မိခင်မေတ္တာဖွဲ့ ကဗျာများ.....



"ဇော"

ခွေးမကြီးနို့၊ခွေးငယ်စို့သည်
နို့အုံနို့သား၊မဖွံ့ထွားဘဲ
ပြားကပ်ပိန်လှီရှိချေသည်။
အရိုးပေါ်တွင်၊အရေတင်လည်း
မိခင်မေတ္တာ၊ အကြင်နာကား
ရင်မှာပြန့်စည်၊ သွေးကိုတည်သည့်
နို့ရည်မခမ်း၊ သားရွှင်လန်းအောင်
ပေးစွမ်းသမှု၊ ခွေးမပြုသည်
သာဓုခေါ်မိငါ့ရင်ထဲ။

ထိုစဉ်အတွင်း၊ စားကြွင်းစားကျန်
မြင်ပြန်ခဏ၊ ထိုခွေးမသည်
ဘာဝသတ္တိ၊ ပြလေဘိသို့
သူ၏သားငယ်၊နို့ပိန်တွယ်ကို
ရုန်းဖယ်ချန်သွား၊ ဆန္ဒများနှင့်
အစားတစ်လုတ်၊ အားအထုတ်တွင်
သားပြုတ်ကျန်ရစ်ထိုနေရာ။

ရသာမွန်ဦး၊ အစားထူးတွင်
ယစ်မူးတပ်မက်၊ စည်းစိမ်ဖက်ခိုက်
ပေါ်ထွက်အသံ၊ သားငိုသံကြောင့်
လည်ပြန်လှည့်ကြည့်၊ ဇောကပ်ငြိပြီ
သူ၏အစား၊တစ်ဝမ်းလျားနှင့်
သူ့သားခေါ်ငင်၊သံယောဇဉ်သည်
ဆွဲငင်အားပြ၊ ဇောလုံးကြွ၍
ခွေးမအူသံညံသတည်း။ ။

တိုးလူ-(စစ်ပြန်မဂ္ဂဇင်းဟောင်းတစ်အုပ်မှ)
-----------------------------------------------


စာရေးသူ ဒီအစီအစဉ်လေးကို လုပ်ဖြစ်သွားတာက ကဗျာကိုချစ်မြတ်နိုး သူတွေအတွက် မိမိတို့စိတ်ကြိုက် ရေးသား နိုင်ပြီး စာဖတ်သူတို့အတွက် သီးသန့် လုပ်ပေးထားတဲ့ အစီအစဉ်လေးပါ... ဒါကြောင့် ကဗျာကိုချစ်ခင်သူများ မိမိတို့တင်ချင်ပါက ရေးသားပြီးသော ကဗျာများကို အမည်နှင့်တကွ ပို့ပေးနိုင်ကြပါတယ်။ ဒီအစီအစဉ်လေးမှာ တပေါင်းတည်း ပြန်လည်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။


မောင်ငြိမ်းချမ်းလေး






Share/Bookmark


Responses

0 Respones to "မိခင်မေတ္တာဖွဲ့ ကဗျာများ....."

Post a Comment

ထင်မြင်ချက် ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

 

နောက်ဆုံးတင်သည့် ပို့စ် များ

ယခုလက်ရှိစာဖတ်နေသူ


ခေါင်းစဉ်အညွှန်းများ

အထက်သို့ Copyright © 2010 | http://www.living-in-peace.net/