မာယာ လူမျိုးတို့၏ အဓိကသက်သေ အထောက်အထားတစ်ခု ဖြစ်ပါသည်၊ အဆက် ခုနစ် ပိုင်းပါရှိပါသည်။

နောက်တစ်ခုပြောတာကတော့ (Golden Age) ဆိုတဲ့ အကြောင်းဖြစ်ပါသည်။ ထိုမာယာဘာသာ လူမျိုးတို့သည် ကမ္ဘာကြီး ပျက်ဆီးသွားပြီးသောအခါ ယခုကမ္ဘာမှာ ရှိသောလူမျိုးစုတွေထက် သာလွန်သော မျိုးနွယ်တွေ ပေါ်ပေါက် လာလိမ့်မယ် ဆိုသည်ကို သူတို့အားလုံးက ယုံကြည်ကြပါသည်။ နည်းနည်းလေးတော့ သူတို့၏ အမြင်နှင့် ဟောကြားချက်များသည် သိပ္ပံဆန်ကောင်းဆန်နေပါလိမ့်မည်။ ဒါပေမယ့် သူတို့၏ ပညာနှင့် ယုံကြည့်ချက်ကိုတော့ လေးစားထိုက်ပါသည်။ ထိုပညာရှင်များပြောသော Planet X ဆိုသည်မှာလည်း စာရေးသူတို့ ဗုဒ္ဓဘာသာအရ ၃၁ ဘုံတွင်းက လူ့ဘုံထက် မြင့်တဲ့ ဘုံတစ်ဘုံမှာ နေထိုင်ကြသော ပုဂ္ဂိုလ်တွေကို ရည်ညွန်း ပြောဆို ထားခြင်းဖြစ်ပါသည်။ ယခုအချိန်ထိ သူတို့မျိုးနွယ်တွေ ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ အားလုံး ပျက်ဆီးသွားမယ် ဆိုသည်ကို အားလုံးယုံကြည် နေကြပါသည်။( မိမိသိချင် သည့်အချက်အလက်များကို စိတ်ပါလက်ပါ ရှင်းလင်းပြခဲ့သော အတန်းဖေါ်သူငယ်ချင်း တောင်အမေရိကတိုက် ကျောင်းသား မိုက်ကယ် ဒူးရန်င့် ကို အထူးကျေးဇူးတင်ရှိပါသည်။)

သိပ္ပံပညာရှင်တို့၏ အလိုအရကား ဤစကြာဝဠာကြီးသည် မူလသဘာဝအားဖြင်း လူ ၊ တိရစ္ဆာန် သတ္တ၀ါတွေအား နေထိုင်ရန် အတွက်မဟုတ်ပေ၊ သတ္တ၀ါတွေ နေထိုင်ရန်သင့် တင့်လျှောက်ပတ်သောနေရာ သည် ဤ စကြာဝဠာထဲတွင် အလွန့်ကို နည်းပါးလှပါသည်။ သတ္တ၀ါတို့သည် အမှတ်မထင် ဖြစ်ပေါ်ခဲ့၍ အမှတ်မထင်ပင် နောက်ဆုံး၌ ပြန်လည် ချုပ်ငြိမ်းသွားမည်ဖြစ်သည်။ သတ္တလောက ဖြစ်ပေါ်သည်မှ ချုပ်သည်အထိ အချိန်ကာလသည် နှစ်ပေါင်း ကုဋေကုဋာ အသင်္ချေအနန္တ ဖြစ်သောငြားလည်း စကြာဝဠာ၏အစအဆုံး မရှိသော အချိန်ကာလနှင့် စာသော် အလွန့်ကိုတိုတောင်းလှပါသည်။

ဟိုတုန်းက အလွန့်ကို ကျော်ကြားသော သိပ္ပံပညာရှင် ဗာထရန်ရာရှယ်သည် ကမ္ဘာလောကကြီး အကြွင်းမဲ့ချုပ်ပျောက်ပျက်စီးမည့်ပုံကို အောက်ပါအတိုင်း ပြောပြထားပါသည်။ ကမ္ဘာသည် လူတို့နေထိုင်ရာ ဒေသအဖြစ်အချိန်အတော်ကြာရှိနေလိမ့်မည်။ အမြဲထာဝရ တည်ရှိနေမည်ကား မဟုတ်ချေ။ လေထုသည် အာကာသထဲသို့ တစတစ လွင့်သော် လွင့်သွားပါလိမ့်မည်။ ဒီရေကြောင့် ကမ္ဘာသည် တဖက်တည်းဖြင့်သာ အမြဲမျက်နှာမူ၍ ကမ္ဘာ၏ တစ်ခြမ်းသည် အလွန်ပူလျက် ကျန်တစ်ဘက်ခြမ်းသည် အလွန်အေးနေပေလိမ့်မည်။ လသည် ကမ္ဘာနှင့်တိုက်မိသော် တိုက်မိပေလိမ့်မည်။ ဤ အဖြစ်မျိုးများနှင့် လုံးဝမကြုံတွေရသည်ဆိုစေ၊ ဆာဂျိန်းစဂျင်းစ ၏အလိုအားဖြင့် နောက်ဆုံးတစ်နေ့၌ နေသည် ပေါက်ကွဲ၍ ကမ္ဘာကြီးသည် ပျက်စီးရလိမ့်မည်ဖြစ်သည်။ ထိုသို့ကမ္ဘာပျက်စီးရန်နှစ်ပေါင်း ကုဋေကုဋာလိုသေးသည်၊ ထိုအချိန်ကာလအတွင်း ကျွန်ုပ်တို့သည် လာမည့်ဘေးအတွက် ပြင်ဆင်မူပြုလုပ်နိုင်၏၊ နက္ခတ် ပညာနှင့် ရော့က် ပညာသည် တိုးတက်လာနိုင်သည်။ သိပ္ဂံပညာသည် မည်မျတိုးတက်စေကာမူ လူတို့သည် စကြာဝဠာထဲ၌လှည့်လည် သွားလာခြင်းဖြင့် သတ္တလောကကို အမြဲအသက်ဆက်ပေးနေနိုင်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော သာမိုဒိုင်နမစ် ဒုတိယနိယာမတရား အရ စွမ်းအင်သည် အလွန်သိပ်သည်းသော အခြေမှ သိပ်သည်းမူနည်းပါးသော အခြေသို့ အမြဲပြောင်းလဲလျက်ရှိရကား နောက်ဆုံး၌ သတ္တလောကသည် အကြွင်းမဲ့ ချုပ်ငြိမ်းရမည်သာဖြစ်ပါသည်။ အထူးသဖြင့် ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကမ္ဘာပေါ်တွင်အလွန်ဆိုးရွားသော ပေါက်ကွဲမှုတွေ ပျက်ဆီးမှုတွေ ဖြစ်နိုင်သည်ဟု မာယာဘာသာ နက္ခတ်ပညာရှင်တွေ နည်းတူ သူလည်း ပြောကြားခဲ့ပါသည်။ ဒါက ရှေးနက္ခတ္တပညာရှင်တို့၏ အလိုဖြစ်ပါသည်။

စာရေးသူ ထုးဆန်းစွာခံစားမိသည်က လွန်ခဲ့သော နှစ်ပေါင်း ၁ သောင်းခြောက် ထောင်ကျော် ကတည်းက စူးစမ်းရှာဖွေ ဟောပြောထားသော မာယာဘာသာ ရှေး ဟိန္ဒူးလူမျိုး နက္ခတ္တပညာရှင်တို့၏ ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ တွင် ကမ္ဘာကြီးချုပ်ငြိမ်းမည်ဟူသော အယူအဆနှင့် ယခုခတ်သိပ္ပံပညာရှင်တို့၏ အယူအဆ စူစမ်းရှာဖွေမူသည် တူညီနေသောကြောင့်ဖြစ်ပါသည်။ လူဦးရေတွေ များပြားလာတာနဲ့ အမျှ ကမ္ဘာ့ သယံဇာတ များစွာကို အမြဲမပျက်သုံးစွဲ နေကြသည့်အတွက်ကြောင့် ကမ္ဘာကြီး ပျက်စီး ယိုယွင်းလာရခြင်း ဖြစ်ကြောင်း ပြောဆိုထားပါသည်။ ယခုကာလ၌လည်း ကမ္ဘာပေါ်မှာ နေတိုင်း ကပ်ဆိုက်မှုတွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လျက်ရှိနေပါသည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံမှာ ဆိုရင် ၁ လကျော်ကျော်အတွင်း မုန်တိုင်း ၄ ခု ဝင်၍် ရေများ ယခုအချိန်အထိ ကြီးနေပါသည်။ ကမ္ဘာပေါ်မှာ လူဦးရေပေါများပြီး ချမ်းသာစာရင်းတွင်ပါသော အိန္ဒိယနိုင်ငံသည်လည်း ယခုအခါတွင် ရေးရှားပါးမူကြောင့် နိုင်ငံအတွင်းဒုက္ခရောက်နေကြရပါသည်။

နောက်တစ်ခုက ဘာသာကြီးလေးခုဟုဆိုအပ်သော ဟိန္ဒူ ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် နှင့် အစ္စလမ်ဘာသာဝင်တို့ သည် ဘာသာရေးများကွဲပြားနေသောလည်း တစ်နေ့ကမ္ဘာ ပျက်မည်ဟူ သောအယူအဆသည် တူညီနေ ကြပါသည်။ ဟိန္ဒူဘာသာ၏ အလိုအရကား ကမ္ဘာလောကကြီး ပျက်စီးရခြင်းသည်ကား ထာဝရဘုရားက ဖျက်ဆီးသောကြောင့် ပျက်ရခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာနှင့် အစ္စလမ်ဘာသာတို့၏ အလိုရကား ထာဝရဘုရားသခင်သည် ဖန်ဆင်ထားသော ကမ္ဘာမြေကြီးကို ဘုရားကဖျက်ဆီးတာမဟုတ်ပဲ ကမ္ဘာကြီးတွင် လူသားများဖြင့် ပြန်လည် စည်းကားစေလိုသောကြောင့် အသစ်တဖန်ပြန်လည် ဖန်ဆင်ခြင်းဖြစ်သည်ဟု ဆိုထား ပါသည်။

ဗုဒ္ဓဘာသာ အလိုရကား လောက၌ ရှိရှိသမျှသင်္ခါရဓမ္မ တို့၏ ထင်ရှားသော လက္ခဏာ အင်္ဂါသုံးရပ်သည်ကား အနိစ္စ၊ ဒုက္ခနှင့် အနတ္တ ၀ါ မမြဲခြင်း ၊ ဆင်းရဲခြင်း၊ မြဲသောအတ္တမရှိခြင်း ဖြစ်သည်။ ထိုလက္ခဏာသုံးပါးတွင် ဒုက္ခလက္ခဏာသည် အနိစ္စလက္ခဏာပေါ်၌ တည်၏။ သင်္ခါရဓမ္မတို့သည် မမြဲသောသဘောရှိသောကြောင့် အမာခံဓါတ် အတ္တကင်းလျက် ဖောက်ပြန်ပျက်စီးကြရမည်ဖြစ်သည်။

ဇာတိခေတ်၊ အာဏာခေတ်၊ ၀ိသယခေတ်သုံးမျိုးတို့တွင် ဇာတိခေတ်နှင့် အာဏာခေတ်ဖြစ်သော စကြာဝဠာတစ်သိန်းအတွင်း၌ ကမ္ဘာဖျက်မိုးကြီးရွာသွန်းသောအခါ လူတို့သည် မသိသောကြောင့် ပျော်ရွှင်စွာဖြင့် သလေးအစရှိသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးလိမ့်မည်၊ ထိုကောက်ပဲသီးနှံတို့သည် နွားစားနိုင်လောက်သော အရွယ်ပမဏ သို့ရောက်သော အခါ ထိုးရွာနေသော မိုးကြီးသည် ရုတ်တရပ်တန့်သွားကာ မြေနှင့်တူသော ကြောက်မက်ဖွယ် အသံဖြင့်မည်းဟီးကာ မိုးခေါင်သွားလေမည်၊ မိုးကိုမှီခိုနေကြကုန်သော လူ နတ် တိရစ္ဆာန်တို့သည် များစွာပျက်စီး ဆုံးရှုံးကြကုန်လိမ့်မည်။

ထိုအခါ ကာမာဝစရဘုံမှ လောကပါလနတ်သားသည် နီသောအ၀တ်ကိုဝတ်လျက် ဆံပင်ကို ဖားလျားချကာ ငိုကြွေးလျက် လူတို့၏ဌာန အသီးသီးသို့သွားပြီးလျင် ဤမှစ၍ နောက်နှစ်တစ်သိန်း လွန်သောအခါ ဤကမ္ဘာသည် မိုးဖျက်လိမ့်မည် ဖြစ်ကြောင့်း အထက်ပထမဈန် သုံးပုံတိုင် ပျက်ဆီး လိမ့်မည် ဖြစ်ကြောင်း ထိုကြောင့်သီလ ဆောက်တည်ကြပြီးလျင် မိဘတို့ကို ရိုသေစွာ လုပ်ကြွေးကြရန် တိုက်တွန်းနိုးဆော် သမှုကိုပြုလုပ်လိမ့်မည်။ ထိုနတ်သား၏ တိုက်တွန်းမှုကြောင့် လူနတ်အပေါင်းတို့သည် ကြောက်လန့်ကာ မကောင်းမှုတွေကိုရှောင်ပြီး မိဘတို့ကို ရိုသေစွာ လုပ်ကြွေးကြပြီးသေဆုံးသောအခါ ပထမဈန်သုံးပုံ၏ အထက်ပုံသို့ ရောက်ရှိသွားကြလိမ့်မည်။ နားမထောင်သောလူမိုက်တို့သည်သာ ကျန်ရစ်ခဲ့လိမ့်မည်။

အနှစ်တစ်သိန်းစေ့သောအခါ နေနှစ်စင်းသည် တစ်စင်းပြီး တစ်စင်းထွက်လာပြီး မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ် ၊ သမုဒ္ဒရာတို့မှ ရေများ ခန်းခြောက်ကာ လူ့ဘုံ နတ်ဘုံ တို့အားလုံးကို မီးများလောင်ကျွမ်းသဖြင့် ပထမဈန်သုံးဘုံ ဗြဟ္မာပြည် တိုင်အောင်ပျက်စီးသွားလိမ့်မည်။ ကောင်းကင်ပြင်တစ်ခုလုံးသည် တစ်စပ်တည်း ဖြစ်လျက် ကမ္ဘာပြိုမိုးကြီးရွာသွန်းသည့် အချိန်အထိ လောကတိုက်ကြီးတစ်ခုလုံး အမှောင်တိုက်ကြီးဖြစ်၍ တည်နေပေလိမ့်မည်။

ကမ္ဘာလောကကြီးပျက်ရာတွင် မီးဖျက်၍ ပျက်ခြင်း၊ ရေဖျက်၍ ပျက်ခြင်း၊ လေဖျက်၍ပျက်ခြင်း ဟု၍ သုံးမျိုးရှိသည်။ မီးဖျက်သောအခါ ပထမဈန် ဗြဟ္မာဘုံသုံးဘုံတိုင်အောင် ပျက်စီးလျက် ရေဖျက်သောအခါ ဒုတိယဈန် သုံးဘုံတိုင်အောင်ပျက်စီးကာ လေဖျက်သောအခါ တတိယဈန် သုံးဘုံတိုင်အောင် ပျက်စီးသည်။ ကမ္ဘာလောကကြီးသည် မီးကြောင့် ခုနစ်ကြိမ်တိတိ ပျက်ပြီးနောက်မှ ရှစ်ကြိမ်မြောက်တွင်ရေကြောင့် ပျက်စီးရသည်။ မီးခုနစ်ကြိမ် ရေတစ်ကြိမ်နည်းဖြင့် ဖျက်ဆီးသွားရာ မီးရှစ်ကြိမ်နှင့်ရေခုနစ်ကြိမ် စုစုပေါင်း ၆၃ ကြိမ် ပျက်စီးပြီးသောအခါ လေတစ်ကြိမ်ဖျက်ဆီးလိမ့်မည်။

ကမ္ဘာပြိုမိုးကြီးသည် အန္တရကပ်ရက်အတွင်း၌ အဆက်မပြတ်ရွာသွန်းလေရာရှေ့ဦးတွင် ဆီးနှင်းအရွယ် မိုးသီးမိုးပေါက် ပမာဏမှ တစ်ဖြေးဖြေး ကြီးထွားသော မိုးသီးမိုးပေါက်ကျလာသဖြင့် ယူဇနာ ထောင်သောင်း အတိုင်းအရှည်ရှိသော မိုးသီးများစွာ ရွာချသည်။ လဟာပြင်ကြီးသည် တစ်ခုလုံးသည် အထက်ပျက်စီးသွားသော ဘုံအထိ ရေပြင်ကြီး ဖြစ်လျက်ရှိကာ ကမ္ဘာလေကကြီးပျက်စီးသွားလိမ့်မည်ဟု ဆိုထားပါသည်။ အဓိကတော့ ဗုဒ္ဓဘာသာမှာ သတ္တ၀ါများ တရားပျက်၍ လောဘ၊ ဒေါသ၊ မောဟ များအဆမတန်များလာပြီးတရားပျက်လာ၍သာ ကမ္ဘာသည် သူအလိုလို ပျက်စီးရခြင်းဖြစ်သည် ဟု ဆိုထားပါသည်။

(စာဖတ်သူတို့ ဗဟုသုတ ရစေချင်းအကြိုးငှာ ယခုလိုရှင်းပြခြင်းဖြစ်ပါသည်။)

စာရေးသူကတော့ သိပ္ပံပညာရပ် ဆိုသည်မှာ စူးစမ်းရှာဖွေမှုနဲ့ အမေး သဘောကို ဆောင်သည် ဟုထင်ပါသည်။ ဘာသာရေးက အဖြေ .. သိပ္ပံက အမေး သည်လိုယူဆသုံးသပ်ထားပါသည်။ ဘယ်တော့မဆို သိပ္ပံပညာကို ဘာသာရေးသဘော နှင့်နိုင်းယှဉ်ကြည့်ပါတယ်။ ဥပမာ ဗုဒ္ဓဘာသာမှာ မြင့်မိုရ်တောင်ကို နေကလှည့်ပတ်နေတယ် ဆိုတာ ရေးသားဟောပြောထားပါသည်၊ ဒါကို သိပ္ပံပညာရှင်တွေက ဟိုယခင်က မဟုတ်နိုင်ဘူးဆိုတာကို ငြင်းဆန် ထားပါသည်။ သို့ပေမယ့်လည်း ပြီးခဲ့သော ၅ နှစ်ကျော်က သူတို့ လေ့လာရင်း စကြာဝဠာထဲမှာ ဂြိုလ်ကို နေက ပြန်ပတ်နေတာ တွေ့သွားလို့သိပ္ပံ အယူအဆတွေ လွဲသွားတယ် ဆိုသည်ကို ရှင်းပြထားပါသည်။ ဒီအတွက် ကြောင့်လည်း ကိုယ် ဘာသာအတွက် ဂုဏ်ယူမိခဲ့ပါသည်။

စာရေးသူပြောချင်သည်မှာ ဘယ်ဘာသာကိုမဆို ကိုးကွယ်သော လူမျိုးတွေသည် မိမိတို့ ကိုးကွယ်လေးစားသော ဘာသာတရားကို မိရိုးဖလာ ယုံကြည်တာထက် ကိုယ့်ဘာသာ အမြဲလေ့လာရင်း ယုံကြည်တာက ပို၍စိတ်ချမ်းသာစေမယ် ပို၍ယုံကြည်စေမယ်လို့ထင်ပါသည်။ အများပြောတိုင်း ယုံသည်ထက်စာရင် ဖြစ်သင့်သည် မဖြစ်သင့်ဘူး ဆိုသည်ကို ကိုယ်ပိုင်ညဏ် ဖြင့်ဝေဖန်သုံးသပ် ဆုံးဖြတ်စေချင်သလို အများသူငှာတွေက ဟေးဆိုပြီးအော်လိုက်တိုင်း မိမိကသူတို့လိုလိုက်ပြီး ဘာမှန်းမသိ ညာမှန်းမသိ မအော်စေချင်ဘူး။ သေချာစဉ်စားပါ ဘာကအရေးကြီးလည်း မဖြစ်ခင်က ကြိုတင်ပြီး စိုးရိမ်သောက ရောက်နေမှာလား သို့မဟုတ် ပြင်ဆင်ထားမှာလား မိမိကလက်ခံလား သူများပြောတိုင်းအကြောင်းအရာတွေကို ဒီအကြောင်းကို သူများပြောတိုင်း လိုက်ပြီးပြောနေတာလား တကယ်လို့ငါလက်ခံရင် ဒါမဖြစ်ခင် ကြိုတင်ပြီး ငါဘာလုပ်သင့်သလဲ ဒါကိုသေချာစဉ်စားပါ။

ဘီစီ ၆ ရာစုခေတ်က အချို့သော အိန္ဒိယပြည်သားတို့သည် လောကသည် မြဲသလော မမြဲသလော ၊ လောကသည် အဆုံးရှိသလော အဆုံးမရှိဘူးလား၊ ဇီဝ နှင့်ခန္ဓာကိုယ်သည် ထပ်တူဖြစ်သလား မဖြစ်ဘူးလား ၊ ပြောဆြိုငင်းခုံကြသည်။ မြတ်စွာဘုရားအားမေးလျှောက်သောအခါ ဘုရားက ထို့ကိစ္စသည် လူတို့အားအကျိုးမပြုဘဲ လမ်းမှားစေ သော တောချုံ ခရီးခဲ ဆူးငြောင့်တံကျင် အနှောင်အဖွဲ့နှင့် တူသည်၊ (မဇ္ဈိမနိကယ် အဂ္ဂိဝစ္ဆဂေါတ္တသုတ်) ။

ယင်းတို့နှင်စပ်လျင်း၍ ငြင်းခုံနေကြသော ပြောဆိုနေကြကုန်သော သူတို့သည် ဆင်၏ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကိုသာ လက်ဖြင့်စမ်းသပ်ပြီးနောက် ဆင်ဆိုသည်ကား ဤသို့ဖြစ်သည် ၊ ထိုသို့မဟုတ်စသည်ဖြင့် ငြင်းခုံရန်ဖြစ်ကြသော သူကန်းများနှင့်တူ၏( ဥဒါနပါဠိ)။


နောက်မေးလျောက်လာသော မာလုကျပုတ္တမထေရ်အား ဗုဒ္ဓက မာလုကျပုတ္တ္တ ၊ ဥပမာသောကား အဆိပ်လူးမြှားမှန်၍ ဒဏ်ရာရနေသော လူတဦးသည် အကယ်၍ ချက်ခြင်း အကုအသမခံဘဲ သူ့အား ပစ်သောသူ ပစ်သောသူ၏အမည်၊ အမျိုးဇာတ်၊ အရောင်အဆင်းနှင့် နေထိုင်ရာအရပ်ဒေသ စသည်တို့ကို စုံးစမ်း မေးမြန်း၍ နေပါက အသက်သာလျှင် ဆုံးရှုံးရာ၏၊ ထို့အတူ သင်သည်လည်း မရေရာမသေချာသော ဤ ပြဿနာများ၏ အဖြေကိုသိမှသာ ရဟန်းတရားအားထုတ်မည်ဆိုပါက သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မည်မဟုတ်။ ထိုပြဿနာများ၏ အဖြေသည် လောက၌ ဒုက္ခတရားသည်သာမုချရှိ၏။ ထိုပြဿနာများသည် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အကျိုးငှာ မဖြစ်သောကြောင့် ငါမဖြေကြားဘဲ ဒုက္ခခပ်သိမ်းအေးငြိမ်းရာ သစ္စာလေးပါးတရားကိုသာ ငါဘုရားဟောကြားခဲ့သည်။ (မဇ္ဈိမနိကာယ်စူဠမာလုကျသုတ်)၊

အခါတစ်ပါး မြတ်စွာဘုရား တောအုပ်တစ်ခု၌ သီးတင်းသုံးနေတော်မူ၏။ ထိုတောအုပ်ထဲ၌လည်း ဘဒ္ဒိဝဂ္ဂိသူငယ်ချင်းမင်းသားသုံးကျိပ်တို့သည် မယားတို့နှင့် အတူတကွ ပျော်ပါးနေကြစဉ် အတူပါလာသော ပြည့်တန်ဆာမသည် သူတို့ပစ္စည်းများကို ယူ၍ ထွက်ပြေးသွား၏ ၊ သိ၍ပြေးလိုက်သောအခါ သူမကိုမတွေ့ပဲ မြတ်စွာဘုရားကို မြင်၍ မေးလျှောက်ရာ မြတ်စွာဘုရားက သူငယ်တို့ မိန်းမကိုရှာခြင်းသည် နေရာကိုမသိဘဲရှာသော အခါ ပင်ပန်ခြင်း ဒေါသထွက်ခြင်း ထင်ရောင်ထင်မှားဖြင့်ရှာနေခြင်းနှင့် မိမိကိုယ်ကို မြင်အောင်ရှာခြင်းသည် အဘယ်ရှာခြင်းက မြတ်သနည်းဟုမေးရာ ထင်ရောင်ထင်မှား မသေချာသော ရှာခြင်း တွေးခြင်း ပြောဆိုခြင်းထက် မိမိကိုယ်ကို ရှာခြင်းသည် ပို၍မြတ်ပါသည်ဟု ပြန်လည် လျှောက်ထားကြလေသည်။ (၀ိနည်းပိဋကတ် မဟာဝဂ္ဂ)၊

အကယ်၍ ကမ္ဘာသည်တကယ် ပျက်ဆီးလိမ့်မည် ဆိုလျင်ဖြင့် မေးခွန်းကို မေးလာသော မောင်ဖိုးသားနှင့် စာဖတ်သူတွေသည် မပျက်ခင်အတွင်းမှာ မဖြစ်သေးသော ကိစ္စတွေကို တွေးပြီးပူပန် ကြောင်းကြသည်ဖြစ်စေ ကြောင်းကြသည်မဖြစ်စေ မိမိတို့ နေ့စဉ်နေ့တိုင်း လုပ်သင့် လုပ်ထိုက်သော အမှုကိစ္စတွေကို နိုင်သလောက် လုပ်ဆောင်ပေးကြပါ၊ လေးစားသင့် လေစားထိုက်သူတို့ကို လေးစား၍ ဆည်းကပ်သင့် ဆည်းကပ်ထိုက်သူတွေကို ဆည်းကပ်ကြပါ။ ကျေးဇူးဆပ်သင့် ဆပ်ထိုက်သူများကို လည်းကျေးဇူးဆပ်ပေးပါ။ မိဘကိုရိုသေပေးပါ ကောင်းမွန်စွာလုပ်ကြွေးကြပါ၊ နုတ်အမှုအရာ ကိုယ်အမှုအရာအစ လိမ္မာယဉ်ကျေးအောင် နေထိုင်ပြီးလျင် သီလ သမထ ဘ၀နာ ကမ္မဌာန်း တရားတွေကို မမေ့မလျှော့ပဲ ကြိုးစားပြီး အားထုတ်ပေးပါ ဆိုပြီး ပြောချင်ပါသည်။ မိမိသာ တကယ်လို့ အထက်ပါအတိုင်း နေ့တိုင်းပုံမှန်သာ မိမိကိုယ်ကို ကောင်းအောင်နေသွားမယ် ကြိုးစား အားထုတ်သွား မယ်ဆိုရင်ဖြင့် မေးခွန်ရှင် တို့မေးလာသော မေးခွန်း ၁၁ ခုထက်မက သောမေးခွန်းများနှင့် အဖြေများသည် မိမိကြိုးစားအား ထုတ်ခဲ့သော ရလဒ်တွေကြောင့် အရာရာကို သဘောပေါက် နားလည်သွားပြီး ရှင်းလင်း လွယ်ကူသော အသိအမြင် အတွေးအခေါ်များနှင့် အဆင့်မြင့်သော တရားသဘောများ မြင်လာ တွေ့လာ သိလာ ပါလိမ့်မည်။

အတိတ် အနာဂါတ် ပစ္စုပ္ပန် ဆိုသော ကာလသုံးပါးထဲတွင် ပြီးခဲ့သော အတိတ်က အကြောင်းအရာတွေကိုလည်း ပြန်တွေးနေဖို့မလိုအပ်သလို မဖြစ်လာသေးသော အနာဂါတ် တရားကိုလည်း တွေးပြီး ပူပင်သောကရောက်နေမှုတွေ မလိုအပ်သလို အောင်မြင်ချင်နေသော ဇောများနှင့်လည်း ရှုးသွတ်နေရန် မလို အပ်ပါဘူး။ (အနာဂါတ်သည် ရည်မှန်းချက်သာလျင်ဖြစ်သင့်ပါသည်။) ပစ္စုပ္ပန် ဟူသော ယခုလက်ရှိ အချိန်ကို ကောင်းမွန်စွာ အသုံးချနိုင်မှ သာလျင် ကျန်ခဲ့မည့် အတိတ်သည် ကောင်းမွန်မည်ဖြစ်သလို ဖြစ်လာမည့်အနာဂါတ်သည်လည်း မိမိကြိုးပန်းအားထုတ် ခဲ့သည့်အတိုင်း စိုက်ပျိုးခဲ့သည့်အတိုင်း ထိုအပင်မှ ကောင်းမွန်သော သစ်သီး သစ်ပွင့်များကို အဆင်သင့် အပြစ်ကင်းစွာ ခူးယူစား သုံးနိုင်မှာဖြစ်ပါသည်။ ဒါကြောင့် ယခု လက်ရှိအချိန်ထက် ကောင်းမွန်သာလွန်သော အချိန်သည် မရှိပါဘူး။ လက်ရှိအချိန်ကိုသာ အကျိုးရှိအောင် အသုံးပြုကြရန်တိုက်တွန်းလိုက်ပါသည်။

သေမိန့်ကြတဲ့ သူတွေကို ရွတ်ဖတ်ပေးတဲ့ သီဟိုဠ်ဘုန်းကြီးတစ်ပါးက ယခုလို မိန့်ခဲ့ပါသည် “ ဆေးသွင်းပြီး သေဒါဏ်ပေးတာကို ဦးဇင်းကြိုက်တယ် . ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်သေမှာသိလို့ ပြင်ဆင်နိုင်မယ် .. ဆေးသွင်းတာ ခံရရင်း တရားလေးမှတ် သေသွားလို့ရတယ်.. ” “အကယ်လို့ ဦးဇင်း ဘုန်းကြီးဖြစ်ပါလျှက်နဲ့ လမ်းသွားရင်း ကားတိုက်သွားလို့ သေသွားရင် .. အဲဒီ သေဒါဏ်ပေးခံရတဲ့ သူတွေလို တရားလေးမှတ် သေသွားနိုင်မှာ မဟုတ်ဘူး”

စာရေးသူကတော့ နေတိုင်းတော့ ကောင်းတာ လုပ်ဖြစ်အောင် လုပ်မယ် အဲဒီ မတိုင်ခင် သေသွားလည်း မတတ်နိုင်ဘူး ဒီနေ့ လမ်းသွားရင်း ကားတိုက်လို့ သေသွားရင်လည်း မတတ်နိုင်ပါဘူး သေတာကတော့ ဖြစ်ပြီး ပျက်မယ် ဆိုတာ မဆန်းတော့ မထူးဆန်းပါဘူး ဒါပေမယ့် ဘယ်လို သေရမလဲ ဆိုတာကိုတော့ စဉ်းစားရင် ရင်လေးမိတယ်၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်လေး ဖြင့်သာလျင် သေချင်ပါသည် ၊ သို့ပေမယ့် ကံဆိုသည်ကိုမိမိမှ မမြင်ရခြင်း ဘယ်အချိန်မှာ ဘယ်ပုံဖြင့် သေရမည်ကိုမသိခြင်း ကြောင့် တည်တည်ငြိမ်ငြိမ် နှင့်သေဖို့ဆိုသည်မှာ လည်း မရေရာပါ။ ထို ကိစ္စတွေနှင့် ပါတ်သတ်ပြီးလည်း သိပ်ပြီး ခံစားမှုတွေ ပင်ပန်းမှုတွေ ဖြစ်မနေခဲ့ပါဘူး။ ဖြစ်နေဖို့လည်း မလိုအပ်ပါဘူးလို့ထင်မိပါသည်။

ညတိုင်း တရားဓမ္မတွေကို ဆွေးနွေးနေသော ဂျာမနီနိုင်ငံက ဂျာမန်ဒကာကြီးက စာရေးသူ ကိုပြောပါသည်။ မနက်အိပ်ယာထကတည်းက ဒီနေ့ ဟာ ငါ့ရဲ့ နောက်ဆုံးနေ့ဖြစ်ရင်
ဘာလုပ်မလဲ ဆိုတာ အမြဲမေးဖြစ်တယ် . အဓိက ကတော့ နေ့တိုင်း ကောင်းတာ လုပ်နေဖို့ ပါပဲ ကောင်းတဲ့ဘုံတွေ ဘာတွေ ကို မျှော်ကိုးတာထက် ဘာကောင်းအောင် လုပ်သင့်သလဲ ဆိုတာပိုပြီး အရေးကြီးတယ်ဆိုပြီးပြောသွားခဲ့ပါသည်။

အထက်ပါအကြောင်းအရာများသည် စာရေးသူပြောချင်သော အကြောင်းအရာများဖြစ်ပါသည် အကယ်၍ ဤရေးသားချက်များထဲတွင် မှားတာများ မနှစ်သက်တာများ စာဖတ်သူတို့ တွေ့မိပါလျင် စာရေးသူကို လမ်းပြပေးစေချင်ပါသည် အားလုံးကို ကြိုဆိုပါသည်။ အားလုံး ကျန်းမာချမ်းသာ ကြပါစေ။


မှီငြမ်းထားသောစာအုပ်များ
T.R.V.Murit, The Central Philosphy of Buddhism
Rocket,
Second law of Thermodynamics,
Bertrand russell, Religion and Science
T.W Rhys Davids, Early Buddhism
ညိုသောင်း - ဘာသာကြီးလေးခုအနှစ်သာရ





10/31/2009

လှူဒါန်းနိုင်ပါသည်.. ၁(သီလ၀တီစာသင်တိုက်)




View all
မြန်မာနိုင်ငံမှာ ဗုဒ္ဓမြတ်စွာသာသနာ ထွန်းကားပြန့်ပွားအောင် တစ်ဖက်တစ်လမ်းကနေ မိမိတို့နိုင်သလောက် သာသနာပြုနေသော အဖွဲ့အစည်း မြောက်များစွာရှိသည့်အနက် စာရေးသူ မိတ်ဆက်ပေးချင်သည်မှာ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ပရိယတ္တိ စာပေပညာကို နေ့စဉ်နှင့်အမျှသင်ကြားပို့ချပေးကာ သာသနာပြုလျှက်ရှိသော မထင်မရှား သီလ၀တီ အမည်ရှိသော သီလရှင်စာသင်တိုက်၏ အကြောင်းဖြစ်ပါသည်။

အုပ်ချုပ်သူကတော့ အသက် ၃၆- နှစ်ရှိပြီးဖြစ်သော ဒေါ်သီလစာရီ (ဓမ္မာစရိယ)


ကျောင်းတိုက် စတင်တည်တောင်သည်မှာ မကြာသေးသောလည်း ဒေါ်သီလစာရီအပါအ၀င် စာချဆရာလေး ၃- ပါ၏ ရဲရင့်သော စိတ်ဓါတ် ပြတ်သားသော ဆုံးဖြတ်ချက် နေ့မအား ညမအား မိမိကိုယ်မကြည့် သာသနာအတွက် သာကြည့်၍ ကြိုးပန်းအားထုတ်မှုတွေကြောင့် ယခုဆို ကျောင်းတိုက်အတွင်းမှာ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ အထိ ဖြစ်လာရုံတင်မကပဲ ဓမ္မာစရိယဆရာလေး ၄-ပါး ပေါ်ပေါက်လာတဲ့အထိ ကျောင်းတိုက်တွင်းမှ အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။









ကျောင်းတိုက်အတွင်းရှိ စာချ သီလရှင်ဆရာလေးများ.


အုပ်ချုပ်သူ ဆရာလေး ဒေါ်သီလစာရီနှင့်တွေ့သောအခါ ဆရားလေး တို့ကျောင်းမှာ စာသင်သားတွေ၏ တစ်နေ့တာ လုပ်ငန်း (တာဝန်) အချိန်ဇယား နှင့် လုပ်ဆောင်ချက်များကို သိချင်ပါသည်ဟု မေးကြည့်သောအခါ စာရေးသူကို အောက်ပါအတိုင်း အသေးစိတ် ယခုလို ရှင်းပြသွားခဲ့ပါသည်။


မနက်လေးနာရီထိုးပြီးဆိုသည်နှင့် အုပ်ချုပ်သူအပါအ၀င် စာသင်တိုက်ရှိ စာချ ၊ စာသင်သီလရှင် ဆရာလေးများသည် အိပ်ယာမှ ထကြရပါသည်။ မျက်နှာသစ် သွားတိုက် စသော အမှုကိစ္စများ ပြီးဆုံး၍ နံနက်ပိုင်း ၅ နာရီအချိန် သို့ရောက်သည့်အခါ အာရုံဆွမ်းအတွက် ချက်ပြုတ်ရေးတာဝန်ကျနေသော သီလရှင်ဆရာလေးများမှတပါး ကျောင်းတိုက်အတွင်းရှိ သီလရှင်ဆရာလေး အားလုံးတို့သည် တစ်စုတစ်ဝေးတည်း ဘုရားဝတ်တက် ခြင်းအမှုကိစ္စကို ဆောင်ရွက်ခဲ့ကြပါသည်။

ဘုရားဝတ်တက်ခြင်း၊ အာရုံဆွမ်းအတွက် ချက်ပြုတ်ခြင်းကိစ္စ ပြီးဆုံးသောအခါ စာသင်သား ဆရာလေးများသည် စာပြန်ကြည့်ခြင်း၊ စင်္ကြန်လျှောက်ခြင်း၊ တရားဆွေးနွေးခြင်း၊ စာဆွေးနွေးခြင်း၊ စသော အမှုကိစ္စများကို အာရုံဆွမ်းမဘုန်းပေးခင်အထိ ဆောင်ရွက်ကြပါသည်။ မနက် ၆ နာရီထိုးသောအခါမှာလည်း အာရုံဆွမ်း ဘုန်းပေးရန် အတွက် ဆွမ်းစားကျောင်းဆောင်သို့ ညီညီညာညာဖြင့် သွားကာ လှူဒါန်းကြသော ဒကာ ဒကာမအားလုံး အစစအရာရာ အစဉ်ပြေပါစေချင်း အကျိုးငှာ မေတ္တာပို့ ပြီးမှ ဆွမ်းကိုဘုန်းပေးခဲ့ ကြပါသည်။


ထိုနောက် မနက်ပိုင်း ၇ နာရီသို့ရောက်သောအချိန်တွင် စာကျက်သူကကျက် စာတက်သူက စာတက် စသည်ဖြင့် စာချသီလရှင်ဆရာလေး များနှင့် စာသင်သားသီလရှင်ဆရာလေးများသည် တက်ကြွ ထက်သန်သော လုံးလ၀ီရိယဖြင့် ပရိယတ္တိ စာပေပညာကို နံက်၇နာရီမှ သည် ၁၀ နာရီထိုးသည့်အထိ သင်ကြား ပို့ချကြရပါသည်။

နေ့လည် ၁၁ နာရီမှာ နေ့ဆွမ်းကို အာရုံဆွမ်းကဲ့သို့ ဘုန်းပေးကြပြီးလျှင် မနက်ပိုင်းပင်ပန်းမှု့တွေကို ဒီအချိန်လေးမှာ အနားယူကြပါသည်။ ဒီိလိုနှင့် နေ့လည် ၁ နာရီခွဲ မှသည် ညနေပိုင်း ၅ နာရီအထိသည် စာတက်၊ စာပြန်၊ စာအံ စသည်ဖြင့် ကုန်ဆုံးစေပြီး၍ ခေတ္တခဏအနားယူပြီးလျှင် ကျောင်းတိုက် သန့်ရှင်းရေးအတွက် အုပ်ချူပ်သူ အပါအ၀င် ကျောင်းတိုက်အတွင်းရှိ သီလရှင်ဆရာလေးအားလုံးတို့သည် ညီညီညာညာဖြင့် လုပ်ဆောင်ခဲ့ကြရပြန်ပါသည်။ ညနေ ၇ နာရီအချိန်မှာ ဘုရားဝတ်တက် ကြပြီးလျှင် ၈ နာရီ မှသည် ည ၁၀ နာရီအထိသည် စာပြန်၊ စာကျက်၊ စာတက်၊ စာအံ၊ စသည်ကို တဖန်လုပ်ဆောင်ကြရပါသည်။ ည ၁၀ နာရီ မှသည် မနက် ၄ နာရီမထိုးခင်အထိသည် တစ်နေ့တာ ပင်ပန်းသမျှကို အနားယူ အိပ်စက်သောအချိန်ဖြစ်ပါသည်။


အထက်ပါအကြောင်းအရာများသည် ဆရာလေးဒေါ်သီလစာရီ၏ စာသင်တိုက်တွင် တစ်နေ့တာ အုပ်ချုပ်သူအပါအ၀င် စာချ၊ စာသင် သီလရှင်ဆရာလေးအားလုံး၏ လုပ်ငန်း တာဝန်များဖြစ်ပါသည်။

၇ ရက် တစ်ပါတ်တွင်လည်း တောဖိတ် ၊ မြို့ဖိတ် စသည့်ရက်များတွင် ကျောင်းတိုက်ရှိ သီလရှင်ဆရာ လေးအားလုံးတို့သည် ညီညီညာညာ စီတန်းကာဖြင့် မေတ္တာဘာဝနာများပွားများကာဖြင့် ဒကာ ဒကာမများ ကုသိုလ်ရပါစေခြင်း အကျိုးငှာ ဆွမ်းဆန်အလှူခံထွက်ကြရပါသည်။ ရရှိလာခဲ့သော ဆွမ်းဆန်နှင့် အခြားပစ္စည်းအားလုံးကိုလည်း တစ်ပေါင်းတည်း စုပေါင်း၍ သုံးဆွဲခဲ့ကြပါသည်။

ဒီပို့စ်လေးကို ရေးနေမိရင်းဖြင့် သီလရှင်ဆရာလေးများ၏ မိမိတို့နိုင်သလောက် သာသနာပြုနေပုံကို မြင်ယောင်ရင်းဖြင့် ၀မ်းသာပီတိဖြစ်ခါ သာဓု သုံးကြိမ်ခေါ်လိုက်ပါသည်။ ဆရာလေး ဒေါ်သီလစာရီ အသက်ရာကျော်ရှည်၍ ဒီထက်မက ပိုလွန်ကာ သာသနာ့ အကျိုးကို ထမ်းဆောင်နိုင်ပါစေလို့ သီဟိုဠ်မြေကနေ စာရေးသူ ဆုတောင်းပေးလိုက်ပါသည်၊

အမှန်ဆိုသော စာသင်တိုက်မည်သည် ချမ်းသာသော စာသင်တိုက်ရယ်လို့မရှိပါ။ စေတနာ မေတ္တာ ဂရုဏာ မပါပဲ တည်ထောင်လို့မရပါ။ မိမိကိုယ်တိုင်လည်း အများအတွက် အနှစ်နာခံရပါသည်။ စာသင်တိုက် တစ်ခု ဖြစ်လာဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ် သလို ကျောင်း ဆွမ်း သင်္ကန်း ဆေး စသော ပစ္စည်းများ ပြည့်စုံမှသာလျှင် စာသင်တိုက်တစ်ခု ဖြစ်လာမှာပါ။ သို့ပေမယ့် တချို့များစွာသောစာသင်တိုက်တို့သည် ပြည့်စုံမရှိကြပါ ကျောင်းထိုင်ဆရာတော် ။ ကျောင်းထိုင် ဆရာလေး စသည်တို့၏ အနှစ်နာခံ စေတနာတွေ သာသနာပြုလိုသော စိတ်ဓါတ်များကြောင့် သာလျှင် ဆင်းရဲနေသောလည်း စာသင်သားတို့ကောင်းမွန်စွာ စာပေပညာသင်ကြားနိုင်ခြင်းအကျိုးငှာ မိမိမှာ ရှိသမျှအင်အားများကို အစွမ်းကုန်သုံးကာ ကြိုးစားပြီးရပ်တည်နေကြရပါသည်။ ထိုအထဲတွင်စစ်ကိုင်းတိုင်း မုံရွာမြို့ ရှိ သီလ၀တီအမည် ရှိသော သီလရှင်စာသင်တိုက် သည်လည်း အပါအ၀င်ဖြစ်ပါသည်။ သီလ၀တီစာသင်တိုက်အတွင်းမှ မပြီးဆုံးသေးသော ဆောက်လုပ်ဆဲ သာသနာ့ အဆောက်အဦးများ

စာရေးသူကိုတိုင်လည်း စာသင်တိုက် အသေး။ အကြီး စသည် ကျောင်းတိုက်များမှာနေထိုင်ခဲ့ဘူး သောကြောင့် စာသင်တိုက်အကြောင်း ကောင်းကောင်းကြီး သိပါသည်။ ယခု သီလ၀တီအမည်ရှိသော သီလရှင်စာသင်တိုက်ကို ကြည့်ပါ တစ်ဘက်တစ်လမ်းကနေ မိမိတို့နိုင်သလောက် သာသနာပြုနေသောလည်း ချမ်းသာသော စာသင်တိုက် ပြည့်စုံသော စာသင်တိုက်မဟုတ်ပါ။ ကျောင်းတိုက်က တည်ထောင်သည်မှာ မကြာသေးသည့် နှစ်အတွင်းက ဖြစ်သောကြောင့် အဆောက်အဦးပြည့်စုံခြင်းမရှိမသေးပါ။ တည်ဆောက်ဆဲ အဆောက်အဦးများလည်း ရှိပါသည်။ စာပေပညာကိုကောင်းစွာ သင်ကြားနိုင်ရန်ဆိုသည်မှာ အထက်မှာ စာရေးသူရေးခဲ့သည့်အတိုင်း ကျောင်း ဆွမ်း သင်္ကန်း ဆေး စသော ပစ္စည်းများ ရှိမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါသည်။ ထိုလေးပါးသော အရာအရာတို့ဖြင့် ပြည့်စုံခြင်းမရိခဲ့ပါလျင် စာသင်ကြားဖို့ဆိုသည်မှာ အခတ်အခဲဖြစ်ပါလိမ့်မည်။ မလွယ်ကူလှပါ။ ဗုဒ္ဓစာပေကို သင်ကြားပို့ချနေသော ယခုလို့ စာသင်တိုက်မှာ စာသင်သားများကောင်းမွန်စွာ ပညာသင်ကြားနိုင်ရန်အတွက် အဆောက်အဦးဆိုသည်မှာ မရှိမဖြစ်လိုအပ်ပါသည်။ မည်သို့ပင်စေတနာ ပြင်းထန်ပါသောလည်း ကျောင်း၊ ဆေး၊ ဆွမ်း၊ သင်္ကန်းစသော ပစ္စည်းများ မပြည့်စုံခဲ့ပါလျှင် သာသနာပြုနိုင်ရန် အလွန်ကိုခဲယဉ်းပါလိမ့်မည်။ မချမ်းသာ မပြည့်စုံပေမယ့်လည်း ရလာသော ပစ္စည်းအနည်းငယ်ဖြင့် ကျောင်းတိုက်အတွင်းရှိ စာချ၊ စာသင် သီလရှင်အားလုံးကို မျတအောင်ဆောင်ရွက်ပေးပြီး မိမိကိုယ်တိုင် အခတ်အခဲကိုဂရုမစိုက်ပဲ အားကြိုးမာန်တက် သာသနာပြုနေသော ဆရားလေ ဒေါ်သီလစာရီကို လေးစားချီးကျုးမိပါသည်.။



ကျောင်းတိုက်အတွင်းတစ်ခါတစ်ရံသာ အလှူအတန်းဆွမ်းကပ်များရှိ၍ အခြားသော နေရက်များတွင် ကျောင်းတိုက်မှ ချက်ပြုတ်ပြီးလျင် ကျောင်းတိုက်အတွင်းရှိ သီလရှင်ဆရာလေးအားလုံးကို ဆွမ်းကပ်ရပါသည်။ စာရေးသူလည်းတွေးမိပါသည် ဆရာလေး ဒေါ်သီလစာရီသည် အခတ်အခဲများစွာကြားထဲမှ သာသနာကို မိမိရည်မှန်းထား ကြိုးပန်းအားထုတ် ထားသည့်အတိုင်း အောင်မြင်စွာထိုးဖောက်နိုင်မည် ဆိုသည်ကို ယုံကြည်မိပါသည်။

ထို့အတွက်ကြောင့် ဆရာလေး ဒေါ်သီလစာရီ၏ သာသနာပြုချင်သောစိတ်ဓါတ် ။ ရည်ရွယ်ချက်များ အဓွန့်ရှည်တည်မြဲစေနိုင်ရန်အတွက် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းတို့ကို မိမိတို့နိုင်သလောက် ၀ိုင်းဝန်ကူညီလှုဒါန်းကြဖို့တိုက်တွန်းလိုက်ပါသည်။

ကျောင်းတိုက်အတွင်း တစ်နေတာ အာရုံဆွမ်းအတွက် အာရုံ-၃၀၀၀၀(သုံးသောင်း) နေ့လည်ဆွမ်းအတွက် -၅၀၀၀၀(ငါးသောင်း) ပုံမှန် ကုန်ကျစရိတ်ရှိတယ်လို့ သိရပါသည်။

ကျောင်းတိုက် အတွက် သို့မဟုတ် ဆွမ်း၊ သင်္ကန်း၊ ဆေးအတွက် လှုတန်းလိုသော ဗုဒ္ဓဘာသာဝင်သူတောင်ကောင်းတို့အနေနှင့် ကျောင်းတိုက်သို့ တိုက်ရိုက်သောလည်းကောင်း စာရေးသူထံသို့ ဆက်သွယ်၍ လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သလို ဆောင်ရွက်လှူဒါန်းနိုင်ကြပါသည်။

သီလ၀တီစာသင်တိုက်မှ ကြည်ညိုဖွယ်ရာ စာချ ၊ စာသင်သီလရှင်ဆရာလေးများ


စာရေးသူလိပ်စာ
pyinnyarnanda@gmail.com
phone- 0094112913008

မုံရွာမြို့ သီလ၀တီ စာသင်တိုက်လိပ်စာ

ဒေါ်သီလစာရီ
သီလ၀တီစာသင်တိုက်
စန္ဒကူးလမ်း
စက်မှုဇုံ
မုံရွာမြို့
စစ်ကိုင်းတိုင်း
ဖုန်း-၀၀၉၅-၇၁-၂၅၇၄၂

နောက်ပိုင်း တခြား စာသင်တိုက်များကိုလည်း ယခုလို ရှာဖွေပြီး တင်ပြသွားမှာဖြစ်ပါတယ်။
ကျေးဇူးတင်လျှက်..........



10/20/2009

ဆောင်ရန်ရှောင်ရန်.........


လောက၌ ရှောင်ရန် ၄-ပါး

၁။ ဦးချိုရှိသော သတ္တ၀ါတို့ကို အတောင် ၅၀ ရှိလောက်သော အရပ်ကနေ ရှောင်ကြဉ်ရာ၏။
၂။ အဆွယ်ရှိသော ဆင်ကို အတောင် ၁၀၀ ရှိသော အရပ်မှနေ ရှောင်ကြဉ်ရာ၏။
၃။ မြင်း သတ္တ၀ါတို့ကိုကား အတောင် ၁၀၀ အရပ်မှာနေ ရှောင်ကြဉ်ရာ၏။
၎။ မကောင်သော လူယုတ်မာ တို့ကိုကား အရပ်ကို စွန့်သဖြင့် လျှင်မြန်စွာ ရှောင်ကြဉ်ရာ၏။

သရဏဂုံ(စရဏဂုံ) ဆောက်တည်ခြင်း အကြောင်း -၄ ပါး

၁။ အမျိုးအမှတ်ဖြင့် ရှိခိုး ကိုးကွယ်ခြင်း ၊ မမြောက်ပါ

၂။ ဘေးကိုကြောက်သောအားဖြင့် ကိုးကွယ်ခြင်း၊ မမြောက်ပါ
၃။ ကျေးဇူးရှင် ဆရာအဖြစ်ဖြင့် ကိုးကွယ်ခြင်း၊ မမြောက်ပါ
၎။ မြတ်သော အလှူကို ခံတော်မူထိုက်သော အားဖြင့် ရှိခိုးကိုကွယ်ခြင်း၊ သရဏဂုံ (စရဏဂုံ) မြောက်ပါသည်။

သီးခံခြင်း အကျိုး ၅- ပါး

၁။ လူအများချစ်ခင်ခြင်း

၂။ ရန်ငြိမ်းခြင်း
၃။ အပြစ်နည်းခြင်း
၎။ အတွေမဝေသေရခြင်း
၅။ သုဂတိသို့ လားရခြင်း

သီးမခံခြင်း အကျိုး ၅ - ပါး

၁။ လူအများ မနှစ်လိုခြင်း
၂။ ရန်များခြင်း
၃။ အပြစ်များခြင်း
၎။ တွေဝေ၍ သေခြင်း
၅။ အပါယ်သို့လားရခြင်း

အားလုံးသော စာဖတ်သူတွေ အရှင်တင်ထားသော စာကိုဖတ်ပြီး ရှောင်နိုင် ဆောင်နိုင်ကြပါစေ.................



10/08/2009

တရားဆေွးနွေးခြင်းဆိုသည်မှာ........



ဓမ္မ ကိုဆွေးနွေး တဲ့ အခါ မှာ တခါ တလေ ဓမ္မ ကနေ အဓမ္မတွေ ဖြစ်သွားတတ်ပါတယ် ဘယ်အရာရာကိုပဲ ဖြစ်ဖြစ် ဓမ္မနည်းကျဆွေးနွေး ရန်တွက် မြတ်ဗုဒ္ဓ က သေချာ စေ့စေ့စပ်စပ်ဟောပေးခဲ့ ပါတယ်.............

အများစုသော လူတွေ ဟာ ဘယ်အကြောင်းအရာကိုပဲဖြစ်ဖြစ် အငြင်းသန်ပြီးရန်ပွဲတွေ ဖြစ်တာ ကြားဘူး သလို မုန်းသွားတတ်တာတွေလဲ ဖြစ်တတ်ပါတယ် ဒါကြောင့် ဘုရားရှင်ဟောထားခဲ့ တာ ကို သိစေချင်ပါတယ်။

အဂုင်္တ္ထုရ် တိကနိပါတ် ကထာဝတ္ထု သုတ် မှ သိခြင်းနှင့် ကြည်ညိုခြင်း ဟာ စင်စစ် သိခြင်းကြည်ညိုခြင်း အကျိုးငှာ လို့ ဆိုတဲ့ စကား ဟာ သိဖို့ အတွက် ၊ ကြည်ညိုခြင်း ဖြစ်ဖို့ အတွက်သာ ပညာရှိ သူတော်ကောင်းများဟာဆွေးနွေးသင့်တယ် လို့  ဆုံးမ တဲ့ စကားဖြစ်ပါတယ် ။

ဘုရား စကားဟာ ဘယ်လောက်ကြည်ညို ဖို့ ကောင်းသလဲ ..... ဒီသုတ္တန် ဟာ ဘ၀ရှေ့ ဆောင် ဓာတ်မီးရောင် တခု ပါပဲ ..... ဒီသုတ်မှာ ဘုရားက တရားကို ဓမ္မနည်းကျဆွေးနွေး ပုံသဘောကို အတိကျ သတ်မှတ် ပြီး ဟောပါတယ် ဒီတရားကိုသာ တစ်ကမ္ဘာ လုံးက လူ တွေလိုက်နာ ကျင့်ကြံ မယ်ဆို ရင်တောင် ပြသာနာမှန်သမျှ ဖြေရှင်း နိုင်မယ်လို ထင်ပါတယ်....................


ဘုရားဟောတဲ့ ဓမ္မနည်းကျ ဆွေးနွေးမူရဲ့ အဓိက ကျတဲ့ အချက် တွေရှိပါသည်။

(၁) ပညာရှိ သည် မဆန့် ကျင် မထောင်လွှား ဘဲဆွေးနွေးသင့်တယ်၊

(၂) မပြန့် လွင့်တဲ့ စိတ်နဲ့  ဆွေးနွေးသင့်တယ်၊


(၃) ဂုဏ်မပြိုင် နိုင်ထက်စီးနင်းမပြု ဘဲ ဆွေးနွေးသင့်တယ်၊


(၄) ကောင်းစွာ သိလို့ သာ ဆွေးနွေးသင့်တယ် ၊


(၅) သူတစ်ပါးကို ချုပ်ချယ်စောင်းမြောင်း ခြင်း ကိုမပြုသင့်


(၆)ချွတ်ချော်သောစကား ကိုလည်း အပြစ်လို့ မယူသင့် ၊


(၇) ပါဠိ ပါဠ်သား များကိုရွတ်ဆိုပြီးလည်းမလွမ်းမိုး သင့် ၊


(၈) အကြောင်းပြပြီး ဖိနှိပ် ခြင်းကို လည်း မပြု သင့် ၊


(၉) အမှန်အမှား ရောထွေးတဲ့ စကားကိုလည်း မပြောသင့် ဘူးလို့ လဲ ဟောတဲ့ ဓမ္မနည်းကျ ဆွေးနွေးခြင်း လမ်းညွန်းခြင်း ကို သဘောကျနှစ်သက်မိပါတယ် ..............


နောက် ပြီးတော့ ဘုရား က ဆွေးနွေးသင့်တဲ့ ပုဂ္ဂိုလ် နဲ့ မဆွေး နွေးသင့်တဲ့ ပုဂ္ဂိုလ် ကိုခွဲခြား ပြီး စံထား အတိကျ ဟောထား တာလည်း ထူးခြား လို့ သဘောကျ ပါတယ် ဒါကြောင့် ဆက်လက် ရေးသားချင်ပါတယ်

(၁) ပြသာနာကို မေးလိုက်တဲ့ အခါ တိုက်ရိုက် ဖြေဆိုရမယ့် ပြသာနာမျိုး ဖြစ်ပါလျှက် တိုက်ရိုက်မဖြေချင်ဘူးတဲ့ 

(၂) ဝေဖန်ပြီး ဖြေဆိုရမယ့်ပြသာနာကိုလည်း ဝေဖန်ပြီးမဖြေ ဘူး တဲ့ 


(၃) တစ်ဖန်ပြန်မေးပြီး ပြန်ဖြေရမယ့် ပြသာနာ မျိုးကိုကျတော့ လည်းပြန်မေးပြီး မဖြေဘူး ၊


(၄)တချို့ ကျတော့ပြသာနာ ကို မေးလိုက်တဲ့ အခါ အကြောင်းဟုတ်သည် မဟုတ်သည်ကို လည်းမကြည့်  ၊


(၅) ကြံဆအပ်သောအရာကိုလည်းမကြံ ဆ၊


(၆) သိရမည့်ဝါဒ ကိုလည်းမပြနိုင်၊


(၇) ဖြေဆိုသူ တို့ ရဲ့ ကျင့်ဝတ်မှာလည်းမတည်ဘူးတဲ့ 


(၈) တချို့ ကျတော့ပြသာနာ ကိုမေးလိုက်အခါ စကားတခု ကိုတခြားစကားတစ်ခု (စကားကြောင်းလွဲ) ဖုံးကွယ် တတ်ကြပါတယ် တဲ့  ၊


(၉) မေးတဲ့ ပြသာနာနဲ့ မဆိုင်တဲ့ အပြင်စကားများကို ပြောပြီး ပြသာနာ ကို ပယ်တတ်ကြပါတယ် ၊

(၁၀) တချို့က လဲ စိတ်ဆိုး အမျက်ထွက် ပြီးမနှစ်သက်ဖွယ် အမူရာကိုလည်း ထင်စွာပြတတ်ကြပါတယ် တဲ့ ၊


(၁၁) တချို့ ကျတော့လည်းပြသာနာ ကို မေးလိုက်တဲ့ အခါ ပါဠိ ပါဠ် သားတွေကိုတသီကြီး ရွတ်ပြပြီး တစ်ဖက်သားကို လွှမ်းမိုး ဖို့ ကြိုစား တတ်တယ်တဲ့ 


(၁၂) တချို့က အကြောင်းမျိုးမျိုး ပြပြီးဖိနှိပ်တာ မျိုးလည်းခံရ တတ်ပါ တယ်တဲ့ 


(၁၃) တချို့ ကတော့ တတ်ယောင်ကား ပုံစံ မျိုးနဲ့မေးသူ ရဲ့ စိတ်မှာသံသယ ရှိလာအောင် ဟားတိုက်ရယ်မောတတ်ပါတယ်တဲ့  ၊


(၁၄) တချို့ က တော့အနည်း ငယ် မှားယွင်း ချွတ်ချော်တာတွေ့ ရင် အမှားဖမ်း တတ်ကြပါတယ် တဲ့။ အဲဒီသဘောရှိတဲ့ သူမျိုးနဲ့ မဆွေးနွေးသင့်  ဘူး လို့ ဘုရားဟောထားပါတယ်..................


ဘုရားဟောတဲ့ သဘောတရားကို နားလည်သဘောပေါက်ပြီး ဓမ္မဆွေးနွေး ရာမှာအဓမ္မ ဆွေးနွေးခြင်းများမှ ကင်းဝေးကြပါစေလို့ .......

10/07/2009

တော်သေးတယ်.


ဘ၀ .. ဘ၀ ငါ့ ဘ၀ ဆရာတော်က ပညာသွားသင်ဆိုလို့ ရန်ကုန်ကိုအလာ လမ်းမှာ ပိုက်ဆံလေး အိပ်ထဲထည့် ပြီး ကားပေါ်မှာ အိပ်ပျော်သွားလိုက်တာ အနားကကိုယ်တော် သူ့အိပ်ထင်ပြီး လမ်းမှာ ဆွဲကာ ဆင်းသွားတာကို မသိလိုက် သတိရလို ကြည့်လိုက်မိသောအခါ ဘေးမှာ သူ့အိပ်ကလေးကို မြင်လိုက်တယ် မြင်လိုက်ပြီးဆိုသည်နှင့် မှားသွားပြီးဆိုသည်ကို သိလိုက်ပါပြီး အိပ်ထဲကို ဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ပါပြီ ရှားရှားပါးပါး ပိုက်ဆံ ၅၀ တန်လေးတစ်ရွက်ထဲ စိတ်ထဲမှာ တွေးမိတယ် တော်သေးတယ် မျက်နှာသစ်ဖို့ ရေဖိုးလေးရလို့............


နိုင်ငံခြားကိုပညာသင် လာတော့လည်း လေယာဉ်ပေါ်မှာ လေယာဉ်မယ်က ဘာစားမလဲလို့ မေးတော့ ရပါတယ် ကြိုက်တာပေးဆိုတော့ ၀ီစကီလာချပေးသွားတယ် တော်သေးတယ်အနားက ဒကာက မြန်မာဖြစ်နေလို့...........


ကုလားပြည်မှာ သံဃာတွေ ဆွမ်းကပ်ရှိတော့ ကုလားဘုန်းကြီးတွေ နှင့်အတူ လိုက်သွားခဲ့ပါသည် ဆွမ်းကပ်တော့ ဟင်းပန်ကန်တွေချမပေးပဲ လိုက်ထည့်ပေးသော စနစ်ကိုသုံးပါသည် ယူမလား ဆိုတော့ ခေါင်းကလေးညိမ့်ညိမ့် ပြခဲ့မိပါသည် သဘောက ယူမယ်ပေါ့ ဒါပေမယ့် နောက်ဆုံး စားလို့ရပြီးဆိုတော့ ကိုယ့်ပန်ကန်ထဲမှာ ဟင်းတစ်မျိုးမှ ရှိမနေခဲ့ပါဘူုး တော်သေးတယ် အဆောင်က ပါလာသော ငါးပိဗူးလေး ရှိနေလို့..........( မှက်ချက်။ ကုလားတို့၏ ဓလေ့သည် ခေါင်းခါသည်ကို လက်ခံသည်ဟု ယူ၍ ခေါင်းညိမ့်သည်ကို ငြင်းဆန်သည် ဟု ယူဆပါသည်) ထို့ကြောင့်သာလျင် အကျွန်ုပ်သည်...........


အရှင် နှစ်ဝက်ပတ်ဝန်ကျင်လောက်က ကိုရီးယားကို အတန်းဖေါ် တရုတ်ဘုန်းတော်ကြီးတပါး နှင့်အတူ အလည် သွားတော့ မြန်မာပြည်ထုတ် ကတီးပါ ဖိနပ်အသစ်ကလေးကို စီးလို့ပေါ့ .. ဖြစ်ချင်တော့ လေယာဉ်ကအဆင်း ဗိုလ်ကပြားကြီးတစ်ဦးက အရှင်၏ ဖိနပ်နောက်ပိုင်းအစွန်းကို အားရပါးရ ဖိပြီးအနင်း အရှင်က ရှေ့ကို အလှမ်း ဟတ်ထိုးလဲကျကာ ရှေ့မှာသွားနေသော ဗိုလ်ကပြားမကြီး၏ နောက် တင်ပါးကို ခေါင်းနှင့်ဝင်တိုက်မိသွားပါတယ် ဒါနဲ့ အရှင်က ကပြားမကြီးကို (Sorry Madam..) လို့ဆိုလိုက်တော့ သူကပြန်ပြောတယ် (Oh. .. feeling is so good. ) ဆို ပြီး အရှင့်ကို မျက်လုံးတစ်ဖက် မှိတ်ပြသွားခဲ့ပါသည် တော်သေးတယ် မျက်လုံးနှစ်ဖက်မှိတ်မပြခဲ့လို့....... ( နောက်တော့ ခင်မင်သွားခဲ့ပါသည်)......

သစ်ပင်.


တစ်နေ့ အရှင် ညနေပိုင်း ပင်လယ်ကမ်းခြေ နားကို လမ်းလျှောက်သွားတော့ အင်မတန် ထုးဆန်းသော အကိုင်းအခတ်တွေမရှိပဲ ထီးထီးရှိနေသော သစ်ပင်အိုကြီးတပင်ကို တွေ့လိုက်ပါတယ် ထိုင်ချင်စိတ် ပေါက်သွားတာနှင့် သစ်ပင်၏ ဘေးဘက်ရှိ ကျောက်တုံးပေါ်မှာ ထိုင်လိုက်ရင်းဖြင့် ဒီသစ်ပင်ကြီးဟာ ဟိုတုန်းကဆို တော်တော်လေး အရိပ်အာဝါသကောင်းမယ် အသံထွက်အောင်ပြောနေတုန်းရှိသေး ငိုသံကြားလိုက် မိတယ် ဘယ်ကအသံပါလိမ့်ဆိုပြီးကြည့်လိုက်တော့ ဘယ်ဟုတ်မတုန်း သစ် ပင်ကြီးက ငိုနေတာလေ။ ဒါနဲ့ အရှင်က တယ်ထူးဆန်းလိုက်ပါဘိ သစ်ပင်အို ဘာကြောင့် ငါ၏ရှေ့မှာ ခုလို ၀မ်းနည်းစွာ ငိုပြနေရတာတုန်းဆိုတော့ သစ်ပင်အိုက ကိုဝင်းဦးနှင့်တူသော ဆရာတော်ဘုရား,
ဟိုတုန်းက ဆို တပည့်တော်မှာ အလွန့်ကို ကြီးမားတုတ်ခိုင်ပြီး လက်တန်တွေနှင့်တူသော အကိုင်းအခတ်တွေ။ စိမ်းစိုလှပနေသော အစိမ်းရောင် သစ်ရွက်တွေ။ ကြီးမားသော ပင်စည်နှင့် ချိုမြိန်သော အရသာရှိသော အသီးအပွင့် တွေကို ပိုင်ဆိုင်ရသော သစ်ပင်ကောင်းကြီးတစ်ပင်ပါလို့ပြောတယ်။ အရှင်ကလည်း ပြန်ပြောပါတယ် ဘာကြောင့်များ ယခုလို့ အကိုင်းမရှိ အရွက်မရှိ ဖြစ်သွားသလဲဆိုတော့ သူကပြောပါတယ် တပည့်တော်ကို ကူညီပါဘုရား ဘာလည်းပြော နိင်သလောက်ကူညီမယ်ဆိုတော့ ၀မ်းသာလိုက်တာ ဆိုပြီး ဒါဆိုလူတွေ တွေ့ရင်လည်း ပြောပေးပါ တိရစ္ဆာန်တွေ့ တွေ့ရင်လည်း ပြောပေးပါ ကိုဝင်းဦး။ ကိုနိုင်းနိုင်း။ ကိုနေထက်လင်းနှင့်တို့က လိုက်၍တူနေပါသော အရှင်ဘုရားတဲ့။ ( ကိုယ်တိုင်လည်း သိနေတာဆိုတော့ သူပြောလည်း မမြောက်ပါဘူးလေ) ကောင်းပါပြီး ဆိုတော့ ခြေများစွာရှိသော သတ္တ၀ါ ခြေရှစ်ချောင်း ခြေလေးချောင်း ခြေနှစ်ချောင်း ရှိသော သတ္တ၀ါ တွေ နှင့် ခြေမရှိသော မြွေစသော သတ္တ၀ါတွေ အားလုံးတို့သည် တပည့်တော် ၏ အရိပ်ကိုလည်း ခိုလှုံကြပါသည်။ တပည့်တော်၏ အသီးအရွက်ကိုလည်း စားသုံးကြပါသည်။ အသီးအရွက်တွေတင်မကပါဘူး အကိုင်းကလေးတွေကိုလည်း တစ်ခါတစ်လေ ချိုးသွားခဲ့ပါသည်။ ငှက် ရှဉ့် စသော အကောင်းတွေကလည်း သူတို့၏ အိမ်သဖွယ်အသိုက် အအုံတွေနှင့် ဆောက်လုပ်ကာ နေထိုင်ခဲ့ကြပါသည်။ တပည့်တော် လည်း ဒါကို အလွန် သဘောကျခဲ့ပါသည်။ ငါ့ကို အမှီပြုပြီးတော့ အားလုံးသော သတ္တ၀ါတွေ ကျန်းမာ ချမ်းသာကြတယ် ဆိုတော့ ဘယ်သူက ၀မ်းမသာပဲရှိပါမလဲဘုရား။ ဒါကြောင့်လည်း သူတို့အားလုံးကို လိုလိုလားလားနှင့်လည်း လက်ခံခဲ့ပါသည်။ နောက်ပိုင်း တပည့်တော်အပေါ် မစင်စွန့်ခြင်း အပေါ့သွားခြင်း စသည်တွေကိုပါ ပြုလုပ်လာပါသော်လည်း တပည့်တော် သူတို့အားလုံးကို အပြစ်မယူခဲ့ပါဘုရား။ အပြစ်မပြောခဲ့ပါ။ ဆောင်းတွင်းပိုင်းမှာ သူတို့တွေကို ချမ်းမှာစိုးလို့ တပည့်တော် ရဲ့ အရွက်ခတ်တွေနှင့် ကာကွယ်ပေးခဲ့ပါသည်။ နွေပိုင်းရောက်တော့လည်း အေးချမ်းမှုကိုရအောင် အရွက်ကို ပေါများအောင်ဆောင်ရွက်ပေးခဲ့ပါသည်။ မိုးတွင်းပိုင်းရောက် ပြန်တော့လည်း တပည့်တော် မိုးမှ သူတို့ကို ကာကွယ်ပေးခဲ့ပြန်ပါသည်။ သစ်တောက်ငှက် စသော ငှက်တွေသည် တပည့်တော် ၏ ကိုယ်ပေါ်ကို နှုတ်သီးဖြင့် ထိုးဆွ ပြီး သူတို့၏ အစာအဟာရကို ရှာဖွေ ကြပါသည်။ အလွန်ကို နာကျဉ်သောလည်း အပြုံးမပျက်ခဲ့ပါ။

နောက်ပိုင်း သစ်ပင်ပေါ်မှာ နေထိုင်ခွင့်ပြုထားသော သတ္တ၀ါတွေကလည်း တပည့်တော်ကို ဒုက္ခပေးနေပါပြီး နွားစသော အကောင်တွေလည်း တပည့်တော်၏ အရွက်အခက် တွေကို ဆွဲ၍ ဆွဲ၍ စားသောက်နေကြပါဘည်။ နာကျဉ်လွန်းလှ ပါသည်ဘုရား၊ အရှင်တို့လို လူစသောသတ္တ၀ါတွေကလည်း တပည့်တော် ၏ အရိပ်ကိုနား အသီးကို စားပြီး တပည့်တော် သတ်ဖို့ကြံနေပါပြီ။ တပည့်တော် သူတို့ကို အပြစ်တစ်စုံတရာမလုပ်ခဲ့မိပါဘုရား သူတို့သာလျင်တပည့်တော် ကိုမှီပြီး ချမ်းသာနေကြပါသည်။ တပည့်တော်၏် အပေါ်မှာနေထိုင်နေကြသော သတ္တ၀ါတွေကလည်း နှိပ်စက် အောက်က အသိဉာဏ်ရှိသော သတ္တ၀ါတွေကလည်း နှိပ်စက၊် ကြာတော့ တပည့်တော် သိလိုက်ပါပြီဘုရား ငါ့ကို သူတို့ဘာကြောင့် သတ်ချင်နေပါလိမ့်ဆို ပြီး စဉ်စားမိလိုက်တော့ တပည့်တော်၏ တုတ်ခိုင်သော လက်တွေကြောင့် တပည့်တော်၏ ကြီးမားတောင့်တင်းလှသော ပင်စည်ပင်ကြောင့် တပည့်တော် ခု ပျက်စီးရတော့ မယ်ဆိုတာကို သိလိုက်ရပါသည်။ တစ်နေ့ အဲဒီနေ့ကို တပည့်တော် ဘယ်တော့မှ မမေ့ပါ မိုးမလင်းခင်ဆူဆူညံညံ အသံတွေကြောင့် တပည့်တော်ကြည့်လိုက်မိပါတယ် လာနေကြပါပြီ လူတစ်စု တပည့်တော်ကို သတ်ဖို့အတွက် လက်ထဲမှာလည်း လွှတွေ ဆောက်တွေ တူတွေ ရဲတင်းတွေ ပုဆိန်တွေ ကြိုးတွေ အစရှိသည်ကိုကိုင်ပြီး ရယ်ရယ်မောမောနှင့် လာနေကြပြီ၊ သစ်ပင်ပေါ်မှာ အိပ်ပျော်နေကြကုန်သော သတ္တ၀ါတွေလည်း ကြောက်လန့်တကြား သားငယ်သမီးငယ်တွေကို လက်ဆွဲ ပြီး အဝေးကို ထွက်ပြေးသွားကြပါပြီ၊ ငါတစ်ဦးသာလျင်ရှိပါရော့လားလို့ တွေး ရင်း သူတို့ကို ကြည့်နေမိပါသည်။

ပထမဆုံးတပည့်တော် အပေါ်ကို တစ်ဦးတက်လာပြီး ပါလာသော ရဲတင်းနှင့် တပည့်တော် ၏ လက်တွေကို မညာမတာ ရက်ရက်စက်စက် ခုတ်ဖြတ်နေပါပြီး နာကျဉ်လိုက်တာဘုရား တပည့်တော် မခံစားနိုင်လောက်အောင်ပါပဲ။ ဒီလိုနှင့် တပည့်တော်မှာ လက်တွေမရှိတော့ပါဘူးဘုရား။ အောက်ကို ကျသွားသော အကိုင်းတွေကိုလည်း လူအများက အားရပါးရ ခုတ်ထစ်နေလိုက်ကြတာ တပည့်တော် ဘယ်လိုကြည့်နိုင်မလဲ၊ ပုဆိန်ဖြင့် မပြတ်မချင်း ခုတ်နေကြတာကို အရှင်ကိုယ်ချင်းစာမယ်လိုထင်ပါတယ် အသားကိုခုတ်ကြည့်စမ်းပါ ဘယ်လိုခံစားရမှလည်းဆိုတာ။ နောက်တော့ တပည့်တော်၏ အောက်ပိုင်း ဘေးပတ်ပတ်လည် ကို ပုဆိန်နှင့် ရစ်၍ရစ်၍ ခုတ်နေကြပါသည်။ တပည့်တော်ကို သူတို့ အသေသတ်နေကြပြီဆိုတာကို သိလိုက်ပါပြီ။ တပည့်တော်မောနေပြီ အတိုချုပ်ပြီးပြောမယ်ဘုရား. ဒီလိုနဲ့ သူတို့တွေ တပည့်တော် ကိုခုတ်ပိုင်းတစ်ယူသွားပြီး တစ်ချို့ဆိုရင် အိမ်ဆောက်တယ်။ ခုန်ဖိနပ်လုပ်တယ်။ အိမ်အသုံးအဆောင်တွေလုပ်ကြပါသည်ဘုရား။ ဒါပေမယ့် အဲဒီဘ၀ရောက်တဲ့အထိ တပည့်တော် သူတို့အပေါ်ကို အပြစ်မမြင်ခဲ့ပါဘူး။ သူတို့အလိုကျ နေခဲ့ပေးရပါသည်။

ခုလည်းမကြာခင် သူတြို့ပန်လာပြီး တပည့်တော်ကို အရင်းကနေ တူးကြတော့မယ်ဘုရား။ တပည့်တော် အရှင်ဘုရားတို့လို အသိဉာဏ်ရှိတဲ့သူတွေကို ကြောက်သွားပါပြီ။ လူတွေက တကယ့်ကို ကြောက်စရာအကောင်းဆုံး အန္တရာယ်အရှိဆုံးဆိုတာကို တပည့်တော်ခု သဘောပေါက်သွားပါပြီ၊ တပည့်တော် တစ်သက် မကောင်းတာကိုမလုပ်ခဲ့ပါ အားလုံးသော သူမြတ် သူယုတ် ဆိုပြီးမရွေး တပည်တော့်၏ အရိပ်မှာ လက်ခံခဲ့သလို အမောတွေကိုလည်း ပြေပျောက်စေခဲ့ပါသည်။ ဒီအကြောင်းတွေကို အားလုံးသော သူတွေသိအောင် ပြောပြပေးပါဆိုပြီး ၀မ်နည်းစွာ ငိုကြွေးနေပါသည်. ဒီအချိန်မှာ ပဲတိုက်တိုက်ဆိုင်ဆိုင် လူတစ်စု ကလာပြီး သစ်ပင်ကို ကြိုးတွေနှင့်ချည် အပြီးအပိုင်လှဲအချ မလှဲခင်အချိန်လေးအတွင်း မှာ သစ်ပင်အိုက မျက်ရည်စတွေနှင့်အတူ အရှင့်ကို တပည့်တော် နောက်ဆုံး နှုတ်ဆက်ခဲ့ပါသည် တပည့်တော် သေရမှာ မကြောက်ပါဘုရား ။
ဒီအကြောင်းလေးတွေကိုသာ လူအများအားပြောပြပေးပါ ဆိုပြီး အရှင့်ကို မျက်နှာအလွဲ အမြစ်ကနေ ဘေးကို တစ်ခါတည်း လဲကျသွားပါတော့တယ်။ သွားရှာပြီ အကယ်၍များ ဤ သစ်ပင် အိုသာ ဆက်လက်အသက် ရှင်နေမည် ဆိုပါက ဒီသစ်ပင်ကို အကြောင်းပြုပြီး အားလုံးသော သတ္တ၀ါတွေ အရိပ်ကိုလည်း ခိုနှိင်မယ် အသီးကိုလည်း စားသုံးနှိင်မယ် သတ္တ၀ါတွေလည်း နေနိုင်ထိုင်နိုင်တယ် ဆိုတာကိုတွေးလိုက်မိပါသည်။ နောက်တော့ အရှင်လည်း စိတ်မကောင်းကြီးစွာဖြင့် သစ်ပင်အိုကို တစ်ချက်ကြည့်ပြီး အဆောင်ကို ပြန်လာခဲ့ရင်း တွေးလိုက်မိပါသည်။

အော် လူ ......လူ...........

10/05/2009

သတိရနေဆဲပါဆရာ...........


အချိန်က နံက် ၅ နာရီ မိုးမလင်းတလင်း ပြာသိုလ်လ ဖြစ်သည်အလျောက် ကောင်းကင်ယံထက်တွင် မြူနှင်း မြူခိုးများက သိပ်သည်းစွာ တွယ်ကပ် ရစ်တွယ်နေသလို မြေပြင်သို့လည်း ကျဆင်းနေပါသည်။ ပြာသိုလ်၏ ဘုရင်မဖြစ်သော ဆောင်ဟေမာန်သည် လောကကို အတ္တ ဖြင့် အလင်းရောင်ကိုမပေး သည့်အပြင် သူမ၏ ဆံပင်ကိုပါ ဖားလျားချလျက် အမှောင်ကိုချထားသောအချိန်ကာလ။ လေတိုက်သောအသံ နှင့်အတူ အကောင်ငယ် လေး များ၏ တစ်ခါ တစ်ခါ အော်ဟစ်နေသော အသံများ။ ပုံမှန်မဟုတ်သော တိတ်ဆိတ်ငြိမ် သတ်ခြင်းမျိုးဖြင့် ငြိမ်သတ်နေသော ဘုန်းတော်ကြီးကျောင်းနှင့် ရွာကလေး တစ်ရွာ။ တစ်ခါတစ်လေ မှ သာလျင်ကြားရသော သက်ကြီးရွယ်အို များ၏ချောင်းဆိုးသော အသံနှင့် ကလေးငယ် လေးများ၏ ငိုယိုသံအချို့။ ဘုန်းတော်ကြီးကျောင်းအတွင်းဝယ် မီးတုတ်ကိုယ်စီ ကိုင်၍ ပြာပြာပြာပြာဖြင့် သွားလေနေကြကုန် သော ရွာသူ ရွာသားများ၊ ပုံမှန်မဟုတ်သော လျောက်လှမ်းပုံမျိုး ဖြင့် လျောက်လှမ်းတော် မူနေကြကုန်သော ရဟန်း သာမဏေအရှင်သူမြတ်များ၊ စိုးရိမ်သံ၊ သောကသံတွေနှင့်အတူ တစ်ခုခုဖြစ်မည်ကို စိုးရိမ်းသည့်အလား ပြောဆိုနေကြကုန် သော ဟိုတစ်စု ဒီတစ်စု ရွာသူ ရွာသားများ။ ခွေအကောင်ရေများ၍ အမြဲတန်းဆူညံ နေသော ခွေးအုပ်သည် ယနေ့မနက် တစ်စုံတစ်ခု ဖြစ်လာမည့် ကို ကြိုတင်သိထားသည့်အလား တိတ်ဆိတ်ငြိမ်သတ် နေကြပုံများ .. ဘာတွေလည်း ဘာတွေ ဖြစ်နေတာလည်း ဆိုပြီး သံသယ များနှင့် လှေကားပေါ်ကိုအတက် ကြားလိုက်ရသည့် အသံများကြောင့်..............

အရှင် စီးနင်းလိုက်ပါလာသော ကားသည် တခါမှ မဖြစ်စဘူး ယနေ့ညကျမှ ဘာကြောင့်ယခု လိုမျိုးဖြစ် နေရ ပါ လိမ့်။ ရန်ကုန်က ည ၈ နာရီစတင်ထွက်ခွာလာသော အဝေးပြေးကားကြီးသည် ပြည်မရောက်ခင်အထိ ကားဘီး နှစ်ခါဆက်တိုက် ပေါက်ပါသည်။ စိတ်က ရွာကိုသာ မြန်မြန်ရောက်ချင် နေသည်ဆိုမှ ကားကလည်း ခဏခဏကို ပျတ်ပြနေပါသည်။ ကောင်းသွား၍ ကားပုံမှန်သွားနေသော အခါတွင်လည်း အမြန်ရောက်ချင်သည့် စိတ်ကြောင့် နှေးသည်ဟု ထင်နေပါသည် ၊ နောက်ကို လှည့်ကြည့်မိလိုက်တော့ ခရီးသည်တွေ အားလုံးသည် ပင်ပန်း၍သောလည်းကောင်း၊ ရာသီဥတုက အေးလွန်းသောကြောင့်သောလည်ကောင်း အိပ်ပျောနေကြပါသည်။ ပုံမှန်ဆို အရှင်သည်လည်း ဒီအချိန်ဆိုလျင် ကားပေါ်မှာ ကျိန်းနေကြပါ သို့သော ယခု ကျိန်းနိုင်ခြင်းမရှိပါ စိုးရိမ်းစိတ် တွေ၊ သောကစိတ်တွေကြောင့် တစ်ကိုယ်လုံး ချွေးတွေထွက်ခဲ့သည့်အထိ ပူလောင်နေပါသည်။

နုတ်မှာလည်း "မဖြစ်နိုင်ဘူး" "မဖြစ်နိုင်ဘူး" စသည်ဖြင့် အရှုးတစ်ယောက်လို ရေရွတ်နေမိရင်း အိပ်ထဲမှ စာရွက်ကလေးကို တစ်ခါထပ်ပြီး ဖတ်လိုက်မိတော့ စာရလာပုံလေးကို သွားပြီး မြင်ယောင်မိလိုက်ပါသည် ။ မော်လမြိုင်မြို့ ရဲကျောင်းစာသင်တိုက်တွင် မနက် ၈ နာရီစာဝါအချိန် စာသင်သားတွေနှင့် အတူ စာချဆရာတော် ၏ စာချမှုအပေါ်မှာ ရိုသေစွာနာယူ နေတုန်း မျက်လုံးထောင့်မှစာပို့သမားလုင်တဦး ဆရာတော်ကို စာပေးခဲပြီး ထွက်သွားတာကို မြင်လိုက် မိပါသည်။ မိမိထံလာသော စာမဟုတ်လောက်ဟု ထင်ပြီး စာကို ပြန်ပြီး အာရုံစိုက်နေတုန်း ပုခုံးကို လာရောက်ကိုင်လိုက်သော လက်တစ်စုံကြောင့် နောက်ကိုလှည့်ကြည့်လိုက်မိတော့ တွေ့လိုက်သည်က ကျောင်းထိုင်ဆရာတော် ဆရာတော်ကိုယ်တိုင် လာပြီးခေါ်တာဆိုတော့ အကြောင်းထူးပြီးပေါ့ ဆရာတော်က တခြားစာသင်သားတွေ စာပျက်မည်ဆိုး၍ အရှင့်လက်ကိုဆွဲပြီး တစ်နေရာကို ခေါ်သွားပါတယ် လူရှင်းသောနေရာ ရောက်တော့ မင်းရွာကို အမြန်ပြန်ရမယ် ဆိုသောအခါ အံ့အြသွားခဲ့မိပါသည်။ တပည့်တော်မှာများ ဆရာတော်တို့ကျောင်းနှင့် ပတ်သတ်၍ အမှားလုပ်မိတာရှိလို့လား ဘုရားဆိုတော့ မဟုတ်ဘူးတဲ့ ဒီညနေ ရသောကား နှင့် ပြန်လိုက်ပါဆိုတော့ ဘာကြောင့်လည်းမေးတော့ ဆရာတော်က သံကြိုးစာလေးကို ထုတ်ပြပြီး ဒါအတွက်ကြောင့်ပြောတာပါလို့ပြောပါသည်။

ပြောနေရင်း ဆရာတော်ကိုကြည့်လိုက်တော့လည်း.. အို.. ဆရာတော်၏ မျက်လုံးမှာလည်း စိတ်မကောင်းဟန်တွေနှင့်ပါလား၊ စာကိုတောင် မဖတ်ရဲအောင် ဖြစ်သွားခဲ့မိပါသည်။ "သဘာဝတရားကို မည်သူမှ လွန်ဆန်လို့မရဘူးတဲ့" ဘုရားရေ ဘာကြောင့်ဆရာတော်က ဒီလိုပြောလာပါလိမ့်ဆိုပြီး သံကြိုးစာကလေးကို ဖတ်ကြည့်လိုက်တော့ အရှင် အရုပ် ကြိုး ပြတ်မတဲ့ ခံစားပြီး မိုက်ခနဲဖြစ် သွားခဲ့ပါသည်။ ဆရာတော်ကထိန်းပြီး စိတ်ကို အေးအေးထားပါ ဆိုပြီး သွားတော့ လုပ်စရာရှိတာလုပ်ဟု ပြောပြီး အနားမှ ထွက်သွားပါသည်။ ဆရာတော်ကျောပြင်ကို ကြည့်နေမိရင်း ငါများစာဖတ်မှားတာလားမသိဘူးဆို ပြီ စာထဲက အကြောင်းအရာလေးကို နုတ်ကထွက်ပြီး ဖတ်ဖို့အားယူလိုက်တော့ .. ကားစပါတ်ယာက ဦးဇင်းရွာနားကိုရောက်ပြီးလို့အော်လိုက်တော့ တွေးလက်စအတွေးတွေ ဖြတ်ပြီး အထုပ်ကိုင်ပြီး ကားပေါ်ကနေ ဆင်းလိုက်ပါသည်။

နာရီကိုကြည့်လိုက်တော့ နံနက် ၅ နာရီ နှင်းတွေက ကောင်းကင်မှာပါ တွဲလွဲခိုနေသလို မြေပြင်ပေါ်ကိုလည်း ကျလျက်ရှိပါသည်။ ပုံမှန်ဆို အရှင်စာသင်တိုက်က နေပြန်လာရင် မောင်နှစ်မတွေ ရွာသူရွာသားတွေက ဘယ်လောက်ပင် မှောင်နေပါသောလည်း မီးတုတ်တွေကိုင်ပြီး လာကြိုကြပါသည်။ ရွာထဲမှာရှိ သော ခွေးတွေသည် လည်း အရှင့်ကိုမှတ်မိသည့်အလား အူလိုက်ကြသည်မှာ တရွာလုံး ဆူညံသွားတဲ့ အထိပါပဲ။ ခုကြည့်စမ်းပါဦး အရှင့်ကို ဘယ်သူမှာလည်း ကြိုမည့်သူမရှိ ရွာကလည်း ရွာသူ ရွာသား တွေမ ရှိသည့်အလား တိတ်ဆိတ်ငြိမ်သတ်၍နေပါသည်။ ခွေဟောင်သံတောင်မကြားရပါလား ဘုရားရေ.. ဘာတွေ.. ဘယ်လိုတွေ ဖြစ်ကုန်ပြီးလည်းဆိုပြီး စိုးရိမ်စိတ်တွေ သောကစိတ်တွေ ငယ်ထိပ်အထိ ရောက်လာပြီး မှောင် မှောင်မည်းမည်းထဲကနေ ရွာဦးကျောင်းကို မပြေးသည်တမယ် လျောက်ခဲ့ပါသည်။ ရွာထဲရှိအားလုံးသော အရိပ်အရောင်တွေကလည်း ၀မ်းနည်းမှုတွေကို ဖော်ဆောင်နေသယောင်ရှိပါသည်။ ရွာ၏ထိပ် ကျောင်းဝန်ထဲရောက်၍ ခပ်မြင့်မြင့် တောင်ပေါ်မှာ ဆောက်ထားသော ကျောင်းကိုလှမ်းကြည့်လိုက်တော့ မီးတုတ်တွေ တကျောင်းလုံး မှာ စိုက်ထားပါလား ကောင်ကင်ကိုမော့ကြည့်လိုက်သောအခါမှာလည်း ပြာသိုလ်၏ ဘုရင်မဖြစ်သော ဆောင်ဟေမာန်သည် လောကကို အတ္တ ဖြင့် အလင်းရောင်ကိုမပေး သည့်အပြင် သူမ၏ ဆံပင်ကိုပါ ဖားလျားချလျက် အမှောင်ကိုချထားသောအချိန်ကာလ။ ဘေးပတ်လည်ကို အာရုံစိုက်ပြီး ကြည့်လိုက်မိသော အခါမှာလည်း ၊ လေတိုက်သောအသံ နှင့်အတူ အကောင်ငယ် လေး များ၏ တစ်ခါ တစ်ခါ ဟောဟစ်နေသော အသံများ။ ပုံမှန်မဟုတ်သော တိတ်ဆိတ်ငြိမ် သတ်ခြင်းမျိုးဖြင့် ငြိမ်သတ်နေသော ဘုန်းတော်ကြီးကျောင်းနှင့် ရွာကလေး တစ်ရွာ။ တစ်ခါတစ်လေ မှ သာလျင်ကြားရသော သက်ကြီးရွယ်အို များ၏ချောင်းဆိုးသော အသံနှင့် ကလေးငယ် လေးများ၏ ငိုယိုသံအချို့။ ဘုန်းတော်ကြီးကျောင်းအတွင်းဝယ် မီးတုတ်ကိုယ်စီ ကိုင်၍ ပြာပြာပြာပြာဖြင့် သွားလေနေကြကုန် သော ရွာသူ ရွာသားများ၊ ပုံမှန်မဟုတ်သော လျောက်လှမ်းပုံမျိုး ဖြင့် လျောက်လှမ်းတော် မူနေကြကုန်သော ရဟန်း သာမဏေအရှင်သူမြတ်များ၊ စိုးရိမ်သံ၊ သောကသံတွေနှင့်အတူ တစ်ခုခုဖြစ်မည်ကို စိုးရိမ်းသည့်အလား ပြောဆိုနေကြကုန် သော ဟိုတစ်စု ဒီတစ်စု ရွာသူ ရွာသားများ။

ခွေအကောင်ရေများ၍ အမြဲတန်းဆူညံ နေသော ခွေးအုပ်သည် ယနေ့မနက် တစ်စုံတစ်ခု ဖြစ်လာမည့် ကို ကြိုတင်သိထားသည့်အလား တိတ်ဆိတ်ငြိမ်သတ် နေကြပုံများ ကိုသာတွေ့ရ မြင်လိုက်ရပါသည်။ .. ဘာတွေလည်း ဘာတွေ ဖြစ်နေတာလည်း ဆိုပြီး သံသယ များနှင့် လှေကားပေါ်သို့တစ်ထစ်ချင်း တက်လာပြီး ဆရာတော် သီတင်းသုံးနေသော အဆောင်နားရောက်သည့်အခါမှာ အိပ်ထဲမှာ စာရွက်ကလေးက ထွက်ကြလာပါသည်။ မီးရောင်အောက်ကလေးမှာ ၃ ကြိမ်မြောက် ဖတ်လိုက်သည့် စာ၏အကြောင်းအရာကတော့ အရှင့်နာမည် နှင့် "အမြန်ပြန်လာပါ ဆရာတော်၏ အသက်ကို မီချင်ရင်"စာကို အိပ်ထဲပြန်ထည့်ရင်း ဆရာတော်၏ အဆောင်နားကိုရောက်တော့ တအားမောနေပါသည်သုံးထစ်မျ သာရှိသော လှေကားကို စပြီးအတက် နောက်ဆုံးလေကားထစ်မှာ ကြားလိုက်ရသည့် အသံများကြောင့် အရှင့်လက်ထဲမှာ ကိုင်ထားသော အိပ်သည် တောင်အောက်သို့ အတားအဆီးမဲ့စွာ ကျသွားခဲ့သလို အရှင့်၏ ဒူးခေါင်းတွေသည်လည်း ဒယိမ်းဒယိုင်ဖြစ်သွားခါ လက်တန်းလေးကို ကိုင်လိုက်မိပါသည် အကယ်၍ မကိုင်လိုက်မိပါက အရှင်သည်လည်း အိပ်နှင့်အတူ ရောသွားပါလိမ့်မည်။

အားတင်းပြီးအထ နောက်တစ်ခါထပ်ပြီး ကြားလိုက်ပြန်ပါသည် ဒီတခါတော့ တရွာလုံးအသံပါလား ဘုရားရေ.. ဒါတွေက တကယ်ဖြစ်ခဲ့ပါပြီးကော်... ဆိုပြီး ကျောင်းပေါ်ကိုတက်အသွား တွေ့လိုက်ပါပြီး ကျေးဇူး တော်ရှင်ဆရာတော်ကို ရွာသူ ရွာသား နယ်သူ နယ်သားတွေရဲ့ အလယ် ဘုရားဆင်းထုတော် ၏ရှေ့ ကုတင်လေးမှာ မျက်လွာလေးကိုချ တရားထိုင်နေသည့်အလား ပျံလွန်တော်မူသွားနေသောဆရာတော်။ အရှင်လာတာကို မြင်လိုက်တယ်ဆိုသည် နှင့် "အမလေး ဆရာတော် ဆရာတော်ဘုရား မျော်နေသော ဆရာတော်၏ တပည့်လာပြီးလေ ငါတပည့်ကို ငါမသေခင်မှားသွားချင်ဆို ခုရောက်လာပါပြီးဘုရား ထပြီးကြည့်ရှု ဆုံးမပါအုံး ဆိုပြီး အော်ငိုလိုက်ကြသော ရွာသူရွာသားတွေ ၏ အသံအောက်မှာ အသက်ငယ်ငယ်ရွယ်ရွယ် ပုတုဇဉ်ရဟန်းတစ်ပါး ခံနိုင်ပါရော့လား။

မျက်လုံးမှ မျက်ရည်တို့သည် တွဲခိုနေသည်ကို အားမရပဲ အလုံးအရင်းနှင့် ပါးပြင်ပေါ်ကို အလုအယက် ဆင်းလားခဲ့ပါတော့သည်။ ဆရာတော်၏ နားကိုသွားတော့ မင်းလာတာနောက်ကျလိုက်တာကွာ လို့ ပြောသလို့ခံစားလိုက်ရပါသည်။ တပည့်ကို ခွင့်လွတ်ပါ ဆရာတော်။ ခင်ဗျာတို့ ဘာကြောင့် အရှင့်ကို ကြိုပြီးအကြောင်းမကြားတာလည်း ဆိုတော့ ဆရာတော်က မပြောခိုင်းတာတဲ့ ပြောရင် သူ့ကြောင့် အရှင့်မှာ စိတ်ပူပြီး စာမလုပ်နိုင်မှာဆိုလို့ ဖြစ်မှ ဖြစ်ရလေ ဆရာတော် တပည့်ကို ကြိုပြောသင့်ပါတယ် ရှိတာမှာ ဆရာနှင့်တပည့် ဘာကြောင့်ခုလို့လုပ်ရတာလည်း ဆိုပြီး ယူကြုံးမရခံစားခဲ့ပါသည်ဘုရား ဆရာတော် ကျမ်းမာရေးမကောင်းတာကိုတောင် ပြုစုခွင့်မရလိုက်သောတပည့် မကောင်းပေမယ့် ကောင်းသလို တပည့်ရှေ့မှာ ဟန်ဆောင်ပြီး ကွယ်ရာမှာ တပည့် မသိအောင် ကြိတ်ပြီး ခံစားနေရသော ဆရာတော်။ တပည့်မှတ်မိပါသေးတယ်ဆရာတော် တပည့်ဆရာတော်ကျောင်းကို ရောက်တော့ တပည့်နေမကောင်းဖြစ်တာ ဆရာတော် တစ်ညလုံးမအိပ်ပဲ တပည့်ကို စောင့်ရှောက်ခဲ့တာလေ ။ မျက်လုံးနာလို ဆရာဝန်က မြန်မြန်ပျောက်ချင်ရင် အိပ်ရာမထခင် မျက်နှာမသစ်ခင် နှာနေသောမျက်လုံးကို မျက်ဝတ်တွေ နှင့်တကွ လျာနှင့်လျှက် လိုက်လျင်ပျောက်တာမြန်တယ်ဆိုလို့ ဆရာတော်ကိုယ်တိုင် တပည့်မနိုးခင် မရွံမရှာလုပ်ပေးခဲ့သော ဆရာတော် တပည့်တော် ဘယ်လိုဖြေရမှာလည်း ဘုရား။ ဆရာတော်ကြတော့ တပည့်စာပျက်မှာ ဆိုးလို့ဆိုပြီး ဘာမှ မလုပ်ခိုင်းခဲ့ဘူး တပည့်တော် ဘယ်လိုလုပ်ပြီး ဖြေရမှာလည်း ဘုရား။ ကျလာသောမျက်ရည်တွေကို မထိမ်းနိုင်လို့ ရွာသူ ရွာသားတွေကို အရှင်က အားလုံး ခဏအောက်ဆင်းသွားဖို့ပြောတော့ အားလုံးဟာ ငိုသူငို တက်သူတက် နှင့် အောက်ကို ဆင်းသွားပေးကြပါသည်။ ကျောင်တော်ကြီးပေါ်မှာ ဆရာတော် နှင့် ချစ်တပည့် နှစ်ဦးတည်းပေါ့။ ပုံမှန် အရှင်စာသင်ကပြန်လာတိုင်း ဒီနေရာလေး မှာ ထိုင်ပြိး ဆရာတော်ကိုကန်တော့ ဆရာတော်က ဆုံးမှစကားတွေပြော တခါတလေ မင်းကတော်တော်မိုက်တယ် ဆိုပြီး သူလက်နှင့် အရှင့် ကျောကုန်းကို မနာအောင်ရိုက်ကာ ဆုံးမတက်သောဆရာ။ မင်းငါစကားကိုနားမထောင်ဘူး ငါမကြိုက်တဲ့ လူအလုပ်တွေကို မင်းလုပ်တယ်ဆိုပြီး ဒုတ်နှင့်ရိုက်ဆုံးမခဲ့သောဆရာတော်။

ဆရာတော်၏ နုးညံ့သော ခြေဖ၀ါးတော်လေးကို လက်နှစ်ဘက်နှင့်တရိုတသေကိုင် မျက်နှာလေးနှင့်ကပ်ပြီး တပည့်ပြန်လာပြီးလေ ဆုံးမစကားပြောပါအုံး။ တပည့်ကို ရိုက်ပါအုံး မင်းမိုက်တယ်ကွာလို့ ဆူပါဦးဘုရား။ တပည့် နိုင်ငံအတွင်းမှာ ကျော်ကြားတာကို ကြည့်ချင်တယ်ဆို .. တပည့် ကိုအမြဲတန်းအားပေးမူတွေ လုပ်ပေးခဲ့သောဆရာတော်။ တပည့် လူထွက်မှာဆိုးလို့ အမျိုးမျိုး ချော့ကာတလည့် ခြောက်ကာတလည့်နှင့် သာသာနာတော်မှာ အမြဲနေဘို့ပြောခဲ့သောဆရာတော်။ ခုတပည့်တော် ဆရာတော်အနားမှာလေဘုရား။ တပည့်တော် ဆရာတော်အသက်တောင်မမှီလိုက်ခဲ့ဘူးဘုရား။ တပည့်လေ ဆရာတော် စာရရ ခြင်း အမြန်လာခဲ့ပါတယ်ဆရာတော် တပည့်တော် ဆရာတော်၏ ကျောင်းလှေကားသုံးထစ်အရောက်မှာ ပျံလွန်တော်မူခဲ့တာပါဆရာတော်။ ကံဆိုးခဲ့ပါသည် ဘုရား။ အကယ်၍ လမ်းမှာ ကားသာကောင်းခဲ့ရင် အသက်ကို မီလောက်ပါတယ်ဘုရား။ ခု တပည့်ပါးပြင်မှာ မျက်ရည်မိုးတွေ ရွာသွန်းနေပါပြီးဘုရား မျက်ရည်တွေနှင်အတူဆရာတော်ကို တပည့်နောက် ဆုံးအကြိမ်ကန်တော့လိုက်ပါသည်ဘုရား။

ဆရာတော်ကို ဖတ်ဖတ်ပြီးငိုလိုက်တာ ဘယ်လောက်ကြလိုက်မှန်းမသိ လူတွေက တက်ခွင့်တောင်းတော့ မျက်ရည်တွေကို ကဗျာကရာထိမ်း လာကြလို့ ပြောလိုက်တော့ လူတွေငိုသံတွေအ စုံနှင့် တက်လာကြပေါ့ တပည့်ခံနိုင်မရှိခဲ့ပါဘူး ဆရာတော်။ တခြားကိုယ်တော်တွေက ခံနိုင်ရည်ရှိပေမယ့် မျက်ရည်တွေကို ထိမ်းလို့မရခဲ့ပါဘူးဆရာတော်။ ဒါကြောင့် တပည့် တစ်နေရာမှာ ငိုမလိုသွားတော့ တကာတစ်ယောက်ကခေါ်တယ် ဘာလည်းလို့ပြောတော့ သူက ပြောတယ် ဆရာတော်လက်ထဲမှာ စာလေးတစ်စောင်ရှိတယ်တဲ့ ဆရာတော်က သူအသက်မမီရင် အရှင်လာရင်ပေးပေးပါလို့ပြောခဲ့တယ် ဘုရားရေ ဘာစာလည်းဆိုပြီး ဖတ်ကြည့်လိုက်တော့ စာကိုဖတ်ပြီး အရှင်ဘယ်လိုမှ မျက်ရည်တွေကို လူတွေကြား မထိမ်းနိုင်ခဲ့တော့ပါဘူး။ ဆရာတော်၏ ကိုယ်ပေါ်ကိုခေါင်းစိုက်ပြီး အားရပါးရ ငိုခဲ့ရပါသည် ဆရာတော်။

တပည့် မမိုက်ပါနဲ့။ မထောင်လွားပါနဲ့။ မပါးလွားပါနဲ့။ ရိုးရိုးကျင့်ပါ မြင့်မြင့်ကြံပါ။ မင်း ကျောင်းဆက်တက်ဖို့အတွက် ငါ့ဗီရိုထဲမှာ ငွေတွေခွဲထားတယ်၊ မင်းကျောင်းစရိတ်အတွက် တစ်ပုံ။ ကျန်တဲ့နှစ်ပုံကို ကို လာသမျသံယာတွေကို လှုလိုက်ပါ ငါကို ကြာကြာမထားနဲ့ စည်းစည်းကားကားမလုပ်နဲ့ ငါကိုအကြောင်းပြုပြီးတော့ စီးပွားရေးလုပ်မည့်သူတွေကို တားပေးပါ။ ဒါဆိုရပြီးတပည့် တဲ့ .......

ပျံလွန်တော်မူသွားတာတောင် အရှင့်ကို ဆုံးမသွားခဲ့သောဆရာတော် ဘယ်လိုဖြေရပါမလည်း တပည့်မဖြေနိုင်ခဲ့ပါဘူးဆရာတော် ဆရာတော်ရုပ်ကလပ်နားက မခွာပဲ အမြဲတန်း လူတွေနဲအပြိုင်ငိုနေတာကိုလည်း သဘောကြမှာ မဟုတ်ဘူးဆိုတာသိပါတယ်။ အသက်ကို တောင်မမီလိုက်တဲ့ တပည့်ကို ဒီအခွင့်အရေးလေးတော့ပေးပါဘုရား။ ဆရာတော်ကို ချစ်လွန်းအား လေးစားလွန်းအားကြီးလို့ သံဃာတွေ တားနေသည့်ကြားမှ ငိုခဲ့ရပါသည်။ တပည့် အပေါ်မှာ မပျံလွန်တော်မူစဉ်ကလည်း ကောင်းခဲ့ ပျံလွန်တော်မူသွားသောအခါ၌လည်း ကောင်းခဲ့သော ဆရာတော်၏ အသက်ကို ဘာကြောင့်များ မမီလိုက်ပါသလဲ ဘုရား တပည့် တစ်သက်လုံး ဘယ်လိုဖြေပြီး ဘယ်လိုအစားထိုးရပါမလဲ၊

ဆရာတော်ကို မီးသင်္ဂြိုလ်ကြတော့ တပည့်နောက်တခါ ခံနိုင်ရည်မရှိခဲ့ပါဘူး တပည့် လူအများကြားမှာ တောင် ဟန်ဆောင်အပြုံးတွေ မပြုံးနိုင်ခဲ့ပါဘူးဘုရား။ ဆရာတော်ရဲ့ မီးခိုးတွေကို ကြည့်ပြီး တပည့်နောက်ဆုံးအကြိမ် မျက်ရည်မိုးနှင့်တကွ လက်ဆယ်ဖြာ ထိပ် မှာ မိုးလို့ ရှိခိုး ကန်တော့လိုက်ပါတယ် ဆရာတော်မရှိသော ကျောင်းမှာ တပည့် နေရခတ်ခဲ့ပါသည်ဘုရား။ တပည့် တနေရာကနေပြန်လာတိုင်း မေးခွန်းတွေ မေးပြီး မှားတာကို မှန်အောင်ဆုံးမခဲ့သောဆရာ၊ ခုဆို တပည့် ပြန်တိုင်း ဆရာတော်ကို မတွေ့ရ တာ ၃ နှစ်ကျော်ခဲ့ပြီးပေါ့။ တပည့်ကို ဆရာတော်လို ဘယ်သူမှ ဆုံးမမည် သူမရှိဘူး၊ ခုဆရာတော် မြင်ချင်တဲ့အတိုင်း ဖြစ်နေစပြုနေပြီး ဆရာတော် ပြုစုပြိုးထောင်ခဲ့သောပန်းကလေး လောကအလယ်မှာ တင့်တင့်တယ်တယ် ဖြစ်နေစပြုနေပြီးလေ ဘုရား နိုင်ငံခြားကို သွားခါနီးလေယာဉ်တက်တုန်းကလည်း တပည့် တစ်ညလုံးငိုခဲ့ရပါသည် ။ နိုင်ငံခြားက ပြန်လာတော့လည်း ကျောင်းအ၀င် ဆရာတော်ထံကိုပြေး တပည့်၏ အောင်မြင်မှု့တွေကို အားရပါးရ ပြောပြချင်ပေမယ့် အခွင့်မရေးတွေမရှိတော့ဘူးဆရာ ကျောင်းထဲကို တစ်ပါးတည်း ၀င်သွား ဆရာသီးတင်းသုံးခဲ့သော နေရာလေးကို ကြည့်ပြီး အကြိမ်ကြိမ်ငိုခဲ့ရပါသည် ဆရာတော်ကြိုက်မှာ မဟုတ်ပါဘူး ပုထုဇဉ်ရဟန်းငယ်၏ ခံစားချက်ကို နားလည်းပေးပါဘုရား တပည့် မှတ်မိတာ နောက်တစ်ခုရှိသေးတယ် လာသမျသော ဒကာတွေ ရှေ့မှာ ငါ့တပည့်က တစ်နေ့ ပြည်တွင်း ပြင်ပမှာ တကယ့်ရဟန်းအကျော်အမော် ဖြစ်မှာ နောက် ငါတပည့်ကို ငါမှီပြီး နိုင်ငံခြားတွေ ကို ဘုရားဖူးသွားမှာဆိုသော လူအများရှေ့မှာ တပည့်ကို ချီးကျုးမှု့တွေ အကြိမ်ကြိမ်လုပ်ခဲ့ပြောခဲပါသည်။ ခု ဆရာစကားတွေက မှန်နေပါပြီး ဒါပေမယ့် ဒီလိုဖြစ်လာချိန်မှာတော့ ကျေးဇူးရှင် ဆရာတော် ရှိမနေခဲ့တော့ပါဘူး တပည့် ဘယ်လိုမှ ဖြေလို့မရခဲ့ဘူးဆရာ။ ဆရာတော် ဖူးချင်သော နိုင်ငံခြားမှာ ရှိသော ဘုရားများကိုလည်း တပည့် တစ်ပါးလုံး နိုင်ငံခြား မှာ ရှိနေပါလျက် ဖူးခွင့် မရလိုက်သော ဆရာတော်။ တပည့် နားလည်းပါတယ်ဆရာ လူတိုင်းတနေ့ သေကြမယ်ဆိုတာ သိပါတယ်ဆရာ ဒါပေမယ့် ဒီသေမင်းတမာန် က ရက်စက်လိုက်တာ ဆရာတော်နှင့် တပည့်ကြားကို ရုတ်တရက်ကြီး ဘာကြောင့်များ ဓါးထက်ထက်နှင့် တစ်ချက်တည်း ခုတ်ဖြတ်လိုက်တာလည်း ဘုရား ခုလည်း တပည့် ရွာပြန်တိုင်း ရွာသူရွာသားတွေက တပည့်ကို ဆရာတော်ရှိစဉ်ကအတိုင်း ကြိုကြပါတယ် စောင့်ရှောက်ကြပါတယ် ဒါပေမယ့် တပည့် ရွာထိပ်ကိုရောက် သော အခါ ဆရာတော် ၏ ကျောင်း သုံးထစ်မြောက်လှေကားကို မြင်လိုက်သောအခါ တပည့် ရဟန်းတစ်ပါးဖြစ်နေပါလျက် သတိကို မထိမ်းနိုင်ခဲ့ပါဘူး ယခုအချိန်အထိပါဘုရား..ရွာသူ ရွာသားတွေ က တပည့်ပြန်လာတိုင်း ကျောင်းကိုပြန်လာပြီး ဆရာတော်ကို အောင်းမေ့လို ငိုကြတယ် တပည့် ပရိတ်သတ်ကို ဖြစ်ပျတ်အကြောင်းကို တရားပြအပြီး အခန်းထဲ ရောက်တော့ တပည့် ဘယ်လိုမှမထိမ်းနိုင်ခဲ့ဘူး ဟန်မဆောင်နိုင်တော့ဘူးဘုရား အသံမထွက်အောင် အားရပါးရ ငိုကြွေးခဲ့ရပါသည် ဆရာတော်။


မြင်စေချင်ပါသည်။ ကြားစေချင်ပါသည်။ သိစေချင်ပါသည်။ ဆရာတော်စိုက်ခဲ့သည့် ပန်းပင်ကလေး မသန်ခင် ပန်းသခင် အရင်ဦးပေမယ့် မနွမ်းအောင် မကြွေအောင် လေဒဏ် မိုးဒဏ်တွေ ကြားထည်းမှာ ကိုယ်ဘာသာကို ကြိုးစားပြီးရပ်တည်နေခဲ့တာကို သိခဲ့ပါလျင် တပည့်ချစ်သော ဆရာသည်......................


10/03/2009

ငြိမ်းချမ်းစွာအတူတကွ လက်တွဲသွားကြပါစို့......


တရားမျှတ လွတ်လပ်ခြင်းနှင့်မသွေ ဒို့ ပြည် ဒို့ မြေ ..များလူခပ်သိမ်းငြိမ်းချမ်းစေဖို့.. . ခွင့် တူညီမျှ ၀ါဒ ဖြူစင်တဲ့ပြေ ဒို့ပြေ ဒို့မြေ .. ပြည်ထောင်စုအမွေ အမြဲတည်တန့်စေ..အဓိဋ္ဌာန်ပြုပေ.. ထိန်းသိမ်းစို့လေ..(ကမ္ဘာမကြေ ဗမာပြည် ဒို့ ဘိုးဘွား အမွေ အနှစ်မို့ချစ် မြတ်နိုးပေ..ပြည်ထောင်စုကို အသက်ပေးလို့ ဒို့.. ကာကွယ်မလေ..ဒါ ဒို့ပြည် ဒါ ဒို့မြေ ဒို့ ပိုင်တဲ့မြေ ..ဒို့ ပြေ ဒို့ မြေ အကျိုးကို ညီညာစွာ ဒို့ တစ်တွေ ထမ်းဆောင်ပါစို့လေ.ဒို့ တာဝန်ပေ အဖိုးတန်မြေ...)။

စာရေးသူ ငယ်ငယ်ကတည်းက နှစ်သက်မြတ်နိုးလာခဲ့ရသော အမိနိုင်ငံတော် သီးချင်းလေးဖြစ်ပါသည်၊ ငယ်စဉ်က ကျောင်းတက်ခေါင်းလောင်းသံ ကြားရပြီးသည် ဆိုသည်နှင့် စာရေးသူအပါအ၀င် အားလုံးသောကျောင်းသူ ကျောင်းသားတွေသည် ကျောင်းရှေ့မြေကွက်လပ်မှာ စုပေါင်းပြီး ရပ်နေကြရပါသည်။ စာရေးသူက ကျောင်းသူ ကျောင်းသားများထဲမှာ အနည်းငယ်ထွားကြိုင်းသောကြောင့် နေ့တိုင်း အလံကို တင်ရသော တာဝန်ကို ထမ်းဆောင်ရပါသည်။ ဆရာက အချက်ပြလိုက်သည် နှင့် ကြိုးကို တဖြေးဖြေး ဆွဲပြီး အလံကို တင်ရပါသည်၊ အလံတိုင်ထိပ်ပေါ် သို့ ရောက်သည် နှင့် တပြိုင်တည်းမှာပဲ အမိနိုင်ငံတော်သီချင်းကို ဆရာနှင့်တကွ ကျောင်းသူကျောင်းသားတွေ အားလုံး ညီညီညာညာ သီဆိုကြရပါသည်။

နိုင်ငံတော်သီချင်းကိုဆိုနေရင်းဖြင့် စာရေးသူ၏ တစ်ကိုယ်လုံး တုန်ယင်လာပြီး စိတ်ထဲမှာ တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသော စိတ်တွေ ပေါ်ပေါက်လာခဲ့ပါသည်။ ကောင်ကင်ပြာ၏အောက် လေထဲမှာ တလွင့်လွင့်ဖြစ်နေသော အမိနိုင်ငံတော်အလံကို ကြည့်မိတယ်ဆိုရင်ဖြင့် တိုင်းပြည်အတွက် အသက်ကို ပဓာနမထားပဲ လွတ်လပ်ရေးရအောင် ကြိုးပန်းသွားခဲ့ကြသည့် ဗိုလ်ချုပ်နှင့်တကွ မျိုးချစ်တပ်မတော် သားများကို အလေးပြုတာနှင့်တောင် မလုံလောက်ပဲ မျက်ရည်များဝေ့၀ဲလာသည့်အထိ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါသည်။ ထိုအချိန်မှ စ၍ ငါအရွယ်ရောက်လာရင်ဖြင့် ဗိုလ်ချုပ်လို စစ်သားကောင်းဖြစ်အောင်လုပ်မယ် ပြီးတော့ သူတို့လို အမိနိုင်ငံတော်အတွင်း မှာ ရှိနေသော ပြည်သူတွေအတွက် သာသနာတော်အတွက် အသက်ကို ရဲ့ရဲ့ဝင့်ဝင့် ပေးဆပ်မယ် ကာကွယ် မယ်ဆိုပြီး စိတ်ကူးလေးတွေ တည်ဆောက်ခဲ့မိပါသည်။ အထူးသဖြင့် မိမိ နိုင်ငံတော်သီချင်းကို သီဆိုရသည့် အချိန်တိုင်းမှာ စာရေးသူခံစားခဲ့မိခြင်းဖြစ်ပါသည်။ ကျောင်းမှာ စာရေးသူ သူငယ်ချင်းများနှင့်ဆော့ကစား သောအခါတွင်လည်း စစ်တိုက်ခြင်းဖြင့်သာလျှင် ကစားခဲ့တာ များပါသည်။

၎-တန်းနှစ်လောက်မှာ အကိုက စစ်ထဲဝင်သွားတော့ ငါတို့တွေ စစ်သားမျိုးဖြစ်ပြီိဆိုပြီး အကိုယ်အတွက် ဂုဏ်ယူ ၀မ်းမြောက်မိခဲ့ရပြန်ပါသည်။ ငယ်ငယ်ကတည်းက ဖတ်ခဲ့သော စာအုပ်များသည်လည်း ၉၀ ရာခိုင်နှုန်းဟာဖြင့် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံတော်ကို လွတ်လပ်ရေးရအောင် ကြိုးပန်းခဲ့တာတွေ မျိုးချစ်တပ်မတော် သားများသည် ပြည်သူတွေအတွက် သူတို့၏ အသက်ကို မြူမှုန်မျှလောက်တောင် ပဓာနမထားပဲ ရဲ့ရဲ့ဝင့်ဝင့် ပေးဆပ်ခဲ့ရသော စာအုပ်များ အကြောင်းကိုသာ ဖတ်ခဲ့ပါသည်။ ဘာကြောင့် လည်းဆိုတော့ သူတို့လိုဖြစ်ချင်တာရယ် တပ်မတော်သားတွေကို လေးစားလို့ ဂုဏ်ယူမိလို့ ဖတ်ဖြစ်ခဲ့တာဖြစ်ပါသည်။

တပ်သားတစ်ယောက် ဖြစ်ဖို့အတွက် အတော်ကို ခဲယင်းပါလိမ့်မည်။ သာမန်စိတ်ဓါတ်နှင့် ၀င်လို့ရနိုင်မည် မထင်ပါဘူး။ ဘာကြာင့်ဘာလိမ့် စာဖတ်သူတို့တွေ သေချာစဉ်စားကြည့်ပါ မ၀င်ခင်ကတည်းက စစ်ထဲဝင်ရင် အမိနိုင်ငံတော်အတွက် စစ်တိုက်ရမယ်ဆိုတာသိတယ်၊ စစ်တိုက်ရင်ဖြင့် သေနိုင်တယ်ဆိုတာလည်းသိတယ်၊ မည်သူကမှ ငယ်ငယ်ရွယ်ရွယ်နှင့် သေချင်သူများ ရှိလိမ့်မဟုတ်ပါ၊ စစ်သားဖြစ်ချင်သူတွေ၏ စိတ်ထဲမှာ တူညီသော စိတ်ထားကတော့ ပြည်သူတွေအတွက် ငါအသက်ကို စတေးရဲသည်၊ မသေမချင်းလည်း အမိနိုင်ငံတော်ကို ငါနိုင်သလောက်ကာကွယ်မယ်ဆိုသည့် ခိုင်မာသော စိတ်ထားမျိုးဖြစ်ပါသည်။ ဒါကတော့ ပြောပြနေစရာလိုပါဘူး လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါသည်။

အထဲရောက်တော့လည်း ပြည်သူတွေလို ကောင်းကောင်းမွန်မွန် မစားရရှာပါဘူး။ ဖြစ်သလိုစား ဖြစ်သလိုနေ နေပူမရှောင် မိုးရွာမရှောင် လေ့ကျင့်မှုတွေကို အမြဲမပျက် လုပ်နေရပါသည်။ ဘယ်လိုပဲကြည့်ကြည့် မလွယ်ကူလှပါဘူး။ လေ့ကျင့်မှုတွေ ပြီးသောအခါတွင်လည်း မနေရပါဘူး စစ်မြေပြင်ကို အမျိုးဘာသာ သာသနာအတွက် စစ်တလင်းကို ပန်းခင်းလမ်းအလား ရှောက်လှမ်းခဲ့ရပြန်ပါသည်။ စစ်မြေပြင်မှာလည်း သေမင်းတမန်တွေနှင့် အပြိုင် ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ စစ်တလင်းမှာ အောင်မြင်တာလည်းရှိတယ် မအောင်မြင်တာလည်းရှိမယ် အသက်သေတာလည်းရှိမယ် မသေပဲနှင့် ခြေပြတ်၊ လက်ပြတ်တာတွေရှိမယ်။ အရှင်လတ်လတ်ငရဲမှာ နေရသလို သူတို့တွေ ခံစားကြရမှာပါ၊ ဒါပေမယ့် သူတို့နောက်ဆုတ်ခဲ့သလား မဆုတ်ပါဘူး အများပြည်သူတွေအတွက် ငါတစ်ယောက်သာ အသက်အသေ ခံမယ်ဆိုပြီး ပန်ပင်းမှုတွေ ငတ်မွတ်မှုတွေ နာကြဉ်မှုတွေကို ခ၀ါချလို့ ရှေ့ကိုဆက်ခဲ့ရရှာပါတယ်။

ဒါမျိုး စိတ်ဓါတ်ရှိဖို့အတွက် ဖြစ်လာဖို့အတွက် လွယ်ပါမလား။ မျိုးချစ်စိတ်ဓါတ်ဆိုတာ ဘာကိုခေါ်တာလည်း ငါ့မှာ မျိုးချစ်စိတ်ဓါတ်ရှိတယ် ဆိုပြီး ဖင်ဘူးထောင်အော်နေပြီး လက်တွေကြတော့ ပုရွက်ဆိတ်တောင် အကိုက်မခံရဲ တာကို ခေါ်တာလား။ သေချာ စဉ်းစားကြပါ ဒါကြောင့် ကိုယ်မလုပ်နိုင်တဲ့ အလုပ်ကို သူတို့လုပ်နေသည်ကို အားမပေးသင့်ဘူးလား ဂုဏ်မယူသင့်ဘူးလား၊

အိမ်ထောင်တစ်ခုတည် ဆောက်မယ်ဆိုရင်ဖြင့် ပထမဆုံး အိမ်ထောင်ကို ကာကွယ်နိုင်ဘို့အရေးကြီးလှပါတယ်။ မိမိတည်ဆောက်ခဲ့သော အိမ်ထောင်ရေးက မခိုင်မြဲဘူး ဆိုရင်ဖြင့် ဖြစ်လာမည့် အနာဂါတ်ဆိုတာလည်း ဒယိမ်းဒယိုင်ပဲ ဖြစ်လာမှာဖြစ်ပါသည်။ မိမိမှ ကောင်းကောင်းမစောင့်ရှောက်နိင်ရင် အိမ်ထောင်ရေး စီပွားရေး သားသမီရေး ဘာသာရေး ဆိုတာတွေက ဘယ်လိုမှဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပထမဆုံး အရေးကြီးဆုံးက ကွာကွယ်ရေးပါပဲ ။ ကာကွယ်ရေးမရှိပဲ လူမှုရေး ဘာသာရေး စီးပွားရေးတွေဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ကာကွယ်ရေးကောင်းမှသာလျှင် အတွင်းမှာ စီးပွားရေး ဘာသာရေးတွေ ကောင်းမွန်လာမှာဖြစ်ပါသည်။

စာဖတ်သူတို့သိမှာပါ မိမိတို့နိုင်ငံ ကာကွယ်ရေးမတောင့်တင်းခဲ့၍သာ တပါးသူတွေ လက်ထဲမှာ ကျွန်ဘ၀နှင့် နေခဲ့ရခြင်းဖြစ်ပါသည်၊ ကိုယ်မင်း ကိုယ်ချင်း ကိုယ်ဘာသာရေးနှင့် အေးအေးချမ်းချမ်း နေလာခဲ့ရသော ပြည်မြန်မာသည် ကာကွယ်ရေးမတောင့်တင်းမခိုင်းမာခဲ့၍လည်းကောင်း ပြည်တွင်း လောက်ကောင် တွေကြောင့် လည်းကောင်း သူတပါးတွေရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာ ပြည်သူတွေသည်လည်း ဆင်းဆင်းရဲရဲ နေခဲ့ရစားခဲ့ရ ၊ ကလေးသူငယ်များသည်လည်း စာပေပညာကို ကောင်းကောင်းမွန်မွန် မသင်ကြားခဲ့ရ ၊ ထိုအတူ ငါတို့ချစ်မြတ်နိုးလှသော ငါတို့ ရိုသေကိုင်းရှိုင်းရသော ဗုဒ္ဓမြတ်စွာ၏ ဘာသာ သာသနာသည်လည်း သူတို့၏ ဖိနပ်ခွာသံ တွေအောက်မှာ ငြိုးနွမ်းခဲ့ရပါသည်။ ဘယ်လောက်များ ရင်နာကောင်းစရာကောင်းလိုက်ပါလိမ့်၊

ဗိုလ်ချုပ်အောင်ဆန်းခေတ်၊ ပထမ လွတ်လပ်ရေး တိုက်ပွဲတုန်းက ရဲဘော်သုံးကျိပ် ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်စဉ်က ‘ဟေ့ သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူက မိရင် လက်အားရင် လက်နဲ့ထိုး၊ ခြေအားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ပါးစပ်အားနေရင် ပါးစပ်နဲ့ ကိုက်ပြီးမှ ရဲရဲသာ သေပြလိုက်တာပေါ့’ ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သောစကားသည် တအားကို တန်းဘိုးရှိလှပါသည်။ ဒါကြောင့်နိုင်ငံတော်မှာ ကာကွယ်ရေးက မရှိမဖြစ်လိုအပ်ပါတယ်။ မိမိတို့ ဒါမျိုး သူတစ်ပါး၏လက်အောက်မှာ နောက်တစ်ခါ ထပ်ပြီးမနေ ရအောင် ကာကွယ်သင့်ပါတယ်။ အမိနိုင်ငံတော်ကို ကာကွယ်နိုင်ရန် အတွက် အသက်ကို အသေခံရဲသည့် တပ်မတော်မသားများ လိုအပ်ပါသည်။

အပြင်ကဘယ်လောက်ပဲကာကွယ်ကာကွယ် အထဲမှာ ညီညွတ်ခြင်း စည်းလုံးချင်းမရှိလို့ကတော့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ပါဘူး။ ဒို့ ဗိုလ်ချုပ် နိုင်ငံတော် လွတ်လပ်ရေးရလာခဲ့တာသည် လူမျိုးပေါင်းစုံး စည်းစည်းလုံးလုံး ညီညွတ်ကြောင့်သာလျင် ခုလိုလွလ်လပ်ရေးကြီး ရလာခဲ့တာဖြစ်ပါသည်။ ဒါကြောင့်အရာရာကို စဉ်းစားသင့်ပါသည်။ ငယ်ငယ်က သင်ခဲ့ရပါသော ပုံပြင်တစ်ခုကို သွားသတိရပါသည် အဘိုးအိုက သူ၏သားသုံး ယောက်ကို ပထမ ထင်းစည်းတစ်ခုလုံးကို ချိုးခိုင်းပါတယ်။ သားတွေက ဘယ်လိုပင် အားထုတ်ခဲ့ပါသော် လည်း ချိုး၍ မရခဲ့ပါ။ နောက်တော့ အဘိုးအိုက ကောင်းပြီ ငါသားတို့ မင်းတို့ ကြိုးကိုဖြေပြီး ထင်းကို တစ်ချောင်းခြင်း ချိုးကြည့်စမ်းလို့ ခိုင်းတော့ သားတွေကလည်း အဘိုးအိုပြောသည့် အတိုင်း ချိုးလိုက်ကြသောအခါ ထင်းချောင်းများသည် တခဏအတွင်းမှာပင် အားလုံးဟာ အကျိုးတွေဖြစ်ကုန်ကြပါသည်။

သားတွေက အဘိုးအိုကို အားရ၀မ်းသာနှင့် ထင်းတွေ အကုန်လုံးကျိုးသွားပြီးဆိုပြီး ပြောတော့ အဘိုးအိုက ငါသားတို့ မင်းတို့မြဲမြဲ မှတ်ထား ဘယ်အကြောင်းမဆို ထင်းစည်းကြီးလိုများ ငါသားတို့သုံးယောက်နေသွားခဲ့မည် ဆိုလျင် ဖြင့် ငါသားတို့ကို ဘယ်ရန်သူမှ လာပြီး မဖျတ်ဆီးနိုင်ဘူး။ တကယ်လို့ ငါသားသုံးယောက်က ထင်းစည်းတွေလိုမနေ ဘူးဆိုရင်ဖြင့် ထင်းချောင်းတွေလို တစ်ချောင်းခြင်း အချိုးခံရပြီး ငါသားတို့ဘ၀ ပျတ်ဆီးသွားလိမ့်မယ် ဒါကြောင့်ငါသားတို့ ထင်းစည်းလိုပဲကျင့်ကြ လို့ သားတွေကို ဆုံးမစကားပြောကြားခဲ့ပါသည်။ ငယ်ငယ်တုန်းက ဘာကိုဆိုလိုတာ စာရေသူသေချာ မသိခဲ့ပေမည့်လည်း ခုအခါမှာ ဒီအဆုံးအမလေးက ငါတို့နိုင်ငံအတွက် ဘယ်လောက်အသုံးဝင်သလဲဆိုတာ နားလည်း သဘောပေါက်လာခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းပြောသလို အကယ်၍စည်းလုံးညီညွတ်မှုသာမရှိခဲ့လျင် ငါတို့နိုင်ငံကြီးသည် ဟိုဒင်း နိုင်ငံပြန်ပြီးဖြစ်သွားနိုင်ပါသည်။ ဒါကြောင့် တိုင်းရင်သားတွေ စည်းစည်းလုံးလုံးနှင့် ဆိုင်ရာတာဝန်တွေကို ကိုယ်အသိစိတ်နှင့်ကို ထမ်းဆောင်နိုင်ကြမယ်ဆိုရင် ဟိုဒင်းနိုင်ငံဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ " အကျိုးကို ညီညာစွာ ဒို့ တစ်တွေ ထမ်းဆောင်ပါစို့လေ.. ဆိုသော စကားလေးအတိုင်းသာ လုပ်သွားကြဖို့လိုအပ်ပါသည်။ ကျွဲနှစ်ကောင်ခတ်တာကြောင့် ကြားထဲမှာ ရှိနေကြသော အပြစ်မရှိသော မြေဇာပင်တွေ ပျက်ဆီးဆုံးရှုံးနေမှာ တော့ သေချာပါသည်။ ဘာကြောင့်များ ကျွဲနှစ်ကောင် ရန်မှုနေကြပါလိမ့် အစာအဟာရကြောင့်လား သူစားကျက် ငါစားကျက် လုနေလို့လား သူတို့ဒီလို့ပြုမှုနေကြတဲ့အတွက် ကြားထဲက မြေဇာပင်တွေ ပျက်ဆီးရသလို သူတို့အတွက်လည်း အကျိုးမရှိပါဘူး။

ကျွဲတစ်ကောင်က အရင်စားကျက်ကို ပိုင်ထားသည် အခြားကျွဲတစ်ကောင်က ဒီစာကျက်ထဲမှာ သူ့လိုပဲ ငါလည်းကျက်စားချင်တယ် ဆိုရင် ဒီစားကျက်ထဲမှာပဲ ငြိမ်းချမ်းစွာ အတူတကွ စားချင်ပါသည်စသည်ဖြင့် တောင်းခံသင့်ပါသည်။ စားကျက်ပိုင်ရှင်က ခွင့်ပေးရင်စားပေါ့ မပေးရင်လည်း ကိုယ်နှင့်သင့်တော်မည့် စားကျက်ကိုရှာသင့်ပါတယ် စားကျက်ပိုင်ရှင်ကို သွားပြီး မပေးရကောင်းလား ဆိုပြီး ရန်ပြုမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာနိုင်တဲ့အပြင် အပြစ်မရှိတဲ့ မြေဇာပင်တွေ လည်း အများအပြား ပျက်ဆီးဆုံးရှုံးရပါလိမ့်မည်။

" နွားကွဲရင် ကျားဆွဲခံရမည်" သဘောတရားလေးကတော့ နွားအုပ်တစ်အုပ်က အတူတစ်ကွ မိမိတို့စားကျက်တစ်ခုထည်းမှာ အေးအေးချမ်းချမ်း စည်းစည်းလုံးလုံးနှင့် သာကျက်စားနေမယ်ဆိုရင်ဖြင့် မိမိတို့ကို စားရန်ချောင်းနေသော သားကောင်ရန်မှ ကင်းဝေးမှာ ဖြစ်ပါသည်။ ဒါမှမဟုတ်လို့ စည်းစည်းလုံးလုံး မရှိဘူးဆို အမြဲတန်းတစ်ကောင်နှင့် တစ်ကောင် ရန်ဆောင်နေမယ် ဆိုရင်ဖြင့် အမြဲတန်းချောင်းနေသော သားကောင်၏ အစာဖြစ်သွားပါလိမ့်မည်။

နောက်တခုက မိသားစု တစ်စုတွင် အိမ်ထောင်ဦးစီးသည် ကောင်းသော သူလည်းဖြစ်ချင်ဖြစ်မည်။ မကောင်းသောသူလည်း ဖြစ်ချင် ဖြစ်နိုင်သည်။ အိမ်ထောင်ဦးစီး ကောင်းသည် မကောင်းသည်မှာ သူ၏ အပိုင်းသာဖြစ်ပါသည်။ သူနှင့်ပတ်သတ်၍ ဖြစ်ပေါ်လာသော ပေါက်ဖွားလာသော သားသမီးများ နှင့် သက်ဆိုင်ခြင်းမရှိပါ။ မိဘဖြစ်သူကမှ မကောင်းတာ သူလည်း ဘယ်ကောင်းမလည်း ဆိုသော ၀ါဒ သည် ကောင်သောဝါဒ မဟုတ်ပါ အားလုံးကို သိမ်းကြုံး၍ လည်း ၀ါးလုံးရှည်နှင့် မရမ်းသင့်ပါ။ တကယ်တော့ သားသမီးဆိုသည်မှာ မိဘ၏ အမွေကို ကောင်းသည်ဖြစ်စေ မကောင်းဖြစ်စေ ခံယူကြရပါသည်။ မိဘလုပ်သောသူသည် သူတော်ကောင်းဖြစ်လျင် အများသူငှာတွေသည် ဒီကလေးဟာဖြင့် သူတော်ကောင်းလေး၏သား အကယ်၍များ မိဘလုပ်သောသူက မကောင်းလျင် ဒီကလေးက သူမိုက်၏သား စသည့်ဖြင့် အပြစ်မရှိသော သားသမီးများသည် မိဘများ၏အပေါ် မူတည်၍ အမွေးအမျိုးမျိုး ရရှိခဲ့ကြပါသည်။ မယ်တော် တစ်ယောက်ကပြောဘူးတယ် သားသမီးဆိုတာ ကောင်းမွေခံ ဆိုးမွေးခံလေးတွေပါတဲ့ ၊ ဒီစကားလေးက တော်တော်ကို မှတ်သားဖို့ကောင်းပါတယ်။ တန်ဖိုးလည်းရှိတယ်၊

ဒီလိုပါပဲ အဖွဲ့အစည်းတစ်ခု၏ လက်အောက်မှာ လုပ်ကိုင်နေကြကုန်သော မည်သို့သော အလုပ်သမားများမဆို အလုပ်ရှင်၏ ကောင်းမွေးခံ ဆိုးမွေးခံလိုခေါ်ထိုက်ပါတယ်။ တကယ်တော့ သူတို့မှာ ဘာအပြစ်မှ ရှိတာမဟုတ်ပါဘူး၊ မိမိက ပြောချင်တယ် ဆိုချင်တယ် ဆိုရင်ဖြင့် အလုပ်သမားများနှင့်တင်မပြီးပါဘူး အထက်က အလုပ်ရှင်ကသာ အဓိကပါ။ ဒါကြောင့် အပြစ်တင်ချင် ပြောချင်တယ်ဆိုရင်ဖြင့် အလုပ်ရှင်ထံကိုသာ တိုက်ရိုက်သွားပြီး ဆွေးနွးသင့် တိုင်ပင်သင့် ပါသည်။ တကယ်တော့ လက်အောက်ခံ သူတို့ဘ၀လေးတွေက တကယ့်ကို သနားဖို့ကောင်းပါတယ်။


မိဘကြောင့် ဖြစ်လာခဲ့သော သားသမီးဖြစ်ပေမယ့် လည်း သဘောထား အသိညဏ် ပညာစတာတွေက ကွာခြားနိုင်ပါတယ်။ ဥပမာ ဘုရားအလောင်းတော် မဟောသဓာကို ကြည့်နိုင်ပါတယ် ဘခင်ထက် ထက်မြတ်သောသားဖြစ်ပါသည်။ အရှင်သာရိပုတ္တရာ မိခင်ထက်ထက်မြတ်သော သားရတာနာဖြစ်ပါသည်။

ဒါကြောင့် တစ်အိမ်ထဲနေ တရေးထဲသောက်နေပေမယ့် အားလုံးကိုအတူတူပဲလို့ မမှတ်ယူသင့်ပါဘူး။ အသိညဏ်ရှိသော သူတိုင်း စဉ်စားနိုင်ပါသည်။ ပညာရှိသူတော် ကောင်းတို့မည် သည် ဘယ်တော့မှ ဤ သို့မပြောပါ မလုပ်ဆောင်ပါ။ မြတ်စွာဘုရားသည် ဆုံးမ၍ ရသောသူကိုသာဆုံးမ၍ ဆိုဆုံးမ၍ မရသောသူကို ဥပေက္ခာဖြင့်နေပါသည်။ ဥပေက္ခာ ဆိုသည်မှာ ချစ်ချင်း မုန်းချင်း မရှိပါ။ မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကိုယ်တိုင် ရဟန်းတို့အား မိမိအပေါ်ရန်ပြုလာသော သူတွေကို မေတ္တာနှင့်ပြန်၍ ပြောပါ ပြော၍ မရပါက နုတ်ဆိတ်နေတော်မူပါလို့ တပည့်သားတွေကိုဆိုဆုံးမတော်မူခဲ့ပါသည်။

ငါတို့ကို ရန်လုပ်နေသူပဲ မကောင်းပြောနေသောသူပဲဆိုပြီး မကောင်းသောစိတ်နှင့် မေတ္တာမပို့ရ ဆိုပြီး အနာဂါတ်ကို ရည်မျော်ပြီး ဆိုဆုံးမတော်မူခဲ့ပါသည်။ အယုတ်ဆုံးအားဖြင့် ပြောဖို့နေနေသာသာ စောင်းမြောင်းပြီးတောင် မပြောရဟု မိန့်တော်မူခဲ့ပါသည်။ ဒါက ရဟန်းတွေအတွက် ပညတ်ထားတာပါ။ လူတွေ အတွက် လည်း မှတ်သားနာယူသင့်ပါတယ်။

မိမိဆန္ဒကတော့ အေးအေးချမ်းချမ်းနှင့် မိသားစုတစ်စုဖြစ်စေချင်ပါသည် ဘေးရန်တွေပြည့်နေသော အိမ်ထောင်တစ်ခုလို မဖြစ်စေချင်ပါ။ ကျားလည်း အဆွဲမခံနိုင်ဘူး နွားလည်း အကွဲမခံနိုင်ဘူး ။ကောင်းမွေခံ ဆိုးမွေးခံကလေးသူငယ်တွေကို သနားပေးပါ နားလည်းပေးပါ ၀ါးလုံးရှည်နှင့် ရိုက်ချင်သော စိတ်များကိုလည်း မဖြစ်စေချင်ပါ။ အိမ်တွင်းမှာ ရှိနေသော ဘခင် မိခင် သားသမီးတွေ အားလုံးစည်းစည်း လုံးလုံး ညီညီညာညာ ဖြင့် မိမိ နှင့်ဆိုင်ရာ နေရာကိုယ်စီမှာ နေပြီးတာဝန်ကျေမယ်ဆိုရင်ဖြင့် အိမ်ထောင်စုတစ်စုသည် ပျော်ရွှင်ဖွယ် အလွန့်ကို ကောင်းသော မိသားစုလေး ဖြစ်လာမှာ မလွဲပါဘူး။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာစွာဖြင့် သူတော်ကောင်တွေ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် တစ်ဦးနှင့်တစ်ဦး အပြစ်မမြင် အချစ်ဝင်ကာဖြင့် ငြိမ်းချမ်းစွ