ကိုယ်လိုချင်တာ တကယ်ဟုတ်မဟုတ် သေသေချာချာ
စစ်ဆေးကြည့်ပါဦး မစစ်ဆေးဘဲနဲ့ ကိုယ်လိုချင်တာ ဒါပါပဲလို ထင်ပြီး
လုပ်ကြ၊ ကိုင်ကြနဲ့ အောင်မြင်တယ် ရလာတယ် ဆိုပါတော့၊
အဲဒီအချိန်ကျမှ ကိုယ်လိုချင်နေတာက ဒါမဟုတ်သေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊
အစက ကိုယ်လိုချင်တယ်ထင်လို့ အဲဒါရဖို့
လုပ်လိုက်ရတဲ့အလုပ်အား၊ ကုန်သွားတဲ့အချိန် စသည်ဖြင့်ပေါ့လေ၊
အရင်းအနှီးကအများကြီး။ ဘ၀ထဲကအချိန်တွေ ဖဲပေးလိုက်သလိုချည်းပဲနော်။
ငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိရှိတယ်၊
မငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိမရှိဘူး၊
စိတ်ကိုငြိမ်းချမ်းအောင်နေ့စဉ်လုပ်မှ၊ ဘာဖြစ်လို့နေ့စဉ်လုပ်ရသလဲဆိုတော့
စိတ်မငြိမ်းချမ်းစရာတွေ အမျိုးမျိုးမြင်ရတယ်၊ ကြားရတယ်၊
အဲဒီလိုမငြိမ်းချမ်းစရာတွေ အများရှိနေလိုပါပဲ၊
စိတ်ဆိုတာ အရှိန်ရနေရင် ရတဲ့ဘက်ကိုသွားတယ်၊
ုငြိမ်းချမ်းတဲ့ အရှိန်ရနေရင် ငြိမ်းချမ်းတဲ့ဘက်ကိုသွားတယ်၊
မငြိမ်းချမ်းတဲ့ အရှိန်ရနေရင်လည်းပဲ မငြိမ်းချမ်းတဲ့ ဘက်ကိုပဲသွားတယ်။
ဒါဟာသဘာဝပါ၊ ဘာမှမထူးဆန်းပါဘူး၊
ဒါကြောင့် ငြိမ်းချမ်းတဲ့အရှိန်ရနေအောင် အလေ့အကျင့်များများလုပ်ပါ၊
အလေ့အကျင့်ကအရေးအကြီးဆုံးပါပဲ...........
သိလာလေလေ - လောဘဖြစ်လာလေလေ၊
သိလာလေလေ- ဒေါသဖြစ်လာလေလေ၊
ပိုင်ဆိုင်ခွင့်ရတာ များလေလေ- မာနဖြစ်လာလေလေ၊
ဒါကြောင့်..စိတ်ဟူသည် အမှိုက်ထည့်သည့် ပုံးအသစ် ကလေး၊
ကိလေသာတွေသည် အမှိုက်မျိုးစုံပါလားဟု နှစ်လုံးသွင်းတက်လေလျှင်......
အဆိုးတွေကို ထိုင်တွေးပြီး စိတ်ဓါတ်ကျနေရင်
စိတ်ဓါတ်အင်အားတွေကုန်မယ်။ ခန္ဓာကိုယ်အင်အားတွေကုန်မယ်။
မလုပ်ချင် မကိုင်ချင်ဖြစ်ပြီး ညှိုးနွမ်းနေမယ်။
အဲဒီလို စိတ်ဓါတ်ကျနေတဲ့သူနဲ့တွေ့ရရင်
တခြားလူတွေကိုပါ စိတ်ဓါတ်ကျတက်တယ်။ တက်နိုင်သလောက်
အကောင်းဘက်ကနေကြည့်ပြီးတော့ လုပ်နိုင်သလောက်လုပ်နေရင်
ကိုယ့်အတွက်လည်း အကျိုးရှိတယ်။
သူများအတွက်လည်းအကျိုးရှိတယ်။
လူဆိုတာ ပြင်ပမှာ ကိုးကွယ်ရာ အားထားရာရှာလေ့ရှိတယ်။
ဗုဒ္ဓဘာသာတရားမှာ ဘုရားက မိမိကိုယ်ကိုပဲအားကိုးတယ်၊
ပြင်ပဘယ်သူ့ ကိုမှအားမကိုးဘူး။ အဲဒီတော့ အင်မတန်စိတ်ဓါတ်ခိုင်မာရင့်ကျက်တဲ့
သူမှာသာလျှင် အဲဒီလို စိတ်ဓါတ်မျိုး ထားလို့ရတယ်။
အဲဒီအလုပ်ကို လုပ်လို့ရတယ်။ စိတ်ဓါတ်ပျော့ညံ့တဲ့သူဟာ
ကိုယ့်ကိုယ်ကို အားမကိုးချင်ဘူး၊ အားကိုးရာရှာနေတယ်၊။
မမေ့ကောင်းတဲ့သုံးမျိုးကို ဘုရားရှင် သက်တော်ထင်ရှား ရှိတုန်းက ဟောခဲ့ပါတယ်။
ပထမတစ်မျိုးက သရဏဂုဏ်သုံးပါးလို့ခေါ်တဲ့ ဘုရားအပေါ်၊ တရားအပေါ်။ သံဃာအပေါ်
ဒါတွေကို မမေ့ကောင်းဘူးတဲ့၊ ဘယ်လောက်ဘဲ ဒုက္ခတွေ ကြုံနေပါစေ၊
ဘယ်လောက်ပဲ စည်းစိမ်တွေတိုးနေနေ၊
ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ် မမေ့ရဘူးတဲ့၊
ကျောက်ခဲကို နေရာတိုင်းမှာ တွေ့ရတယ်၊ ပတ္တမြားလည်းကျောက်ခဲပဲ၊
ဒါပေမယ့် နေရာတိုင်းမရှိဘူး၊ ဒါကြောင့် ပတ္တမြားဟာ ရှားပါးပစ္စည်း ဒုလ္လဘလို့ သုံးရင်ရတယ်။
ဒါပေမယ့် ပတ္တမြားဟာ ဒီနားမထွက်ရင် ဟိုနားကထွက်တယ်၊ ပြဒါးဓါတ်ရှိတဲ့နေရာမှာ ထွက်မှာပဲ၊
ဘုရားဆိုတာကျတော့ ကျင့်တိုင်း မပွင့်ဘူးဗျ၊ သုညကမ္ဘာဆိုတာ ဘုရားတစ်ဆူမှမပွင့်ဘူးတဲ့
ကမ္ဘာကိုခေါ်တာ၊ လူ၊ တိရစ္ဆာန်၊ နတ်၊ ဗြဟ္မာတွေ ရှိချင်ရှိမယ်၊ ဘုရားတော့မပွင့်ဘူး၊
သူတပါး ကောင်းစားနေသည်။ ချီးမြှင့်မြှောက်စားခံနေရသည်၊
အားလုံးက ချစ်ခင်လိုလားနေကြသည် စသည်တို့ အပေါ်၌
တကယ့် ကြည်ကြည်နူးနူးနှင့် နှစ်သိမ့် ကျေနပ်နေဖို့ဆိုတာက မလွယ်ကူလှပါ။
ထိုသို့သော စိတ်မျိုးထားနိုင်ပြီးဆိုလျှင် ကိုယ့်မှာ အမှန်တကယ် မုဒိတာဖြစ်နေပေပြီ၊
လူတွေမှာ ကောင်းအောင်လုပ်နိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိတယ် ။ ကိုယ်ဟာကိုယ်
မယုံနိုင်လောက်အောင် ကောင်းတာတွေလုပ်နိုင်တယ်၊ ဘာဖြစ်လို့မလုပ်တာလဲဆိုတော့
တကယ်ကောင်းအောင် လုပ်မယ်လို့ မရည်ရွယ်လို့ပါ။
နေ့စဉ်နဲ့ အမျှဖွင့်လှစ်ထားတဲ့ အာရုံတံခါးတွေကတစ်ဆင့်
စိတ်ဓါတ်မငြိမ်းချမ်းစေတဲ့အကြောင်းတွေ ၀င်လာမစဲ တသဲသဲပါပဲ၊
မငြိမ်းချမ်းတဲ့ အကြောင်းတွေကို ကာကွယ်နိုင်ဖို့၊
မငြိမ်းချမ်းတဲ့စိတ်ဖြစ်မသွားဖို့
ကိုယ့်စိတ်ကိုငြိမ်းချမ်းအောင်လုပ်ထားဖို့လိုပါတယ်။
ငြိမ်းချမ်းတဲ့စိတ်ဖြစ်ဖို့အတွက်သတိပဌာန် ၀ိပဿနာတရားကို
အသက်ထက်ဆုံးအားထုတ်ရင်းနေထိုင်သွားမှသာလျှင်.................
( စာရေးဆရာမြသန်းစံ စာအုပ်မှ ကူးယူဖေါ်ပြထားပါသည်)
စာဖတ်သူတွေ အားလုံးလိုက်နာကျင့် ကြံနိုင်ကြပါစေ......

အညွန်း ခေါင်းစဉ်
ဒဿန စာပေများ......

မြန်မာစံတော်ချိန်
.jpg)

Responses
0 Respones to "ဒဿန စာပေများ........"
Post a Comment