
ငယ်ငယ်ကစပြီး ကောင်းအောင်နေကြပါ
ကြီးခါမှ ကောင်းအောင်နေမယ်လို့ မလုပ်ကြပါနဲ့
နောင်တဆိုတာ နောင်မှရတက်တယ်
ငယ်ငယ်တုန်းက မဟုတ်တာတွေ လုပ်ထားမိရင်
ကြီးခါကျတော့ နောင်တတွေရကုန်ရော
နှလုံးမသာယာ မှုတွေ ဖြစ်ကုန်ရော
ဒါကြောင့် ငယ်ငယ်ကစပြီး ကောင်းအောင်နေကြပါ
နောင်တဆိုတာ နောင်မှရတက်တယ်
ငယ်ငယ်တုန်းက မဟုတ်တာတွေ လုပ်ထားမိရင်
ကြီးခါကျတော့ နောင်တတွေရကုန်ရော
နှလုံးမသာယာ မှုတွေ ဖြစ်ကုန်ရော
ဒါကြောင့် ငယ်ငယ်ကစပြီး ကောင်းအောင်နေကြပါ
ဆိုတဲ့ ဆရာတော် အရှင်ဇနကာဘိဝံသ ရေးတဲ့ ကဗျာလေးကို ဖတ်ပြီး စာရေးသူ တော်တော်လေး သံဝေဂ တရားရမိပါတယ်။ စာရေးသူ အပါအဝင် စာဖတ်သူတွေ အားလုံး ဒီစကားရဲ့ အဓိပ္ပါယ်လေးကို မြင်အောင် သိအောင် လုပ်ဖို့ လိုအပ်ပါတယ်။
နောင်မှ ရတဲ့ နောင်တ ဆိုတာ ဘယ်တော့မှ မကောင်းတာကိုလည်း အားလုံး သိပါတယ်။ ဒါဆို စာရေးသူတို့ အားလုံး ဘာလုပ်သင့်ပါသလဲ။ ယခု ရောက်ရှိနေတဲ့ အရွယ်ကနေ စပြီး ပြုပြင် နေထိုင် သွားကြရမှာပေါ့။
အသိဥာဏ်ဆိုတာ ငယ်တာ ကြီးတာ နဲ့မဆိုင်ပါဘူး။ ဘာကြောင့်လည်း ဆိုရင် အသက်ကြီးပေမယ့် အသိမဥာဏ်မရှိတဲ့ သူတွေ ရှိသလို အသက်ငယ်ပေမယ့် အသိဥာဏ် ထက်မြက်တဲ့ လူငယ် လူရွယ် တွေ တပုံကြီးရှိပါတယ်။
အသိဥာဏ်ဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ ရင့်ကျက်မူ နဲ့ မရင့်ကျက်တာ ပဲ ကွာပါလိမ့်မယ်။ အလုပ်တစ်ခု လုပ်တော့မယ် ဆိုရင် မလုပ်ခင် မိမိရဲ့ ရှိသလောက် အသိဥာဏ်နှင့် စဉ်းစားပါ ဆင်ခြင်ပါ ဆုံးဖြတ်ပါ။
အလုပ်တစ်ခုကို အသိဥာဏ်နဲ့ ယှဉ်ပြီး လုပ်မယ်ဆိုရင် အမှားရှိမယ် ဆိုရင်တောင် အဲဒီအမှား ဟာ လွယ်လွယ် ကူကူ နဲ့ ပြန်လည် ပြုပြင်လို့ ရမှာပါ။ အသိဥာဏ်မပါတဲ့ အလုပ်ဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်သလို့ မှားပြီးရင်လည်း ပြန်လည် ပြုပြင်လို့ ရလိမ့်မှာ မဟုတ်ပါဘူး၊
အဲဒီနေရာမှာ စာရေးသူ ပြောစရာ တစ်ခုရှိပါတယ်။ ယခုလို ခေတ်ကြီးထဲမှာ လူကြီး လူငယ် စာရိတ္တပိုင်းဆိုင်ရာတွေ ကောင်းကြဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူငယ်တွေပါ။ လူကြီးတွေက တဖြေးဖြေးနဲ့ နောက်ကို ရောက်သွားပြီး လူငယ်တွေက ရှေ့ကို တက်လာကြလို့ပါပဲ။
တိုင်းပြည်တိုးတက်ဖို့ ဆိုတာ လူကြီးတွေ ထက် လူငယ်တွေက ပိုပြီးအရေးကြီးပါတယ်။ ရှေ့ကို ဆက်တက်သွားဖို့ရန် လူကြီးတွေထံကနေ အသိဥာဏ်ကို လူငယ်တွေက အတုယူတက်ဖို့ ရန်လိုအပ်ပါတယ်။ ဒါဆို လူကြီးတွေက လူငယ်တွေ ရဲ့ စံပြ ဖြစ်မနေသင့်ဘူးလား။
သူဌေးသူကြွယ်ဖြစ်ရုံမျှ လူ့အဆင်အတန်း မြင့်သူ။ လူစဉ်မီသူ မဟုတ်ပါဘူး။ စိတ်နေသဘောထား မြင့်မှသာ လူမြင့်၏။ လူစဉ်မီ၏။ ရွှေငွေပေါတိုင်း ၊ အသက်ကြီးတိုင်း လူကြီးမဟုတ်၊ စိတ်နေ သဘောထားကြီးပြီး စာရိတ္တကောင်းမွန်မှသာ လူကြီးဖြစ်မည်၊ လူကြီးဟု ခေါ်ပါသည်။။ ဒါမှ လည်း လူငယ်တွေက အတုယူစရာ ဖြစ်မှာပေါ့။
သေလျှင်ပြီးစတမ်း ဝါဒ ထွန်းကားလေသမျှ ကမ္ဘာကြီးမှာ စာရိတ္တ ပျက်ပြားမှုတွေ ပျောက်နိုင်မှာ မဟုတ်ပါဘူုး။
လူငယ်တွေကလည်း စာရိတ္တ ပိုင်းမှာ ကောင်းအောင် ကြိုးစားကြပါ။ စာရိတ္တမကောင်းရင် တစ်ဘဝလုံး သုံးလို့ မရတော့ပါဘူး။ စာရိတ္တဆိုတဲ့ အပိုင်းကို စတင်ကျင့်သုံးတော့ မယ်ဆိုရင် တစ်ဦးနှင့် တစ်ဦး ဆက်ဆံတဲ့နေရာမှာ ဦးလေး အရွယ်ဆို ဦးလေး။ အဒေါ် အရွယ်ဆို အဒေါ်။ နှမ အရွယ်ဆို နှမ။ အစ်ကိုယ် အရွယ်ဆို အစ်ကို။ အဖိုးအရွယ်ဆို အဖိုး ဒီလို ဆက်ဆံရမယ်။
အမျိုးသားတွေကလည်း အမျိုးသမီးတွေကို နှမအရင်း ဆက်ဆံသလို . မိမိ မိခင်ကို ဆက်ဆံသလို ပြောရမယ် ဆိုရမယ် တွေးရမယ်။ အမျိုးသမီးတွေလည်း အမျိုးသားတွေ အပေါ်မှာ ဒီလိုပဲ ပြုမှု ဆက်ဆံရမယ်။
ငါ့ရဲ့စိတ်က မကောင်းတာကို လုပ်ချင်ပြီး ပြောချင်ပြီး ဆိုရင် လောလောဆယ် အိမ်မှာ ရှိတဲ့ ညီမတွေ အစ်မတွေကို ပြန်လည် မြင်ယောင်ကြည့်လိုက်ပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်တယ် ဆိုပေမယ့် လက်တစ်ဘက်က တီးချင်စိတ်မရှိရင် အဲဒီလက်ခုပ်သံ ဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။
အမျိုးသမီးတွေ ဘက်ကလည်း အိနြေ္ဒရေ သိက္ခာရှိတာ အင်မတန်မှ ကောင်းပါတယ်။ ဒါပေမယ့် အတွင်းက ရိုးသားတဲ့ စိတ်ဓါတ်လည်း ရှိရမယ်နော်။
စိတ်ဓါတ်မှ မကောင်းရင် ဘယ်လောက်ပဲ အိနြေ္ဒရေ သိက္ခာရှိရှိ အဲဒီအမျိုးသမီးက ကြီးအာသီးလို အပြင်က လှပပြီး အထဲက မည်းညစ်နေသလို ဖြစ်နေမှာပါ။ တစ်ခုလောက် မေးချင်ပါတယ်။
ညီမငယ်တို့ ယခုလို အလှပြင်တာ
ဝတ်စားဆင်ယင် ထားတာတွေဟာ
ကိုယ့်အတွက်လား။ သူ များအတွက်လား။
ကိုယ့်အတွက် ဆိုရင် ကိစ္စ မရှိပေမယ့်
သူများအတွက် ဆိုရင်
ကိုယ်ဟာ သူများအသုံးချခံ ပစ္စည်း တစ်ခုလို
ဖြစ်နေလိမ့်မယ်နော်။
အဆင်မသင့်ရင် ဒုက္ခတောင်တွေ့နိုင်တယ်
တစ်ခါတစ်လေ ကိုယ့်ရဲ့ ဝတ်စား ဆင်ယင်မှုဟာ
ကိုယ့်ကို ပြန်လည် ဒုက္ခပေးတက်တယ်
သတိထားကြပါ ညီမငယ်တို့
အမျိုးသားတွေ လက်ခုပ်တစ်ဖက်တီး ချင်လောက်အောင် စည်းကမ်းမဲ့တဲ့ အပြုအမှု အပြောအဆို အနေအထိုင် ကို ဆင်ခြေပါ။ မိမိဘက်က စည်းကမ်းရှိတဲ့ အနေအထိုင် အပြုအမှု အပြောအဆို ဆိုတဲ့ လက်ခုပ်တစ်ဖက်သာ ရှိရင် အမျိုးသားတွေဘက်က ဘယ်လောက်ပဲ လက်ခုပ် တီးချင်ပါစေ အဲဒီလက်ခုပ်သံ ဘယ်တော့မှ ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။
ညီငယ်တွေကလည်း ညီမငယ်တို့ကို မြင်တဲ့ အခါ၊ တွေ့တဲ့ အခါ မိမိညီမငယ်လေး တစ်ယောက်၊ အစ်မတစ်ယောက်ကို ပြုမှုဆံဆက်သလို ရိုးရိုးသားသား နဲ့ ဆက်ဆံပါ ပြောဆိုပါ။ ညီမငယ်တို့ လည်း ဒီလိုပဲ ဆက်ဆံရမယ်နော်။
ဆရာတင်မှားလို့ အပေါင်းအသင်းမှားလို့ အိမ်ထောင်ပြုမှားလို့ စတဲ့
အမှားပေါင်းများစွာဟာ ဗဟုသုတမရှိလို့။ အချိန်ယူ မလေ့လာ မစူးစမ်းလို့
ရလာတဲ့ ဒဏ်ချက်တွေပါ။ တစ်ခုခု လုပ်တော့မယ်ဆိုရင် အချိန်ယူပြီး
မိမိရဲ့ဥာဏ်နဲ့ လေ့လာဆုံးဖြတ်ပါ။
ညီငယ်တို့ ညီမငယ်တို့တတွေဟာ အနာဂါတ်ရဲ့ မျိုးကောင်း မျိုးသန့်လေးတွေပါ ။ မျိုးကောင်း မျိုးသန့်ဆိုတာ အချိန်မတန်ခင် မကြွေရဘူး။ လေဒဏ်၊ မိုးဒဏ်တွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ကြံ့ကြံ့ခံနိုင်ရမယ်။
ရာသီဥတု ဒဏ်ကို မှ မခံနိုင်ပဲ စောစော ကြွေသွားမယ် ဆိုရင် ဘယ်တော့မှ မျိုးကောင်းမျိုးသန့် ဆိုတဲ့ မျိုးစေ့ ဖြစ်မလာပဲ။ မိုးဒဏ် လေဒဏ် တွေရဲ့ကြားထဲမှာ နေရာအနှံ့မျော ပါနေပြီး ဘယ်နေရာမှ အသုံးဝင်မှာ မဟုတ်တော့ပါဘူး။
ကဲ ညီငယ် ညီမငယ်တို့ ဘယ်လို ဖြစ်ချင်ကြသလဲ ဆိုတာ တော့ မိမိဘာသာ စဉ်စားပါ။ စာရိတ္တဆိုတာ တကယ်တော့ အသိပါ။ အသိပေါ်မှာ မူတည်ပြီး ကျင့်ရတာပါ။
သစ်ပင်တစ်ပင်ကို ကြည့်တဲ့အခါ အမြစ်ပိုင်း။ ပင်စည်ပိုင်း။ အကိုင်းအခတ်ပိုင်း ဆိုပြီး သုံးပိုင်း ပါဝင်ပါတယ်။ လူဘဝမှာလည်း ကိုယ်ကျင့်တရားပိုင်း။ အသိပညာပိုင်းနဲ့ အတတ်ပညာပိုင်း။ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာပိုင်း ဆိုပြီး သုံးပိုင်းရှိပါတယ်။
သစ်ပင်တစ်ပင်မှာ အမြစ်ပိုင်းသာ ပျက်စီးသွားမယ်ဆိုရင် ကျန်တဲ့ ပင်စည်ပိုင်းနဲ့ အကိုင်းအခတ်ပိုင်းတို့ဟာ ဘာမျှ သုံးမကျတဲ ထင်းခြောက်တွေပဲ ဖြစ်သွားမှာပါ။ အဲဒီအတိုင်းပဲ လူဘဝမှာလည်း
ကိုယ်ကျင့်တရားပိုင်း ပျက်စီးသွားပါက
ကျန်တဲ့ အသိပညာနှင့် အတတ်ပညာပိုင်း
ရာထုးဂုဏ်သိမ် စည်းစိမ် ဥစ္စာပိုင်းတွေဟာ
အလွန်ကြောက်စရာကောင်းတဲ့
လောကရဲ့ အဆိပ်များသာ ဖြစ်လာတော့မှာ။
ညီငယ် ညီငယ်တို့ လောကရဲ့ အဆိပ်တွေ ဖြစ်ချင်ကြသလား။ စာရေးသူ ဆန္ဒအမှန်ကတော့ အရွယ်မရောက်ခင် မကြွေစေချင်ပါဘူး။ မနွမ်းစေချင်ဘူး။ အရွယ်ရောက်လာတဲ့ အထိ အ ကိုင်းအခတ် အလက်တွေ ဝေဝေဆာဆာ နဲ့ တင့်တင့် တယ်တယ် ဘဝကို မြင်ချင်ပါတယ်။
ကာမ တရားဆိုတာ ခုခေတ် လူငယ် လူရွယ်တွေ ကြားထဲမှာ ခေတ်စားနေပါတယ်။ အဲဒီင်္အတွက်ကြောင့်ပဲ စာရိတ္တ ပိုင်းဆိုင်ရာတွေ ဆိုးရွားစွာ ပျက်ဆီးနေကြတာ။ အားလုံး အသိပါ။
ဒီတော့ နောက်ကာလရဲ့ တန်းဖိုးကြီးတဲ့ ရတနာလေးများ ဖြစ်ကြတဲ့ ညီငယ် ညီမငယ်တို့ မိမိ တို့ရဲ့ အကျင့်သိက္ခာပိုင်းကို ကိုယ်စီကိုယ်ငှ အမြဲတမ်း စောင့်ထိမ်းကာကွယ် သွားကြရမယ်။
မိမိရဲ့ ကိုယ်ပိုင် အသိဥာဏ်လေးတွေနဲ့ စောင့်သိကြမယ်ဆိုရင် ဘယ်လို ဒုက္ခတွေမှ တွေ့လာစရာ အကြောင်းမရှိပါဘူး။ မစောင့်ထိမ်းနိုင်ဘူးဆိုရင် မျိုမိတဲ့ ငါးပမာ ဖြစ်သွားလိမ့်မယ်။
ကာမသုခရဲ့နောက်မှာ လက်စမသတ်နိုင်တဲ့
ကာမ ဒုက္ခတွေ ရှိတယ်။
ငါးစာကိုသာမြင်ပြီး
ငါးမျှားချိတ်ကို မမြင်ဘဲ
ငါးမျှားချိတ်ကို မျိုမိတဲ့ ငါးလို
ဒုက္ခရောက်တတ်တယ်
ညီငယ် ညီမငယ်တို့ သတိထားကြပါ။
ဒါကြောင့် သတိဆိုတာလည်း မမေ့ပါနဲ့။ သတိကို ပညာနဲ့ကြည့်ရမယ်။ သတိ ဟာ ဘဝမှာ အလွန်အရေးကြီးပါတယ်။ သေးနုပ်တဲ့ ကိစ္စပင်ဖြစ်စေ။ သတိလက်လွတ် လုပ်ကိုင်မိရင် ဆိုးကျိုးပေးတက်တယ်။
အချို့ အမှတ်မထင် ခဏလေးမျှ ပြုလိုက်မိသဖြင့် အသက်ကို ထိခိုက်နိုင်ခြင်း။ အရှက်ကို ထိခိုက်နိုင်ခြင်း နဲ့ မိမိကြောင့် အများဒုက္ခရောက်ခြင်းတို့ ဖြစ်နိုင်တယ်။
သတိကို သတိနဲ့ ထိန်းပေးရမယ်။ သတိထားမှ သတိရှိနိုင်မယ်။ သတိ မထားပဲ မေ့မေ့လျော့လျော့ နေထိုင် လုပ်ကိုင် ပြုမှု ဆက်ဆံ ပြောဆိုမယ်ဆိုရင်တော့ တစ်ချိန်မှာ သတိမမှုတဲ့ အပြစ်ကို ပြန်လည် ခံရမှာဖြစ်တယ်။
နှလုံးသားက တောင်းဆိုတိုင်း
ဦးနှောက်က အလိုလိုက်ရင်
ပြင်မရအောင် မှားတက်တယ်။
တစ်ခဏသုခကို သည်းခံလိုက်ပါ
မရေမတွက်နိုင်တဲ့ ဒုက္ခတွေကို
ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
သတ္တဝါတွေ ဒုက္ခရောက်တယ်ဆိုတာ
တစ်ခဏသုခကို သီးမခံနိုင်ကြလို့ပါပဲ။
သင်ဓုန်းဓားသွားပေါ်မှာ ပေကျံနေတဲ့ ပျားရည်ကို
တစ်ခဏ လျှက်မိလိုက်တာနဲ့
တစ်သက်လုံး လျှာပြတ်တဲ့ ဒုက္ခ ရောက်ရသလို
တစ်ခဏသုခကို သည်းမခံနိုင်ရင်
ဒုက္ခကို တစ်သက်လုံး ကျောပိုးထားရမယ်ဆိုတာ
အချိန်မလွန်ခင်
ဆင်ခြင် စဉ်စား သည်းခံလိုက်ပါ။
အောင်၊ နိုင်ရင် အကျိုးရှိ ဆိုတဲ့ စကားကို ရှေးပညာရှိ စာရိတ္တကောင်းခဲ့ကြတဲ့ လူကြီးတွေက အလကားထားခဲ့ ကြတာ မဟုတ်ပါဘူး။
Ability may get you to the top,
but it takes character to keep you there.
ကိုယ်စွမ်း ကိုယ်စက သင့်အား
ထိပ်ဆုံးသို့ ရောက်ရှိစေနိုင်တယ်။
သို့ရာတွင် အကျင့်စာရိတ္တကသာလျှင်
သင့်အား ထိပ်ဆုံး၌ ဆက်လက်တည်မြဲ စေနိုင်ပါသည်။
ကဲ အားလုံးကျမ်းမာချမ်းသာကြပါစေ။
စာဖတ်သူတို့ ရင်ထဲမှာ တစ်ခုခု များကျန်ခဲ့ရင် စာရေးရကျိုးနပ်ပါပြီး။
မောင်ငြိမ်းချမ်းလေး
အညွန်း ခေါင်းစဉ်
ဗဟုသူတဆောင်ပါးများ..

မြန်မာစံတော်ချိန်
.jpg)


Responses
6 Respones to "မိမိကိုယ်ကို မိမိ ချစ်တတ်ပါစေ"
တပည်တော် ကွန်မန့် ပေးမယ်ဆိုလို့ လန့် နေလားအရှင်ဘုရား :) ဘာမှမဟုတ်ပါဘူး ..
အရှင်ဘုရား ပို့ စ် တွေက ကောင်းနေတော့ ပြောဖို့ မရှိဖြစ်နေတာ ...အပေါ်ပိုင်းမှာ စာလုံးပေါင်း တစ်လုံးလောက် မှားနေတယ်ထင်ပါ့ ဘုရား အဟဲ..တပည့်တော်က မြင်လိုက်လို့ ပြောတာနော်ဘုရား ..
ထောက်ပြတာမဟုတ်ပါဘုရား :)...
February 10, 2011 12:15 PM
အော်..
နယ်သား ဒကာရေ စာလုံးပေါင်း မှားလည်း ဘယ်နားက အလုံးပါဘုရား ဆိုပြီး ထောက်ပြသွားရင် ဘုန်းကြီး ရှာရတာ သက်သာ သွားမှာ ဆိုးလို့ ထင်ပါတယ်။ ကျေးဇူးပါ ။ ကျမ်းမာပါစေ
February 10, 2011 12:50 PM
ဘုန်းဘုန်း ကျန်းမာပါစေ...။ အခုလို လမ်းညွှန်ဆုံးမတဲ့အတွက်လဲ လိုက်နာပါ့မယ်ဘုရား။အတတ်နိုင်ဆုံးကြိုးစားပါ့မယ် ဘုရား။ ကျန်းမာပျော်ရွှင်စွာနဲ့ သာသနာ့ဝန်ကို သမ်းပိုးနိုင်ပါစေ။
February 10, 2011 1:24 PM
အရှင်ဘုရား ရေးထားတဲ့ စာပိုဒ်အတို ဒဿန လေးတွေပဲ အလွတ်ကျက်ရင်တောင်
တပည့်တော်တို့ လူငယ်တွေ အနာဂတ်မှာ ကိုယ်ကျင့် သီလ စာရိတ္တ တွေဟာ တနေ့တခြားတောက်ပြောင်လာနိုင်ပါတယ်ဘုရား..ကျေးဇူးကြီးလှပါတယ်ဘုရား... အရှင်ဘုရား လည်း
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့် စုံပါစေဘုရား.. အရှင်ဘုရား၏ တပည့်ကျော် TTaung
:)
February 10, 2011 2:22 PM
တပည့်တော် အားပေး ဖတ်မှတ်ခဲ့ပါတယ် ဘုရား. သုတဖြစ်ရပါတယ် ဘုရား. အမှတ်တရဖြစ်ပါစေ.
February 11, 2011 10:24 PM
အရှင်ဘုရား..
အရှင်ဘုရားရဲ့ သတိပေးဆုံးမစာလေးတွေက တသက်တာသတိထားပြီး ဆင်ခြင်နှလုံးပွား
လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်ဘုရား..။
အရှင်ဘုရားပြောသလိုပါပဲ.. တခဏသုခကို သည်းခံဖို့ ပြင်ဆင်ရင်းနဲ့ မရေမတွက်နိုင်တဲ့ ဒုက္ခကို
ကာကွယ်နိုင်အောင် နေပါ့မယ်ဘုရား.။
တကယ်တော့ တခဏသုခကို သည်းမခံနိုင်လို့ ဒုက္ခတွေနဲ့ တွေ့နေရတာပါဘုရား. အရှင်ဘုရားရဲ့
စာလေးတွေနဲ့ ရှေ့ဆက်ပြီးတော့လည်း သတိနဲ့နေထိုင်တတ်အောင် လမ်းညွှန်ပြသပေးပါဘုရား..
အရှင်..ကျန်းမာစိတ်ချမ်းသာပါစေဘုရား..
ရိုသေလေးစားစွာဖြင့်
သဒ္ဓါ
February 14, 2011 8:36 PM
Post a Comment