စာရေးသူ ဒီပို့စ်လေးကို ဘလော့စာမျက်နှာပေါ်မှာ မရေးတော့ဘူး မတင်တော့ဘူး စသည်ဖြင့် ဆုံးဖြတ်ထားခဲ့တာ။ ဘာကြောင့်လည်း ဆိုတော့ သွေးလှူတာကိုများ ဘလော့ထဲမှာ ရေးပြီး ကြွားတယ် ၀ါတယ်စသည်ဖြင့် တစ်ချို့သော သူများ စာရေးသူ အပေါ်မှာ တွေးမိကြ မြင်မိကြ သောအခါ ကုသိုလ်စိတ်မဖြစ်မိပဲ အကုသိုလ်စိတ် ဖြစ်ပွားသွားမည် ဆိုးသောကြောင့်ဖြစ်ပါသည်။
သီရိလင်္ကာနိုင်ငံ အင်တာနေရှင်နယ် သွေးလှူဘဏ်မှာ စာရေးသူ မျက်မှောက် သွေးလှူနေချိန်တွင် ဖြစ်ပွားနေခဲ့သော ကိုယ်တွေ့ အကြောင်း အရာလေးများကို စာဖတ်သူတို့အား သိစေချင်တဲ့ အတွက်ကြောင့်သာ ဒီပို့စ်လေးကို စာဖတ်သူတို့ မျက်မှောက်သို့ ရောက်အောင် ရေးလိုက်မိပါကြောင်း...........။
ယနေ့ ၂၃-၁၁-၂၀၀၉ ရက်သည် စာရေးသူ၏ အသက် ၂၇ နှစ် အတွင်း အကြိမ်၂၀မြောက် သွေးလှူဒါန်းခြင်းနေ့ ဖြစ်ပါတယ်။ အိပ်ရာကနေ စောစောထ ဈေးသို့သွားကာ ဆေးရုံရှိ မရှိဆင်းရဲသော လူနာများအား လှူဒါန်းရန် နိုင်သလောက် ပစ္စည်းအချို့ကို သွား၍၀ယ်ခဲ့ပါတယ်။ (လေးလတစ်ကြိမ် သွေးလှူဒါန်းရန် သွားသည့်အခါတိုင်း ဆင်းရဲသော လူနာများအတွက် နိုင်သလောက် ဤကဲ့သို့ ၀ယ်၍သွားခဲ့ပါသည်။)
အချိန်က နံနက်ကိုးနာရီ ပတ်ဝန်ကျင် ရာသီဥတုက ယနေ့တွင် ဖေါက်ပြန်နေကာ မိုးပဲရွာတောမလိုလို နေပဲ ပူတော့မလိုလို့နဲ့ သာယာခြင်းမရှိ အုံးဆိုင်းကာ ဖြစ်လျက်နေပါတယ်။ သွားနေကြအတိုင်း အဆောင်ကနေ ကားငှားပြီး ဆေးရုံသို့ သွေးလှူရန်အတွက် ထွက်လာခဲ့တယ်။
ယနေ့ ထူးထူးခြားခြား ဆေးရုံးဘေး လမ်းကြားထဲ နှင့် ကားလမ်းဘေးများတွင် လူအများ တန်းစီနေကြသည်ကို တွေ့လိုက်ရပါတယ်။ သွေးလှူဘဏ်သို့ ရောက်ပြီး သွေးဖောက်ခန်း အတွင်းသို့ရောက်သောအခါ လူတွေအများကြီးဖြစ်နေ တဲ့ အတွက်ကြောင့် မေးမြန်းကြည့်မိတယ်။
အဲဒီအခါ ဆရာဝန်က တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ စစ်သားလူနာရှင် မိဘများ နဲ့ အရပ်သားလူနာရှင် မိဘမောင်နှစ်မများ ဖြစ်တယ်လို့ ပြောတယ်။
လူနာများ ခွဲစိတ်နိုင်ရန်အတွက် သွေးအရေးတကြီး လိုအပ်နေသောကြောင့် လူနာရှင်များဟာ ဆေးရုံ အတွင်းသို့ ၀င်နေရန်ခွင့်မရှိ၍ ညကတည်းက အပြင်ကားလမ်းမဘေးမှာ ဖြစ်သလိုနေပြီး သွေးရရန်အတွက် ဒီမှာ စောင့်ဆိုင်း နေကြတာ လို့ ပြောပါတယ်။
ညကတည်းက ဆို၍ စာရေးသူ အံ့သြောသွားခဲ့ရတယ်။ သီရိလင်္ကာမှာ ယခုအချိန်ဟာ မနက်ပိုင်း နေ့လည်ပိုင်းထက် ညနေပိုင်းမှ မိုးလင်းအထိသည် မိုးများသီးထန်စွာ ဆက်တိုက် ရွာသွန်းနေသော အချိန်ရာသီဖြစ်သောကြောင့် ဖြစ်ပါတယ်။
အမိုးအကာမရှိ ဖြစ်သလိုမျိုး နေကာ အ၀တ်အစာများ မိုးများစိုရွှဲ့ကာနဲ့ သွေးလှူဒါန်းမည့် သူများကို စောင့်ဆိုင်းနေကြသော လူတန်းစုကို မြင်လိုက်ရတဲ့အခါ ခံစားချက်ရေယဉ်လှိုင်း တစ်ခုသည် ရင်ထဲမှာရှိသော နှစ်လုံးသားဆိုင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်ပါတယ်။
ယခုလို မိုးထဲလေထဲမှာ တညလုံး ကားလမ်းဘေးတွင် ဖြစ်သလိုနေ ဖြစ်သလိုအိပ်ကာ သွေးရရှိရန် အတွက် တန်းစီကာ စောင့်ဆိုင်းနေကြတဲ့ လူတန်းစုထဲတွင် ချမ်းသာသော လူတန်းစားများ ပါဝင်လိမ့်မည်မဟုတ်ဟုလည်း တဆက်တည်း တွေးဖြစ်လိုက်ပါသည်။
သီရိလင်္ကာ နိုင်ငံတွင်းမှာလည်း မိမိ၏သွေးကို ပိုက်ဆံမယူပဲ စေတနာဖြင့် လှူဒါန်းသူများရှိသလို ပိုက်ဆံနှင့် ရောင်းချပြီး မိသားစု၏ ၀မ်းရေးကို ဖြေးရှင်းနေ ကြသူများလည်းရှိပါတယ်။
နိုင်ငံအတွင်းမှာ ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်ခြင်း တိုက်ပွဲတွေလည်း ဟိုတစ်စု ဒီတစ်စု မကြခဏဆိုသလို ဆက်တိုက်ဖြစ်ပွားနေခြင်း စတဲ့အကြောင်းများကြောင့် ဆေးရုံးဆေးခန်းများတွင် လူနာများ အရင်ကနှစ်တွေထက် အဆမတန် ပိုပြီး များပြားလာပါတယ်။
သွေးလှူဘဏ်တွေ မှာလည်း သွေးများရှားပါး နေသည့်အတွက် ပုံမှန်အလကားရသော ဌာနများတွင် သွေးကိုမရ၍ အပြင်မှ လှူဒါန်းရန် သွေးလှူဘဏ်သို့ ရောက်လာတဲ့ သွေးလှူရှင်များကို မိမိဘက်သို့ ရောက်လာစေရန် ငွေရှိသူများက ငွေများနှင့် ဖိ၍ လုယက်လိုက်သောကြောင့် ဆင်းရဲသော မိသားစုများသည် သွေးရရှိရန်အတွက် ဒုက္ခဖြစ်သွားခဲ့ရတယ်။
ချမ်းသာတဲ့ လူနာရှင်များကတော့ ငွေနှင့်အလွယ်တကူ သွေးလှူသူများထံမှ တိုက်ရိုက် ၀ယ်ယူကာ မိမိလူနာများ အသက်ရှင်နိုင်ရန်တွက် သွေးကို လူနာများသို့ အချိန်မှီ သွင်းပေးနိုင်ခဲ့ ကြပါတယ်။
ဆေးရုံတွင်လည်း သွေးမရှိတဲ့အတွက် ဆင်းရဲသားများမဆိုထား နဲ့ ငွေရှိသူမျာတောင် သွေးရရှိရန် အခတ်တွေ့နေကြတယ် ဟု တာဝန်ခံဆရာဝန်က ပြောတယ်။ အခတ်တွေ့သွားတာက မ၀ယ်နိုင်သော ဆင်းရဲသားများအတွက်ဖြစ်ပါသည်။
စာရေးသူ၏သွေးက (အေ) သွေးဖြစ်သောကြောင့် ဆရာဝန်က အရှင်ဘုရား နှင့် သွေးအမျိုးအစားခြင်း တူတဲ့ လူနာတွေကို သွားကြည့်ပါဆိုတော့ ကြည့်လိုက်မိပါတယ်။ အဲဒီ အခါမှာ (အေ) သွေးလူနာရှင်များ အနားသို့ ၀ိုင်းအုံးလာပြီး သွေးလှူရန် သို့မဟုတ် ရောင်းပါရန် အလုအယက်ပြောလာခဲ့ကြပါတယ်။
စာရေးသူ အရေးတကြီး လူနာများကို တစ်ယောက်ထဲလှူ၍ မရသောကြောင့် ရွေးချယ်လိုက်တယ်။ ချမ်းသာသောအရပ်သား၊ မချမ်းသာသောလည်း အသင့်အတင့်ရှိသောသူများ။ ထိုသူများကို ဖယ်ရှားလိုက်ပါတယ်။
ချမ်းသာသော သူများ နဲ့ မချမ်းသာသော်လည်း ငွေအသင့်အတင်ရှိတဲ့ လူနာရှင်တွေက သွေးကို ရောင်းမည်သူများထံမှ ငွေနှင့်အလွယ်တကူ ၀ယ်နိုင်ပါလိမ့်မည်။
သို့အတွက် တိုင်းပြည်အတွက် အသက်ကို ပဓာန မထားပဲ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သော အာဇာနည်း စစ်သားများနဲ့ ဆင်းရဲသားများအတွက် ဦးစားပေးခဲ့ပါတယ်။ စစ်သားများ နဲ့ ဆင်းရဲသူများကို ရွှေးနေရင်းဖြင့် အမျိုးသမီးကြီးတစ်ဦးက အနားကပ်လာပြီး
ဆိုပြီး ပြောလာပါတယ်။ သူမ ပြောခဲ့တဲ့ တစ်သောင်းဆိုတဲ့ ငွေဟာ ဒေါ်လာ ၁၀၀ နီးပါးမျှ ရှိတဲ့အတွက် နိုင်ငံရက်ခြားမှာ ပညာသင်ကြားနေသော စာသင်သား တစ်ယောက်အတွက် အတော်လေးကို အစဉ်ပြေသွားမည့် အခြေအနေတစ်ရပ်မှာ ရှိနေပါတယ်။
ဒါကိုလည်း နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသားများ သိကြမှာပါ။ သို့ပေမယ့် အမျိုးသမီးကြီးကို ပြုံးကြည့်ကာ စာရေးသူ ငြင်းပယ်လိုက်ပါတယ်။
ငြင်းပယ်ပြီးနောက် စစ်သားနဲ့ ဆင်းရဲသားများထဲမှာ မည်သူကို လှူဒါန်းရကောင်းမလဲ စဉ်းစားနေတုန်း အနားကို တုန်တုန်ရင်ရင်နဲ့ ရောက်လာသောသူကို ကြည့်လိုက်မိတယ်။
ဟောင်းနွမ်းနေသော အ၀တ်အစားကို ၀တ်ဆင်ထားကာ အရေပြားများ တွန့်လိမ်နေပြီး အိုစာနေသောခန္ဓာကိုယ်၊ နီရဲလျက်ရှိနေသော မျက်လုံးများ၊ နှစ်ဘက်သော ပါးပြင်ပေါ်တွင် အလိမ်လိမ့် ကျဆင်းနေလျက်ရှိသော မျက်ရည်ကြည်ဥကလေးများ။
မခြောက်တစ်ခြောက် မျည်ရည်စီးချောင်းကလေးများ ၊ သောကဝေဒနာများဖြင့် ဖုံးလွှမ်းနေသော မျက်နှာပြင်။
အရေးကြီးသော ပစ္စည်းတစ်ခု အောက်သို့ကျကာ ပျောက်ဆုံးသွားမည်ကို စိုးရိမ်သည့်အလား လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ထားသော အရာဝထ္ထုတစ်ခုနှင့်အတူ တုန်တုန်ရင်ရင်ဖြင့် အနားကို ကပ်တဲ့ အဘွားအိုတစ်ဦးကို တွေ့လိုက်မိတယ်။

"သွေးရောင်းမလား ။ ဦးဇးင်းထံက သွေးကို ဝယ်ချင်ပါတယ်။
ငွေ တစ်သောင်းလည်း ပေးမယ်။ ဆွမ်းလည်းကပ်မယ်။
အပြန်လည်း အဆောင်အထိ လိုက်ပို့ပေးမယ်"

"Hello, How are you my son?
I'm...."
I'm...."
ဟု ပီသ ရှင်းလင်းသော အင်္ဂလိပ်သံဖြင့် အသံပြု လက်အုပ်ချီ ဦးချကာ နုတ်ဆက်ပြီး မျက်ရည်များ ရစ်ဝိုင်းနေသော မျက်လုံး၊ တုန်ရင်နေသော အသံလေးဖြင့်
"အဘွားအသက် ၆၉ နစ်ရှိပါပြီး "
အသက် ၂၅ နှစ်သာရှိသော မြေးလေးနှင့်အတူနေပါတယ်။ မထင်မှတ်ပဲ လွန်ခဲ့တဲ့ ညက အဘွားမြေး လမ်းမှာ တွန်းလှည်းနဲ့ပစ္စည်းတွေ လိုက်ရောင်နေတုန်း ကားတိုက်မှုဖြစ်ကာ ဆေးရုံကို ရောက်နေပါတယ်။
ဘယ်ကကား တိုက်သွားသည်ကိုလည်း မမှတ်မိ၊ ကားသမားကလည်း ထွက်ပြေးသွားတယ်။ အိမ်မှာလည်း အဘွားတို့ မြေအဖွားနှစ်ယောက်ပဲ ရှိတာဆိုတော့ အဘွားကိုယ်တိုင်ပဲ မြေးလေအတွက် လိုက်လုပ်ပေးနေရတယ်။
ဆေးရုံးက ဆင်းရဲသားတွေ အတွက် အလကားဆိုပေမယ့်လည်း စားစရိတ် သွားစရိတ် လာစရိတ် စသည်များကိုတော့ အဘွားတို့ကိုတိုင် ကိုယ်ဘာသာကို ဖြေရှင်းရပါတယ်။
အဘွားတို့ကဆင်းရဲပါတယ်။ ဒီလောက်ငွေ ကလေးကိုတောင် မတက်နိုင်ခဲ့ပါဘူး။ ပြောလည်း ငိုလည်း ငိုပါတယ်။
အဘွားက အသက်ကလည်းကြီး ကျန်းမာရေးကလည်း သိပ်မကောင်းတော့ လမ်းလည်း မြန်မြန်မလျှောက်နိုင်ဘူး ဖြစ်နေပေါ့။ ဆေးရုံနဲ့ အဘွားတို့နေအိမ်က နည်းနည်းဝေးတဲ့အတွက် အိမ်ကို မပြန်နိုင်ပဲ ဟောဒီဆေးရုံနားမှာပဲ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး အဘွားမြေးလေးကို ကြည့်နေရတာပါသားရယ်။
အဘွားခုတောင် ထမင်းမစားရသေးပါဘူး။ မနေ့ကတည်းပါ စာလည်းမစာပါဘူး၊ စားချင်စိတ်လည်း မရှိပါဘူး ဆိုပြီး အကြောင်းဆုံပြောပြတယ်။ စာရေးသူက
ဒါကြောင့် မြေးလေး သွေးသွင်းဖို့အတွက် သွေးရရန် အကူအညီမရှိပဲ အဘွားတစ်ယောက်ထဲ မိုးရွာထဲမှာ ညကတည်းကနေ ခုအချိန်ထိ ကားလမ်းနဘေးမှာ အိပ်ပြီးစောင့်နေတာပေါ့။
အဘွားက အသက်ကြီးတော့ လှူတဲ့သူလာလည်း လှူမည့်သူထံကို သူများတွေလို အမြန်မသွားနိုင်ဘူး။ ဒါကြောင့် ခုအထိ သွေးမရသေးပါဘူး သားရယ် ဆိုကာ မျက်လုံးအိမ်မှ ပါးပြင်ပေါ်သို့ ဆက်တိုက်ကျဆင်းလာသောမျက်ရည်၊ ခံစားချက်ပြင်းပြင်း တုန်ရင်သော အသံ စသည်ဖြင့် စာရေးသူကို ပြောပြပါတယ်။
စာရေးသူ အဲဒီအချိန်က ရင်ထဲမှာ ပြောမပြနိုင်လောက်အောင် ခံစားမှုတွေ ဖြစ်လာရုံတင် မကပဲ မျက်ရည်များဝေ့၀ဲလာတဲ့ အထိခံစားခဲ့ရတယ်။ သနား ကြင်နာစိတ်တွေလဲ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တယ်။
စာရေးသူ ချက်ချင်း ဆုံးဖြတ်ချက်ကို ချပစ်လိုက်ပါတယ်။ ခံစားချက် ပြင်းထန်လာ၍ ဝေ့၀ဲတက်လာတဲ့ မျက်ရည်ကြည့်များနဲ့ အတူ အေးဆက်ဆက်ဖြစ်နေတဲ့ အဘွားအိုရဲ့ လက်ကလေးတွေကို ကြင်ကြင်နာနာ ယုယုယလေး ကိုင်လိုက်ပြီး။
အဲဒီ အခါမှာ မျက်ရည်များကြားထဲမှ ဖြစ်ပေါ်လာသော အပြုံးပွင့်တစ်ပွင့်ကို သောကတွေ ဖုံလွှမ်းနေတဲ့ အဘွားအိုရဲ့ မျက်နှာပြင်ပေါ်မှာ ထင်ထင် ရှားရှား တွေ့မြင်လိုက်ရတယ်။
ဝမ်းသားအားရနဲ့ စာရေးသူလက်ကို ပြန်ပြီး တအားဆုပ်ကိုင် ထားတယ်။ စာရေးသူလည်း အဘွားအိုကို အပြုံးနှင့်အတွ အားပေးလိုက်တဲ့ အနေနဲ့ သူမလက်နှစ်ဘက်ကို အားရပါးရ ဆုပ်ကိုင်လိုက်မိတယ်။
အဲဒီ အချိန်မှာ အဘွားအို လက်ထဲကနေ တစ်စုံတစ်ခု အောက်ကို "ဒေါက်" ဆို ထွက်ကျသွားတာကို တွေ့လိုက်ရတယ်။ ကျသွားတဲ့ အရာဝတ္ထုကလေးက လိမ့်ကာလိမ့်ကာဖြင့် စာရေးသူ ခြေထောက်နား ရောက်လာခဲ့တယ်။
ဘာများ ဖြစ်မလဲဟု ကောက် ခါကြည့် လိုက်မိတော့ မြင်လိုက်ရသည့်ကား နားထောင်လေးတစ်ဘက်၊
ဒါနဲ့ စာရေးသူ အဘွားအိုကို
သွေးအလကားလှူမည်သူမရှိရင်
ရောင်းမည်သူထံကနေ ၀ယ်မလိုပါ
အဘွားက အရေးမကြီးပါဘူး
တကယ်လို့များ ဒီနေ့မှ သွေးသာ အလွယ်တကူ
မရခဲ့လျင် မြေးအတွက် မလွယ်ဘူးဆိုပြီး ငိုကာပြောပြခဲ့တယ်။"
အဘွား ပြောတဲ့ စကားတွေကို စာရေးသူကြားပြီး ရင်နဲ့ မဆန့်အောင် ခံစားမှုတွေ ဖြစ်လာခဲ့ပါတယ်။ မျက်စိရှေ့မှာ ရှိနေတဲ့ အဘွားအိုကို ကြည့်ရင်း စာရေးသူရဲ့ မျက်ဝန်းမှာ ထိမ်းနေတဲ့ ကြားကနေ မျက်ရည်ဥ တို့ မျက်ဝန်းမှာ မသိမသာ တွဲခိုလာခဲ့ပါတယ်။
မကြာခင် ရေတံခွန်လို မျက်ရည်များ မျက်ဝန်းကနေ တစ်ဆင့် ပါးပြင်ပေါ်သို့ အတားအစီးမဲစွာ စီးကျလာတော့ မှာကိုသိတဲ့အတွက် ကဗျာကယာ အဘွားလက်ဖြုတ်ပြီး အဘွားအို မျက်နှာနဲ့ ဆန့်ကျင်ဘက် တစ်နေရာကို မျက်နှာလွဲလိုက်ရပါတော့တယ်။
နေသား တကျပြန်ဖြစ်တော့မှ တုန်တုန်ရင်ရင် နဲ့ ဖြစ်နေသော အဘွားအိုကို မျက်နှာ ခြင်းထပ်မံ ဆိုင်လိုက်ပါတယ်။
ထိုအချိန်မှာ တွေးလိုက်မိသည့် အတွေးတစ်ခုကတော့ အကယ်၍များ အဘွားအိုသည် စာရေးသူ ၏ အဘွားဖြစ်နေခဲ့လျင်.....။
ဒီလိုဖြစ်နေသော မိသားစုများ တစ်ကမ္ဘာလုံးတွင် ဘယ်လောက်တောင် ရှိလိမ့်မလည်းလို့လည်း တွေးမိခဲ့ရင်း တစ်ဆက်တည်း စိတ်မကောင်းဖြစ်ခဲ့မိတယ်။
အဘွားအို ရဲ့ မြေးလေးအတွက် သွေးလှူဖြစ်သွားခဲ့သလို ပါလာတဲ့ ပစ္စည်းများကိုလည်း ပေးလှူခဲ့ပါတယ်။ ငွေကိုလည်း မိမိနိုင်သလောက် ထပ်ပြီး လှူဒါန်းခဲ့ပါတယ်။ သွေးလှူနေရင်း အဘွားမြေးလေး ကျန်မာရေးမြန်မြန် ကောင်းပြီး အဘွားအိုကို တစ်သက်လုံး အေးအေးချမ်းနဲ့ ရှာဖွေ ကျွေးမွေးနိုင်ပါစေလို့ ဆုတောင်းလိုက်မိတယ်။
သွေးလှူပြီး အဆောင်ကို ပြန်ရောက်တော့လည်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ အကြိမ် ၂၀ အတွင်း သွေးလှူဒါန်းရာတွင် ဒီတကြိမ်တွင် စာရေးသူအတွက် အမှတ်တရ ဖြစ်သွားသလို ဆေးရုံများတွင် လူနာများအတွက် မရှိမဖြစ်သွေး များလိုအပ်နေကြောင်းကိုလည်း ထပ်ပြီး နားလည်ခဲ့မိတယ်။
ကျန်းမာရေး ကောင်းသော သူများထံမှ သွေးများမရရှိပါက လူနာများအတွက် အသက်ရှင်နိုင်ရန်မှာ မလွယ်ကူလှပါဘူး။ သွေးသည် အထူးကိုလိုအပ်လှတယ်။ အထူးသဖြင့် ဆင်းရဲသော လူနာများ အသက်ရှင်နိုင်ရန် အတွက် ဖြစ်ပါတယ်။ ဆင်းရဲသားများ ငွေမနိုင်၍ အချိန်မှီသွေးကိုဝယ်ပြီး လူနာအတွက် မသွင်းနိုင်ခဲ့ပါလျင်.....
သွေးလှူသော ကုသိုလ်တရားသည် ဘာဖြစ်သည် ညာဖြစ်သည် စသည်ဖြင့် စာရေးသူ မရေးလိုတော့ပါ။ မရေးလည်း အားလုံးက ကောင်းကောင်း သိကြမယ်လို့ မျော်လင့်ပါတယ်။

"အဘွားမှာ ဆွေမျိုး သားချင်းများ မရှိဘူးလား။
ရှိတာပေါ့ အများကြီး ၊ ဒါပေမယ့် အဘွားတို့က ဆင်းရဲတယ်လေ။
ဆင်းရဲတော့ အဘွားတို့ကို ဘယ်သူကမှ ဂရုမစိုက်ကြဘူး"

"စိတ်မပူပါနဲ့ အဘွားရယ်
အဘွားမြေး အတွက် သွေးကို
လှူပေးမည်လို့ ပြောလိုက်တယ်"
အဘွားမြေး အတွက် သွေးကို
လှူပေးမည်လို့ ပြောလိုက်တယ်"
အဲဒီ အခါမှာ မျက်ရည်များကြားထဲမှ ဖြစ်ပေါ်လာသော အပြုံးပွင့်တစ်ပွင့်ကို သောကတွေ ဖုံလွှမ်းနေတဲ့ အဘွားအိုရဲ့ မျက်နှာပြင်ပေါ်မှာ ထင်ထင် ရှားရှား တွေ့မြင်လိုက်ရတယ်။
ဝမ်းသားအားရနဲ့ စာရေးသူလက်ကို ပြန်ပြီး တအားဆုပ်ကိုင် ထားတယ်။ စာရေးသူလည်း အဘွားအိုကို အပြုံးနှင့်အတွ အားပေးလိုက်တဲ့ အနေနဲ့ သူမလက်နှစ်ဘက်ကို အားရပါးရ ဆုပ်ကိုင်လိုက်မိတယ်။
အဲဒီ အချိန်မှာ အဘွားအို လက်ထဲကနေ တစ်စုံတစ်ခု အောက်ကို "ဒေါက်" ဆို ထွက်ကျသွားတာကို တွေ့လိုက်ရတယ်။ ကျသွားတဲ့ အရာဝတ္ထုကလေးက လိမ့်ကာလိမ့်ကာဖြင့် စာရေးသူ ခြေထောက်နား ရောက်လာခဲ့တယ်။
ဘာများ ဖြစ်မလဲဟု ကောက် ခါကြည့် လိုက်မိတော့ မြင်လိုက်ရသည့်ကား နားထောင်လေးတစ်ဘက်၊
ဒါနဲ့ စာရေးသူ အဘွားအိုကို
"
"အဘွား ဒီနားကပ်ကလေးတစ်ဘက်က ဘာလုပ်တာလည်းဟင်
မြေးအတွက် ဆေးဖိုးဝါးခ ရအောင် ရောင်မလိုပါကွယ်
အဘွားတို့က ဆင်းရဲတော့ ငွေမရှိဘူးလေ
မနေ့ကလည်း နားကပ်တစ်ဘက်ကို ရောင်းပြီး သွားပြီး
ကျန်တဲ့ ဒီတဘက်ကိုလည်း ရောင်း ပြီး ရလာသောငွေလေးနဲ့
အဘွား မြေးအတွက်
မြေးအတွက် ဆေးဖိုးဝါးခ ရအောင် ရောင်မလိုပါကွယ်
အဘွားတို့က ဆင်းရဲတော့ ငွေမရှိဘူးလေ
မနေ့ကလည်း နားကပ်တစ်ဘက်ကို ရောင်းပြီး သွားပြီး
ကျန်တဲ့ ဒီတဘက်ကိုလည်း ရောင်း ပြီး ရလာသောငွေလေးနဲ့
အဘွား မြေးအတွက်
သွေးအလကားလှူမည်သူမရှိရင်
ရောင်းမည်သူထံကနေ ၀ယ်မလိုပါ
အဘွားက အရေးမကြီးပါဘူး
တကယ်လို့များ ဒီနေ့မှ သွေးသာ အလွယ်တကူ
မရခဲ့လျင် မြေးအတွက် မလွယ်ဘူးဆိုပြီး ငိုကာပြောပြခဲ့တယ်။"
အဘွား ပြောတဲ့ စကားတွေကို စာရေးသူကြားပြီး ရင်နဲ့ မဆန့်အောင် ခံစားမှုတွေ ဖြစ်လာခဲ့ပါတယ်။ မျက်စိရှေ့မှာ ရှိနေတဲ့ အဘွားအိုကို ကြည့်ရင်း စာရေးသူရဲ့ မျက်ဝန်းမှာ ထိမ်းနေတဲ့ ကြားကနေ မျက်ရည်ဥ တို့ မျက်ဝန်းမှာ မသိမသာ တွဲခိုလာခဲ့ပါတယ်။
မကြာခင် ရေတံခွန်လို မျက်ရည်များ မျက်ဝန်းကနေ တစ်ဆင့် ပါးပြင်ပေါ်သို့ အတားအစီးမဲစွာ စီးကျလာတော့ မှာကိုသိတဲ့အတွက် ကဗျာကယာ အဘွားလက်ဖြုတ်ပြီး အဘွားအို မျက်နှာနဲ့ ဆန့်ကျင်ဘက် တစ်နေရာကို မျက်နှာလွဲလိုက်ရပါတော့တယ်။
နေသား တကျပြန်ဖြစ်တော့မှ တုန်တုန်ရင်ရင် နဲ့ ဖြစ်နေသော အဘွားအိုကို မျက်နှာ ခြင်းထပ်မံ ဆိုင်လိုက်ပါတယ်။
ထိုအချိန်မှာ တွေးလိုက်မိသည့် အတွေးတစ်ခုကတော့ အကယ်၍များ အဘွားအိုသည် စာရေးသူ ၏ အဘွားဖြစ်နေခဲ့လျင်.....။
ဒီလိုဖြစ်နေသော မိသားစုများ တစ်ကမ္ဘာလုံးတွင် ဘယ်လောက်တောင် ရှိလိမ့်မလည်းလို့လည်း တွေးမိခဲ့ရင်း တစ်ဆက်တည်း စိတ်မကောင်းဖြစ်ခဲ့မိတယ်။
အဘွားအို ရဲ့ မြေးလေးအတွက် သွေးလှူဖြစ်သွားခဲ့သလို ပါလာတဲ့ ပစ္စည်းများကိုလည်း ပေးလှူခဲ့ပါတယ်။ ငွေကိုလည်း မိမိနိုင်သလောက် ထပ်ပြီး လှူဒါန်းခဲ့ပါတယ်။ သွေးလှူနေရင်း အဘွားမြေးလေး ကျန်မာရေးမြန်မြန် ကောင်းပြီး အဘွားအိုကို တစ်သက်လုံး အေးအေးချမ်းနဲ့ ရှာဖွေ ကျွေးမွေးနိုင်ပါစေလို့ ဆုတောင်းလိုက်မိတယ်။
သွေးလှူပြီး အဆောင်ကို ပြန်ရောက်တော့လည်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ အကြိမ် ၂၀ အတွင်း သွေးလှူဒါန်းရာတွင် ဒီတကြိမ်တွင် စာရေးသူအတွက် အမှတ်တရ ဖြစ်သွားသလို ဆေးရုံများတွင် လူနာများအတွက် မရှိမဖြစ်သွေး များလိုအပ်နေကြောင်းကိုလည်း ထပ်ပြီး နားလည်ခဲ့မိတယ်။
ကျန်းမာရေး ကောင်းသော သူများထံမှ သွေးများမရရှိပါက လူနာများအတွက် အသက်ရှင်နိုင်ရန်မှာ မလွယ်ကူလှပါဘူး။ သွေးသည် အထူးကိုလိုအပ်လှတယ်။ အထူးသဖြင့် ဆင်းရဲသော လူနာများ အသက်ရှင်နိုင်ရန် အတွက် ဖြစ်ပါတယ်။ ဆင်းရဲသားများ ငွေမနိုင်၍ အချိန်မှီသွေးကိုဝယ်ပြီး လူနာအတွက် မသွင်းနိုင်ခဲ့ပါလျင်.....
သွေးလှူသော ကုသိုလ်တရားသည် ဘာဖြစ်သည် ညာဖြစ်သည် စသည်ဖြင့် စာရေးသူ မရေးလိုတော့ပါ။ မရေးလည်း အားလုံးက ကောင်းကောင်း သိကြမယ်လို့ မျော်လင့်ပါတယ်။
ဒါကြောင့် စာရေးသူပြောချင်တာက သွေးကို ရောက်တဲ့နေရာ မှာ လှူဒါန်းပေးကြပါလို့ တိုက်တွန်းချင်ပါသည်။ စာဖတ်သူများကို နောက်တစ်ခု ပြောချင်သည်က သွေးလှူရင် အသက်တိုသည် ဆိုသော အတွေးမျိုးကိုလည်း မတွေးစေချင်ပါ။
သွေးလှူသော စနစ်အသစ်ကို ဆေးရုံရှိ ဆရာဝန်များက ပြောပြလာ၍ အလွန်အန္တရာယ် များပေမယ့်လည်း စာရေးသူ အသင်းဝင်အဖြစ် ရဲရဲဝင့်ဝင့် ၀င်ရောက်ခဲ့ပါတယ်။
စနစ်သစ်မှာ သွေးကိုလှူသောအခါ တစ်ကိုယ်လုံးရှိ အိုဟောင်းနေသော သွေးများ ဆဲလ်များကို သူတို့က သွေးအသစ်နဲ့ အဟောင်းကို ချက်ချင်းလဲလိုက်ပါတယ်။
တစ်ဘက်ကထုတ် တဘက်ကနေ သူတို့၏ ဆေးဖြူရည်များကို ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် သွင်းပေးနေပါတယ်။ လဲချိန်သည် ၁ နာရီကျော်ကျော်ကြာပါတယ်။
နောက်မှာ ပြန်ပြည့်ဝလာသော သွေးအသစ်များကို သူတို့က ခန္ဓာကိုယ်ထဲမှ တစ်ပုလင်းထုတ်ယူပါတယ်။ ဒါကြောင့် ပုံမှန် ၄ လကို တစ်ကြိမ်မှသာ လှူရသောသွေးသည် ၂ ပါတ် ( ၁၄) ရက်တွင် တစ်ကြိမ်ဖြင့် တစ်လကို နှစ်ကြိမ် ၊ တစ်နှစ်ကို ၂၄ ကြိမ်လှူဒါန်းနိုင်ပါသည်။

စာရေးသူ နောက်တစ်ခါ ထိုကဲ့သိုလှူဒါန်းမည် ဟု လက်မှတ်ထိုးကာ အသင်းဝင်ခဲ့ပါသည်။ အသက် ၄၀ ပါတ်ဝင်ကျင်ဆိုရင်ဖြင့် နောက်ထပ် လှူဒါန်းခွင့်မရှိ တော့သော အကြောင်းနှင့် ဆေးရုံးကလည်း ခွင့်ပြုလိမ့်မည်မဟုတ်ဟု သေချာ ရှင်းပြပါတယ်။
ယခု စာရေးသူ ဆိုရင်ဖြင့် အသက် ၂၇ အတွင်းမှာ မြန်မာမှာ ၁၄ ကြိမ်။ သီရိလင်္ကာမှာ ၆ ကြိမ်။ အားလုံး အကြိမ် ၂၀ ရှိပါပြီး။
စာဖတ်သူတွေ အားလုံးကို စာရေးသူ၏ ကုသိုလ်များကို အမျှပေးဝေလိုက်ပါသည်။

သာဓုခေါ်ကြရင်းဖြင့် တန်ဖိုးရှိသော အသက်များကို သွေးလှူရင်း ဖြင့်ကယ်တင် နိုင်ကြပါစေ...
မောင်ငြိမ်းချမ်းလေး
မောင်ငြိမ်းချမ်းလေး
အညွန်း ခေါင်းစဉ်
ရသာစာပေများ..

မြန်မာစံတော်ချိန်
.jpg)

Responses
7 Respones to "သွေးသည်အသက်"
သွေးသည်အသက်ဆိုတာ သိသွားပါပြီ။ အလွန်မွန်မြတ်တဲ့အလုပ်ပါ...ဘုန်းဘုန်း
သာဓုခေါ်ရင်း ကုသိုလ်တ၀က်ခွဲသွားပါတယ်။
November 23, 2009 9:04 PM
ခုမှပဲ မန့်လို့ရတော့တယ်
ဦးဇင်း ရဲ့ မွန်မြတ်သောအလှူးကို သာဓုခေါ်ပါတယ် .
November 24, 2009 9:54 PM
တပည့်တော်ရဲ့စိတ်ထဲမှာ လေးလေးနက်နက်နဲ့...အရှင်ဘုရားရဲ့ ကောင်းမြတ်တဲ့ ကုသိုလ်၊ မွန်မြတ်တဲ့ စိတ်ထား ကိုလည်း ဂုဏ်ယူဝမ်းသာစွာနဲ့ သာဓုကိုဘယ်နှကြိမ်ခေါ်မိမှန်းကို မသိအောင် ဒီပို့စ် ကိုဖတ်ပြီး ဖြစ်ခဲ့ရပါတယ်...
November 25, 2009 1:53 AM
ဘုန်းဘုန်း အရမ်းကို ၀မ်းသာမိပါတယ်၊ တပည့်တော်လဲ အကယ်၍ ဘုန်းဘုန်းနေရာမှာ ဆိုရင်လဲ အဲလိုပဲ ဆုံးဖြတ်မှာပါ၊ ရွေးချယ်မှာပါ၊ ဘာလို့ လဲဆိုတော့ တပည့်တော်က ဘုန်းဘုန်းရဲ့ စိတ်နဲ့ နီးနေလို့ ပါ ။ဘုန်းဘုန်း ထာဝရ သာသနာ့ ဘောင်မှာ ပျော်ရွှင်စွာနဲ့ သာသနာ့ အကျိုးကို အပင်မပန်း ရွှင်ရွှင်လန်းလန်းနဲ့ သယ်ပိုး ထမ်းဆောင်နိုင်ပါစေ လို့ တပည့်တော် ဆုမွန်ချွေလိုက်ပါတယ် ဘုန်းဘုန်း။
November 25, 2009 3:12 AM
ဘုန်းဘုန်းရဲ့ မြင့်မြတ်တဲ့အလှူကို တပည့်တော်သာဓုခေါ် ဆိုပါတယ်ဘုရား။ ဒီဇင်ဘာ၁၄ရက်နေ့က သွေးလှူရှင်များ
နေ့ပါဘုရား။ တပည့်တော်လည်း သွေးလှူဒါန်းသူများကို ဂုဏ်ပြုတဲ့အနေနဲ့ ပိုစ့်တင်ထားပါတယ်။
ဘုန်းဘုန်းရဲ့အကြိမ်၂၀သွေးလှူခြင်းကို သာဓု ၃ကြိမ်ခေါ် ဆိုသွားပါတယ်ဘုရား။
December 15, 2009 6:14 AM
အရှင်ဘုရားရဲ့ သွေးလှူခြင်းကုသိုလ်ကောင်းမှုနဲ့ မွန်မြတ်တဲ့စိတ်စေတနာတွေကို ၀မ်းမြောက်ဝမ်းသာနဲ့ သာဓု၃ကြိမ်ခေါ်ဆိုပါတယ်ဘုရား။ အဘွားအိုရဲ့အဖြစ်နဲ့ လူနာရှင်မိသားစုဝင်တွေကို သနားကရုဏာသက်မိလို့ မျက်ရည်တောင်ကျမိပါတယ်ဘုရား။
တပည့်တော်လည်း သွေးလှူဖို့ငယ်ကတည်းက အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တပည့်တော်မှာ သွေးနီဥနည်းပြီး သွေးအားနည်းတဲ့အတွက် လှူခွင့်မရခဲ့ပါဘုရား။ ဒါကြောင့် မွန်မြတ်စွာနဲ့လှူဒါန်းနေတဲ့ လှူဒါန်းခွင့်လည်းရနေတဲ့ အရှင်ဘုရားတို့လို စေတနာရှင်တွေကို မေတ္တာပို့သပေးပါတယ်ဘုရား။ အရှင်ဘုရားလည်း ကျန်းမာရွှင်လန်းလို့ ဒီထက်မက သာသနာတော်အကျိုးကို အောင်မြင်စွာဆောင်ရွက်နိုင်ပါစေဘုရား။
March 24, 2010 11:08 PM
သာဓု သာဓု သာဓုပါ ဘုရား။ တပည့်တော် အတတ်နိုင်ဆုံး သွေးလှူမယ်လို့  စိတ်ပိုင်းဖြတ်သွားပါတယ် ဘုရား။
October 8, 2010 12:33 PM
Post a Comment