
ကိုယ့်မျက်နှာက ကိုယ့်ရဲ့စိတ်ဓာတ် အခြေအနေကို ဖော်ပြနေတာဖြစ်လို့ ကိုယ်စိတ်ကောင်းရှိသလား၊ မရှိဘူးလားဆိုတာကို သူများက သိရှိပြီး ကိုယ့်ကို ချစ်ခင်ခြင်း၊ မုန်းတီးခြင်း ဖြစ်နိုင်တယ်။ သူများရဲ့ ခင်မင်မှု၊ ယုံကြည်မူကိုရချင်ရင်စိတ်ကောင်းထားပါ၊ ကိုယ်ချင်းစာပါ၊ မေတ္တာပွားပါ၊
မျက်နှာလိုပဲ ကိုယ့်ရဲ့အမူအရာနဲ့ ကိုယ်၏စကားသံကလည်း ကိုယ့်စိတ်ဓာတ် အခြေအနေကို ဖော်ပြနေတာဖြစ်လို့ ကိုယ်အမူအရာယဉ်ကျေးဖို့ နုတ်အပြောအဆိုချိုသာဖို့ အင်မတန် အရေးကြီးပါတယ်၊ လိုရင်းကတော့ တက်နိုင်သမျှ စိတ်ကောင်းထားဖို့ပါပဲ၊ ဥာဏ်၊ဝီရိယစိုက်ပြီး ကြိုးစား၊ နည်းလမ်းလည်း မှန်ကန်လျက်သားနဲ့ သူများအောင်မြင်သလို ကိုယ်မအောင်မြင်ဘူး လုပ်လိုက်တိုင်း အလွဲလွဲအချော်ချော် ဖြစ်နေပြီးဆိုရင် ခင်ပွန်းကြီး ဆယ်ပါး တစ်ပါးပါးကို ပြစ်မှားမိသလား၊ မပြစ်မှားမိသလားဆိုတာ စဉ်းစားပါ၊ ပြစ်မှားမိတယ်ဆိုရင် ကန်တော့တောင်းပန်လိုက်ပါ၊ အစစအရာအရာ အဆင်ပြေလာပါလိမ့်မယ်။
ခင်ပွန်ကြီး(၁၀)ပါး= မိတ်ဆွေကောင်းကြီး မျက်နှာလိုပဲ ကိုယ့်ရဲ့အမူအရာနဲ့ ကိုယ်၏စကားသံကလည်း ကိုယ့်စိတ်ဓာတ် အခြေအနေကို ဖော်ပြနေတာဖြစ်လို့ ကိုယ်အမူအရာယဉ်ကျေးဖို့ နုတ်အပြောအဆိုချိုသာဖို့ အင်မတန် အရေးကြီးပါတယ်၊ လိုရင်းကတော့ တက်နိုင်သမျှ စိတ်ကောင်းထားဖို့ပါပဲ၊ ဥာဏ်၊ဝီရိယစိုက်ပြီး ကြိုးစား၊ နည်းလမ်းလည်း မှန်ကန်လျက်သားနဲ့ သူများအောင်မြင်သလို ကိုယ်မအောင်မြင်ဘူး လုပ်လိုက်တိုင်း အလွဲလွဲအချော်ချော် ဖြစ်နေပြီးဆိုရင် ခင်ပွန်းကြီး ဆယ်ပါး တစ်ပါးပါးကို ပြစ်မှားမိသလား၊ မပြစ်မှားမိသလားဆိုတာ စဉ်းစားပါ၊ ပြစ်မှားမိတယ်ဆိုရင် ကန်တော့တောင်းပန်လိုက်ပါ၊ အစစအရာအရာ အဆင်ပြေလာပါလိမ့်မယ်။
၁-မြတ်စွာဘုရား
၂-ဘုရားငယ်ခေါ် ပစ္စေက
၃-ကိလေသာအာသဝေါကုန်ပြီးသော ရဟန္တာ
၎-မြတ်စွာဘုရား၏ လက်ဝဲရံ၊
၅-မိခင်
၆-ဖခင်
၇-မိမိထက်အသက်ကြီးသူ၊ သီလ၊သမာဓိ၊ပညာဂုဏ်အားဖြင့်ကြီးမြတ်သူ
၈-မိမိအား သွန်သင်ဆုံးမ ပညာသင်ပေးသော ဆရာ ဆရာမ
၉-မိမိအပေါ် တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
၁၀-မိမိအား တရားဟောပေးသူ တရားဟောဆရာ
ခင်ပွန်းကြီး (၁၀) ပါးကို ပြစ်မှားလျင် သိလို့ပဲဖြစ်ဖြစ် မသိလိုပဲဖြစ်ဖြစ် အထက်ပါခင်ပွန်းကြီး (၁၀) ပါးကို ပြစ်မှား စော်ကားလျှင် အောက်ပါ ဒုက္ခဆိုးကျိုးများဖြစ်တဲ့
၁-ပြင်းထန်သော ခေါင်းကိုက်နာစသည် စွဲကပ်ခြင်း
၂-စည်းစမ်ဥစ္စာများ ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း
၃-မျက်စိ၊နား၊နှာ၊လက်၊ခြေအင်္ဂါချို့တဲ့ပျက်ဆီးခြင်း
၎-ဆေးကုမရနိုင်သော အနာရောဂါများ စွဲကပ်ခြင်း
၅-စိတ်ပျံ့ စိတ်လေ ရူးသွပ်ခြင်း
၆-မင်းပြစ်မင်းဒဏ်သင့်ခြင်း
၇-ပြင်းပြင်းထန်ထန် ထိထိခိုက်ခိုက် စွပ်စွဲရခြင်း
၈-ဆွေမျိုးမိတ်သင်္ဂဟများ သေကြေပျက်စီးခြင်း
၉-စည်းစိမ်ဥစ္စာ၊အခြွေအရံ၊ နောက်လိုက်တပည့်များ သေကြေပျက်စီးခြင်း
၁၀-အိုးအိမ်တိုက်တာ အဆောက်အဦး မီးလောင်ပျက်စီးခြင်း စသော ဒုက္ခဝေဒနာများကို ခံစားရပါလိမ့်မည်။
မောင်ငြိမ်းချမ်းလေး
အညွန်း ခေါင်းစဉ်
ရသာစာပေများ..

မြန်မာစံတော်ချိန်
.jpg)


Responses
2 Respones to "မျက်နှာသည် စိတ်၏ကိုယ်စားလှယ်.."
ဦးဇင့် တပည့်တော် စာလာဖတ်ပါတယ် ဘုရား . .
စိတ်ကို ဖတ်ကြည့်ပါ့မယ် ဦးဇင်..
June 30, 2010 1:19 AM
ဘုန်းဘုန်းပြောတာ မှန်ပါတယ် ဘုရား...တပည့်တော် လိုက်နာပြုမှုနေထိုင်သွားပါ့မယ် ဘုရား...။
February 7, 2011 3:40 AM
Post a Comment