နေရာမှန်လေးဖြစ်စေချင်သည်........





စာရေးသူ ဒီစာကိုရေးရတဲ့ရည်၇ွယ်ချက်က အားလုံး ကိုယ်ရဲ့စစ်မှန်တဲ့ ဘ၀လေး ထဲမှာနေ စေချင်လို့ပါ သူများပြော စကားကြောင့်သော်လည်းကောင်း၊ ရှေးကုသိုလ်ကံကြောင့် အရာရာပြည့်စုံ နေတဲ့ ဘ၀ကို အားကျလို့သော်လည်းကောင်း၊ ကိုယ့်ရဲ့ပင်ကိုယ် စစ်မှန်တဲ့ဘ၀ကနေ ပြောင်းလဲဘို့ စိတ်မကူးစေချင် လို့ပါ၊ ကိုယ်နဲ့ ထိုက်တန်လို့ရရှိလာတဲ့ ကိုယ်ရဲ့ဘ၀လေး ထဲမှာပဲ စိတ်ဓါတ်ကောင်းကောင်းလေး နဲ့ အပြစ်ဟူသမျှ လုံးဝမလုပ်မိစေပဲ ပျော်အောင်နေစေချင်သလို ကိုယ့်ဘ၀လေးကိုလည်း တန်ဖိုးထားစေချင် တယ်။ ငါလောလောဆယ် ဘယ်ဘ၀မှာလည်း ဆိုတာကို သေချာလေး စဉ်စားပါ ပြီးရင် ကိုရလာတဲ့ ဘ၀မှာ တူညီတဲ့ အပြူအမှုအနေအထိုင်မျိုးကိုပဲ နေထိုင် လုပ်ကိုင်နိုင်အောင်ကြိုးစားစေချင်တယ်။ ဥပမာ ပြောရရင် ငှက် ဘ၀ ဆိုပါတော့ ။

ငှက်ကလေးကသူရလာတဲ့ ဘ၀လေးမှာပဲ သူကျင်လည် ရတော့မယ် ဆန့်ကျင်တဲ့ အလုပ်မျိုးသူလုပ်လို မရဘူး ငါးကလေးတွေလို ရေထဲမှာ အချိန်အတော်ကြာ စုန်ကာဆန်ကာ ကူးခတ်နိုင်ပါ့မလား သူ့ဘ၀ရဲ့ တာဝန်က လေထဲမှာပဲ နေရမယ်လေ။ ငါးလေးတွေ ကို အားကျပြီ ရေးသွားကူးရင်တော့ ဘာဖြစ်မလဲ သေသွားမှာပေါ့ .. ဘာဖြစ်လို့ပါလိမ့် ကိုယ့်နေရာကိုမနေတက်လို့ မနေလို့ သူပျက်ဆီးသွားတာပေါ့။ နွားဆိုတာကလည်း မြက်နွယ်နဲသစ်ရွက်သစ်ခက်တွေကိုသာ စားတဲ့သတ္တ၀ါပေါ့ . နွားဖြစ်လာပြီးဆိုတော့ သူနဲသင့်တော်တဲ့ ဖြစ်သင့်တဲ့ ဘ၀မှာပဲ သူနေရတော့မှာလေ ငါတော့ လူတွေကို အားကျလိုက်တာ လူတွေလို ကားစီးချင်လိုက်တာ ရထားစီးချင်လိုက်တာ ကာရာအိုကေဆိုင်သွားပြီး သီးချင်ဆိုလိုက်မယ် ကလိုက်မယ်ဆိုလို့ ရမလား မရဘူးနော် ကောင်းကင်မှာပျံသန်းနေတဲ့ ငှက်ကလေးတွေလိုပဲ ငါလည်းပျံချင်လိုက်တာဆိုပြီး တောင်စောင်းပေါ်ကနေ ခုန်ချရင် သူဘာဖြစ်မလဲ သေသွားမှာပေါ့. ဘာကြောင့်လည်း ကိုယ့်ဘ၀ကို ကိုယ်အားမကျပဲ သူများဘ၀ကို အားကျလို့ ပေါ့။

ကိုယ့်ဘ၀ ကိုယ့်တာဝန်နဲ့ကိုယ် ပဲ ထမ်းဆောင်စေချင်တယ်။ ကိုယ့်ဘ၀နဲ့ ဆန့်ကျင်တဲ့ တာဝန်တွေ ကိုလုပ်မိမယ် ပြောမိမယ်ဆိုရင်တော့ ပျက်စီးရတယ်ဆိုတာကိုတော့ မမေ့ပါနဲ့.. ကြားဘူးကြမှာပါ .. ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ပုံပြင်လေးပေါ့ ဒေါင်းယောင်ဆောင်သောကျီးတဲ့ ........ အကယ်၍သာ ကျီးကန်းက သူနဲ့ထိုက်တန်တဲ့ဘ၀မှာသာ နေခဲ့ရင် ဘယ်သတ္တ၀ါတွေ ကမှ သူ့ကိုမလေးမစား လုပ်ရဲပြောရဲမှာမဟုတ်ဘူး။

ခုတော့ တကိုယ်လုံးမှာ ရှိတဲ့ အမွေးတွေကို နုတ် ရိုက်ပုတ်ပြီး လွတ်လိုက်ကြတာပေါ့။ သတင်းကိုကြားတော့ အမျိုးတွေဖြစ်တဲ့ ကျီးကန်းတွေက ဒီလိုဖြစ်လာတာကို စိတ်မဆိုးမဲ့အပြင် သူ့ကို ပြောခဲ့ကြတယ် ၊ ဟယ်....... အမျိုးယုတ် ၊ နင်ကိုယ့်ဘ၀ကို အားမကျပဲ တပါးသူတွေရဲ့ဘ၀ကို အားကျပြီး မလုပ်သင့် မပြုသင့်တဲ့ အလုပ်ကိုနင်လုပ်လို့ ခု နင်ပျက်စီး ရပြီး နင်တင်မဟုတ်ဘူး နင့်ကြောင့် ငါတို့တစ်မျိုးလုံး လည်း တခြားသတ္တ၀ါတွေရဲ့ တံတွေး ခွက်ထည်း မှာ မှောက်ရက်ကော ကျွမ်းထိုးကော မျောရပြီးဆိုပြီး ဘယ်ရမလဲ တွေတဲ့ ဒုတ်တွေ ဒါးတွေနဲ့ပြစ် နုတ်သီးတွေနဲ့လိုက်ထိုးလိုက်ကြတော့ သူ့မှာ နေစရာရှိသေးလား ။ ( ကျီးကန်းတွေက ဒုတ်တွေ ဒါးတွေ ကိုင်တာဆိုတာတော့ စဉ်စားပေါ့ ) မရှိတော့ဘူးလေ ဒီအခါကြမှသူက စဉ်စားတယ် နင်ဘယ်သွားမလည်း အလွန်တရာလှပတဲ့ ဒေါင်းတွေကို အားကျလို့ အမျိုးပြစ် ပြီးစွန့်ခွာခဲ့တဲ့ ငါ့ကို အမျိုးတွေကလည်း လက်မခံ ငါအားကျခဲ့တဲ့ သူတွေက လည်း ငါကိုလက်မခံ တခြားသတ္တ၀ါတွေကလည်း ငါကို မလေးစား ကြတော့ဘူးဆိုပြီး နောင်တတွေရနေတာပေါ့ နောင်မှရ တဲ့နောင်တဆိုတာ ဘယ်တော့မကောင်းဘူး မှတ်ထားကြ။

လောလောဆယ်တော့ ဘာဖြစ်သွားတုန်းဆိုတော့ သူ့ဘ၀ပျက်စီးသွားပြီး။ ဘာကြောင့်ဘာလိမ့် ကိုယ့်ဘ၀နဲ့ကိုယ်မနေပဲ တပါးသူတွေရဲ့ဘ၀ကိုအားကျခဲ့မိလို မလုပ်သင့်တဲ့အလုပ်တွေ ကိုလုပ်ခဲ့မိလို. သူ့ဘ၀ပျက်စီးခဲ့ရတာ။ ဒါကြောင့် ကိုယ်နဲသင့်တော်တဲ့အလုပ်မျိုးကို ပဲအားလုံးကို လုပ်စေချင်တယ်. ဒါမှလည်း အကျိုးရှိမှာပေါ့။ စာသင်နေတဲ့ကျောင်းသားတစ်ယောက်က စာမလုပ်ပဲ ဖဲထိုင်ရိုက်နေလို့ ဖြစ်ပါ့မလား မဖြစ်ဘူး။ ဒါသူ့ဘ၀မဟုတ်ဘူး ဆက်ပြီးတိုးဝင်မယ် ဆိုရင်တော့ သူ့ဘ၀ပျက်ဆီးပြီးပေါ့။
ဒါကြောင့် ပြောချင်တာလေးက ကိုယ်ဘ၀နဲ့ကိုယ်ပဲ လုပ်သင့်တာလုပ်ကိုင်ကြပါလို့ အကြံလေးပေးချင်တာပါ။ ဆန့်ကျင်ဘက် အလုပ်တွေကို လုပ်ခဲ့မိရင် ပျက်စီးရတတ်တယ် ဆိုတဲ့ အကြောင်းကိုလည်း မမေ့ပါနဲ့ ။

ဒါကြောင့်ဆိုင်ရာ မိမိတို့ပိုင်ဆိုင်တဲ့ဘ၀လေးမှာ ကိုယ်နဲ့သက်ဆိုင်တဲ့တာဝန်တွေကိုပဲ ထမ်းဆောင်စေချင်ပါတယ် သူ့အလုပ်နဲ့သူ ကိုယ်စီကိုယ်ငှ ဆိုင်ရာတာဝန်တွေကို ဆိုင်ရာဆိုင်ရာ ဘ၀တွေမှာ တာဝန်ကျေနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း အားလုံးသော သူတွေ ကိုယ်စိတ်နှစ်ပါး ကြည်လင် ချမ်းအေးနိုင်ကြပါစေ......



မောင်ငြိမ်းချမ်းလေး









Share/Bookmark


Responses

3 Respones to "နေရာမှန်လေးဖြစ်စေချင်သည်........"

T.min said...

အရှင်းဘုရားရေးထားတာကောင်းပါတယ်...သဘာဝကျပါတယ်....
ဘယ်ဘက်ကနေပဲတွေးတွေးပေါ့ ....အရှင်ဘုရားက တရားနဲ့တွေးပြီးရေးထားတာ မှန်ပေမယ့် လက်ရှိ အချိန်နဲ့ချိန်ဆကြည့်ရင်လည်းမှန်ပါတယ်....စာတကြာင်းကို ဖတ်ရင်တော့ အမြင်အမျိုးမျိုး ထွက်လာမှာ ပဲ ...ဒါကတော့ သဘာဝပါ...ကောင်းတာ ကို မကောင်းတဲ့ဘက်ကနေတွေးရင်လည်းမကောင်းတာပဲထွက်မှာ ...မကောင်းတာတွေ ထဲ ကနေကောင်းတာလေးကိုကြည့် ပြီးတော့ တွေးလည်းရတာပေါ့ .....အရှင်ဘုရားရေးထားတာ သဘာဝကျပါတယ်....မကောင်းမြင်ဝါဒီတွေ အတွက်တော့ ဆိုးနေကောင်းဆိုးနေလိမ့် မယ်.....ကွဲလွဲမှုတွေ ကတော့ ရှိနေမှာ ပါ...နောက်လည်းရေးထားတာ ရှိရင်တင်ပေးပါဘုရား....တပည့် တော်တို့ လည်း ဖတ်ရတော့ ဗဟုသုတရတာပေါ့ ........


September 16, 2009 3:08 AM
Anting said...

ရေးတော့ရေးချင်ပါတယ်
ဘာရေးရမယ်မသိဘူး


September 18, 2009 1:33 AM
Anonymous said...

ဆရာတော်ဘုရားမိန့်ကြားတာတွေက တကယ့်လက်တွေ့မှာ ဖြစ်ပျက်နေတာတွေနဲ့ထပ်တူကျပါတယ်..
မည်သူမဆို ကိုယ်ကျရာနေရာမှာ အဆင်ပြေချောမွေ့အောင်နေတတ်ဖို့အရေးကြီးပါတယ်..တပည့်တော်လည်း ကြိုးစားဆဲပါ...တစ်ခါတစ်ခါသူများတွေကိုအားကျတာလည်းရှိပါတယ်..အဲဒီအချိန်မှာမနာလိုစိတ်တွေဝင်လာ ပြီးစိတ်ကညစ်ညမ်းသွားပါတယ်
ဒါကိုသင်ခန်းစာယူပါတယ်...ကြိုးစားနေဆဲပါပဲ


January 26, 2011 10:43 PM

Post a Comment

ထင်မြင်ချက် ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

 

နောက်ဆုံးတင်သည့် ပို့စ် များ

ယခုလက်ရှိစာဖတ်နေသူ


ခေါင်းစဉ်အညွှန်းများ

အထက်သို့ Copyright © 2010 | http://www.living-in-peace.net/